backup og meta

မျှဝေပါ။

ကလေး အသားဝါ

ကလေးအသားဝါခြင်းသည် ရောဂါမဟုတ်ဘဲ လက္ခဏာ တစ်ရပ် သာ ဖြစ်ပါသည်။ အသားဝါဟု ဆိုရာတွင် အရေပြားနှင့် မျက်စိ အဖြူသားများ အဝါရောင် သန်းနေခြင်းကို ဆိုပါသည်။ ရောဂါ မဟုတ်ဟု ဆိုထားသော်လည်း သင့်အနေဖြင့် သင့်ကလေး အသားဝါနေပါက သတိထားရန် လိုအပ်ပါမည်။ အများအားဖြင့် အသားဝါခြင်းသည် လသားများတွင် အတွေ့ရများပါသည်။ အန္တရာယ် မရှိတတ်ပါ။ အသားဝါသည် လသားကလေးများတွင် ဖြစ်ရခြင်းသည် ကလေး၏ သွေးထဲတွင် Bilirubin များလာခြင်းကို ဖော်ပြပါသည်။

ကလေး အသားဝါ

ကလေးများတွင် အသားဝါဖြစ်စေသော အကြောင်းရင်းများ

သွေးနီဥလေးများသည် ခန္ဓါကိုယ်တွင်း ပုံမှန်အတိုင်း ပြိုကွဲရာမှ bilirubin ကို ထုတ်လုပ်ပေးပါသည်။ ယင်း Bilirubin ကို အသည်း တွင် ဆက်လက်ချေဖျက်ပါသည်။ သန္ဓေသားဘဝတွင်မူ ယင်းသို့ ချေဖျက်သည့် အလုပ်ကို အမေ၏ အသည်းမှ လုပ်ဆောင်ပေး သော်လည်း မိခင်ဝမ်းမှ ကျွတ်သည်နှင့် မိမိကိုယ်ပိုင် အသည်းမှ ဆောင်ရွက်ရပါသည်။ မွေးကင်းစ ကလေးများ၏ အသည်းသည် ယင်းလုပ်ငန်းကို အပြည့်အ၀ မလုပ်နိုင်သောအခါ ခန္ဓါကိုယ်ထဲ တွင် bilirubin များ စုပုံလာပြီး အသားဝါခြင်း ဖြစ်ပေါ်လာပါသည်။

ကလေးအသားဝါသည် အများအားဖြင့် လမစေ့သော ကလေးများ တွင် ဖြစ်တတ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် လမစေ့ကလေး များတွင် အသည်းကောင်းစွာ မဖွံဖြိုးခြင်း၊ နို့လုံလောက်စွာ မရခြင်း နှင့် နို့ထဲတွင် ကလေးအသားဝါစေသော အရာများပါလာခြင်း စ သည်တို့ကြောင့် ဖြစ်နိုင်ပါသည်။

ကလေးကြီးများတွင်မူ အသားဝါခြင်းသည် ခန္ဓါကိုယ်တွင်းရှိ bilirubin ပမာဏပေါ်တွင် မူတည်နေပါသည်။ ယင်းအရွယ်များ တွင် Bilirubin ပမာဏကို မြင့်တက်စေသော အကြောင်းရင်းများ မှာ အောက်ပါ အတိုင်းဖြစ်ပါသည်။

သည်းခြေပြွန်ရောင်ခြင်း၊ ပိတ်ခြင်း၊ အသည်းရောင်ခြင်း၊ အသည်း ပိုးဝင်ခြင်းကြောင့် Bliirubin ကို ခန္ဓါကိုယ်တွင်းမှ မထုတ်ပယ် နိုင်ခြင်းကြောင့် အသားဝါဖြစ်လာစေသည်။

သွေးနီဥ ပျက်စီးသော သွေးအားနည်းရောဂါကြောင့် သွေးနီဥများ ကို ပြိုကွဲစေပြီး bilirubin ပိုများလာပြီး အသားဝါ ဖြစ်လာစေသည်။

Gilbert’s Syndrome ကြောင့် သည်းခြေရည် မစစ်ထုတ်နိုင်ခြင်း ကြောင့် Bliirubin ကို ခန္ဓါကိုယ်တွင်းမှ မထုတ်ပယ် နိုင်ခြင်း ကြောင့် အသားဝါဖြစ်လာစေသည်။

  • Thalassemia, sickle cell anemia, ငှက်ဖျားရောဂါ, မွေး ရာပါ သွေးနီဥ ကြီးနေသော ရောဂါ၊ အသည်းရောင် အသားဝါရော ဂါ အေ၊ ဘီ၊ စီတို့ကြောင့် သွးနီဥ ပျက်စီးမှု့ များပြားပြီး အသားဝါ ရောဂါ ဖြစ်စေပါသည်။
  • ရောဂါလက္ခဏာများ
  • သိသာထင်ရှားသော လက္ခဏာမှာ အရေပြားများဝါခြင်းနှင့် မျက်စိ အဖြူသားများဝါခြင်း ဖြစ်ပါသည်။ အများအားဖြင့် အသားဝါခြင်း သည် မျက်နှာမှ စတင်ဖြစ်ပေါ်ပြီး ရင်ဘက်၊ ဝမ်းဗိုက်၊ လက်ခြေ စသည်ဖြင့် bilirubin ပမာဏပေါ် မူတည်ပြီး တရစ်ရစ် တိုးသွားပါသည်။
  • ကုသမှု့
  • အသားဝါခြင်းသည် အများအားဖြင့် တစ်ပတ်မှ နှစ်ပတ်အတွင်း ပျောက်ကင်းနိုင်ပြီး အောက်ပါအချက်များကိုလည်း သင့်ဆရာဝန်မှ ညွှန်ကြားပါလိမ့်မည်။
  • နို့များများတိုက်ခြင်း။ မိခင်နို့ပိုသောက်စေခြင်းဖြင့် ဆီးများများ သွားစေကာ bilirubin ဓါတ်များကို ဆီးနှင့်အတူ စွန့်ထုတ်စေပါသည်။

မီးပြခြင်း။ ဆေးရုံတွင် (စိမ်း+ပြာရောင်) မီးချောင်းပြပြီး ဆီးမှတစ် ဆင့် bilirubin ဓါတ်များကို စွန့်ထုတ်စေပါသည်

သွေးလဲကုသခြင်း။ အထက်ဖော်ပြပါ နည်းလမ်းများဖြင့် bilirubin ဓါတ်များကို စွန်ထုတ်ရန် မလုံလောက်ဘဲ အလွန်ပြင်းထန်သော အသားဝါရောဂါတွင် သွေးသွင်းခြင်းဝါ သွေးလဲခြင်းကို အသုံးပြု ကုသပါမည်။ ဤနည်းလမ်းတွင် ကလေး၏ ကိုယ်ထဲမှ သွေး အနည်းငယ်ကို ထုတ်ယူပြီး သွေးလှူရှင် ထံမှ သွေးကို ပြန်အစား ထိုးခြင်းကို ထပ်ခါထပ်ခါ ပြုလုပ်ခြင်း ဖြစ်ပါ သည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချ က်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

08/08/2022

Dr. Ye Mhan Linn မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Ye Mhan Linn မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement