backup og meta

အဓမ္မပြုကျင့်ခံရခြင်းမှ သင့်ကလေးကို ကာကွယ်ပါ

မလိုလားအပ်တဲ့ လိင်ဆက်ဆံမှု သို့မဟုတ် လိင်အကြမ်းဖက်မှု၊ အဓမ္မကျင့်မှုတွေဟာ တစ်ကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာနဲ့ အတော်ကို အရေးကြီးလာပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတိုင်းကလည်း ဒီကိစ္စကြီး မဖြစ်ပွားစေဖို့ ကြိုးစားနေကြတာပါ။ ဒီလူမှုအသိုင်းအဝိုင်းက မိစ္ဆာဆိုးကြီးဟာ ဘယ်အသက်အရွယ်မဆို အမျိုးသားတွေရော၊ အမျိုးသမီးