backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Hypothyroidism in Infants, Children, and Teens (ကလေးများတွင်သိုင်းရွိုက်ဟော်မုန်းနည်းခြင်း)


Dr. Thant Zin မှ ရေးသားသည်။ · 06/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Hypothyroidism in Infants, Children, and Teens (ကလေးများတွင်သိုင်းရွိုက်ဟော်မုန်းနည်းခြင်း) ကဘာလဲ။

ကလေးများမှာ သိုင်းရွိုက်ဟော်မုန်းဆိုးဆိုးရွားရွား နည်းခြင်းဟာ ဖွံ့ဖြိုးမှုနှေးကွေးခြင်း၊ ဉာဏ်ရည်ချို့တဲ့ခြင်း၊ ကြီးထွားမှုနှောင့်နှေးခြင်း စတာတွေကို ဖြစ်စေပါတယ်။ မွေးကင်းစမှာ လက္ခဏာတွေ မတွေ့ရသလောက်ပါပဲ။ ဘယ်အရွယ်လောက်မှာ ချို့ယွင်းချက်တွေ စတွေ့လာရမလဲဆိုတာဟာ ကလေးရဲ့ သိုင်းရွိုက်ဂလင်း ဘယ်လောက်ထိ ကောင်းကောင်းလုပ်နိုင်မလဲဆိုတာပေါ် မူတည်ပါတယ်။

Hypothyroidism in Infants, Children, and Teens (ကလေးများတွင်သိုင်းရွိုက်ဟော်မုန်းနည်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ

သိုင်းရွိုက်ဟော်မုန်းနည်းခြင်းဟာ ရှားပါးပါတယ်။ ကလေးများ၊ မွေးကင်းစများ အပါအဝင် အသက်အရွယ်မရွေး ဖြစ်တတ်ပါတယ်။

ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Hypothyroidism in Infants, Children, and Teens (ကလေးများတွင်သိုင်းရွိုက်ဟော်မုန်းနည်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

မွေးကင်းစများ

သိုင်းရွိုက်ဟော်မုန်းနည်းခြင်းဟာ ဘယ်အရွယ်မဆို ဖြစ်တတ်ပေမယ့် လက္ခဏာဟာ ကလေးတွေမှာ ကွာခြားတတ်ပါတယ်။ မွေးကင်းစကလေးတွေမှာ လက္ခဏာတွေဟာ ပထမဆုံးအပတ် (သို့) လမှာပဲ ပေါ်တတ်ပါတယ်။ လက္ခဏာတွေဟာ သိပ်မသိသာတာမို့ မိဘများ၊ ဆရာဝန်များဟာ သတိမထားဘဲ နေတတ်ပါတယ်။

လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • အရေပြားဝါနေပြီး မျက်လုံးဖြူခြင်း
  • ဝမ်းချုပ်ခြင်း
  • နို့ကောင်းကောင်းမစို့ခြင်း
  • အရေပြားအေးခြင်း
  • အငိုနည်းခြင်း
  • အသက်ရှူသံပြင်းခြင်း
  • အအိပ်များခြင်း၊ လှုပ်ရှားမှုနည်းခြင်း
  • ဦးခေါင်းတွင် ပျော့သောနေရာရှိခြင်း
  • လျှာကြီးခြင်း

ကလေးငယ်များ

သိုင်းရွိုက်ဟော်မုန်းနည်းခြင်းရဲ့ ပြသနာများဟာ ကလေးတွေရဲ့ အသက်အရွယ်ပေါ် မူတည်ပါတယ်။ အောက်ပါအချက်တွေ တွေ့နိုင်ပါတယ်။

  • ပုံမှန်ရှိရမယ့်အရပ်ထက်ပုနေခြင်း
  • ပုံမှန်ခြေလက်များထက် တိုနေခြင်း
  • ကြီးသွားများ နောက်ကျမှပေါက်ခြင်း
  • လူပျိုဖော်၊ အပျိုဖော်ဝင်နောက်ကျခြင်း
  • စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနှေးကွေးခြင်း
  • နှလုံးခုန်နှုန်းနှေးခြင်း
  • ဆံပင်များကြွတ်ဆတ်ခြင်း
  • မျက်နှာပြည့်ဖောင်းခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း
  • ဝမ်းချုပ်ခြင်း
  • အသားအရေခြောက်ခြင်း

ဆယ်ကျော်သက်များ

ဆယ်ကျော်သက်များမှာ သိုင်းရွိုက်ဟော်မုန်းနည်းခြင်းဟာ မိန်းကလေးတွေမှာ ပိုပြီးတွေ့ရများပါတယ်။ မိမိကိုယ်ခံအားက ပြန်လည်တိုက်ခိုက်တဲ့ရောဂါ (ဟာရှီမိုတို သိုင်းရွိုက်ရောင်ခြင်း) ကြောင့် အများဆုံး ဖြစ်တတ်ပါတယ်။ ဟာရှီမိုတိုသိုင်းရွိုက်ရောင်ခြင်း၊ ဂရေ့ဗ်ရောဂါ၊ အမျိုးအစား (၁) ဆီးချို စတဲ့ရောဂါတွေနဲ့ ပတ်သက်လို့ မိသားစုရာဇဝင်ရှိခြင်းဟာ သိုင်းရွိုက်ရောဂါကို ဖြစ်နိုင်ခြေ ပိုများစေပါတယ်။ ဒေါင်းရောဂါလက္ခဏာစုလို မျိုးရိုးဗီဇပြသနာတွေကလည်း ဖြစ်စေတတ်ပါတယ်။

ဆယ်ကျော်သက်တွေမှာ ဖြစ်တဲ့ လက္ခဏာတွေဟာ အရွယ်ရောက်ပြီးသူတွေနဲ့ ဆင်တူပါတယ်။ ဒါပေမယ့် လက္ခဉာတွေဟာ မသဲကွဲဘဲ သတိထားမိဖို့ ခဲယဉ်းပါတယ်။ အောက်ပါအချက်တွေ တွေ့နိုင်ပါတယ်။

  • ကိုယ်အလေးချိန်များခြင်း
  • ဖွံ့ဖြိုးမှုနှေးကွေးခြင်း
  • အရပ်ပုခြင်း
  • ရှိရင်းစွဲအသက်ထက် ငယ်နေသလိုထင်ရခြင်း
  • ရင်သားဖွံ့ဖြိုးမှုနှေးကွေးခြင်း
  • ရာသီအလာနောက်ကျခြင်း
  • ဓမ္မတာများခြင်း၊ ပုံမမှန်ခြင်း
  • ယောက်ျားလေးများတွင် ဝှေးစေ့ကြီးခြင်း
  • လူပျိုဖော်ဝင်၊ အပျိုဖော်ဝင်နောက်ကျခြင်း
  • အသားအရေခြောက်သွေ့ခြင်း
  • ဆံပင်၊ လက်သည်းများ ကြွတ်ဆတ်ခြင်း
  • ဝမ်းချုပ်ခြင်း
  • မျက်နှာပြည့်ဖောင်းခြင်း၊ အသံသြခြင်း၊ သိုင်းရွိုက်ဂလင်းကြီးခြင်း
  • ကြွက်သားနှင့်အဆစ်များတောင့်တင်းနာကျင်ခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း
  • မေ့တတ်ခြင်း
  • အမူအကျင့်ပိုင်းများတွင် ပြသနာရှိခြင်း
  • ကျောင်းတွင်းလှုပ်ရှားမှုများတွင် အခက်အခဲဖြစ်ခြင်း
  • စိတ်ဓါတ်ကျခြင်း
  • အာရုံစူးစိုက်ရန် ခက်ခဲခြင်း

အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

မိမိကလေးမှာ အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

အကြောင်းရင်းများ

Hypothyroidism in Infants, Children, and Teens (ကလေးများတွင်သိုင်းရွိုက်ဟော်မုန်းနည်းခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အဖြစ်အများဆုံးအကြောင်းအရင်းကတော့ မိသားစုတွင်းမှာ ဒီရောဂါရဲ့ ရောဂါရာဇဝင်ရှိခြင်းပဲ ဖြစ်ပါတယ်။

တခြားအကြောင်းအရင်းတွေကတော့

  • အစားအသောက်တွင် အိုင်အိုဒင်းဓါတ် မလုံလောက်ခြင်း
  • အလုပ်ကောင်းစွာ မလုပ်သော သိုင်းရွိုက်ဂလင်း၊ သို့မဟုတ် သိုင်းရွိုက်ဂလင်းမပါဘဲ မွေးဖွားလာခြင်း
  • ကိုယ်ဝန်ဆောင်စဉ် မိခင်၏ သိုင်းရွိုက်ရောဂါကို ထိရောက်စွာ မကုသခြင်း
  • ပီကျူထရီဂလင်း ပုံမှန်အလုပ်မလုပ်ခြင်း စတတွေ ဖြစ်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Hypothyroidism in Infants, Children, and Teens (ကလေးများတွင်သိုင်းရွိုက်ဟော်မုန်းနည်းခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အောက်ပါအချက်တွေက မြင့်တက်စေပါတယ်။

  • မိဘဘိုးဘွားများ၊ မွေးချင်းများတွင် သိုင်းရွိုက်ဟော်မုန်းနည်းခြင်း ဖြစ်ဖူးခြင်း
  • ကိုယ်ခံအားနှင့်ပတ်သက်သော ရောဂါများ မိသားစုရာဇဝင်ရှိခြင်း
  • မိမိကိုယ်ခံအားက ပြန်လည်တိုက်ခိုက်သော ရောဂါများ ဥပမာ ဂရေ့ဗ်ရောဂါ၊ ဟာရှီမိုတိုသိုင်းရွိုက်ရောင်ခြင်း စသည်တို့ဖြစ်ပွားခြင်း
  • အရွယ်ရောက်ခါစအချိန်မှာ ပိုဖြစ်တတ်ပါတယ်။ မိန်းကလေးတွေမှာ ပိုဖြစ်တတ်ပါတယ်။

    ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    Hypothyroidism in Infants, Children, and Teens (ကလေးများတွင်သိုင်းရွိုက်ဟော်မုန်းနည်းခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

    ကလေးရဲ့ အသက်အရွယ်နဲ့ တခြားအကြောင်းအရာတွေပေါ် မူတည်ပြီး ဆရာဝန်ဟာ အကောင်းဆုံးနည်းလမ်းကို ဆုံးဖြတ်ပါလိမ့်မယ်။ အများအားဖြင့် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေ၊ ဓါတ်ခွဲစစ်ဆေးမှုတွေနဲ့ ရောဂါရှာဖွေမှု ုလပ်ပါလိမ့်မယ်။ သိုင်းရွိုက်လှုံ့ဆော်သည့် ဟော်မုန်း (TSH)၊ သိုင်ရိုဇင်း (T4) စတဲ့ဟော်မုန်းများအတွက် သွေးစစ်ခြင်းနဲ့ ပုံရိပ်ဖော်စစ်ဆေးခြင်းတွေ ပါဝင်ပါတယ်။ ကလေး ၄၀၀၀လောက်မှာ တယောက်ဟာ မွေးရာပါသိုင်းရွိုက်ဟော်မုန်းနည်းပါးခြင်းကို တွေ့ရတတ်ပါတယ်။

    သိုင်းရွိုက်ဂလင်းကြီးမားခြင်းကလည်း အသက်ရှူရခက်ခြင်းနဲ့ အစာမျိုရခက်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ကလေးလည်ပင်းမှာ ဒီပြသနာရှိမရှိ ကလေးဆရာဝန်က စစ်ဆေးပါလိမ့်မယ်။

    Hypothyroidism in Infants, Children, and Teens (ကလေးများတွင်သိုင်းရွိုက်ဟော်မုန်းနည်းခြင်း) ကို ဘယ်လိုကုသပါသလဲ

    ကွဲပြားတဲ့ ကုသမှုနည်းလမ်းတွေ ရှိပါတယ်။ နေ့စဉ် ဟော်မုန်းနဲ့ ကုသခြင်း (levothyroxine ဆေးဖြင့်) ပါဝင်ပါတယ်။ အရွယ်ပေါ်မူတည်ပြီး သောက်သုံးရမယ့် ပမာဏကို ဆုံးဖြတ်ပါလိမ့်မယ်။

    မွေးကင်းစကလေးတွေအတွက် ကုသမှုကတော့ မွေးခါစ ပထမလမှာ စတင်နိုင်ရင် အကောင်းဆုံးပါပဲ။ အကုသဘဲ ထားလိုက်ရင် သိုင်းရွိုက်ဟော်မုန်းနည်းခြင်းဟာ အာရုံကြောနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာတွေမှာ နှေးကွေးခြင်း ဖြစ်စေပါတယ်။ ဆရာဝန်တွေဟာ ပထမလေးပတ်အတွင်း ပုံမှန်စစ်ဆေးမှာမို့ ဒီပြသနာတွေ မဖြစ်နိုင်ပါဘူး။

    နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

    ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက ကလေးများတွင် သိုင်းရွိုက်ဟော်မုန်းနည်းခြင်း အတွက် အထောက်အကူ ပြုသလဲ

    သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




    Dr. Thant Zin မှ ရေးသားသည်။ · 06/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ad iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    ad iconadvertisement
    ad iconadvertisement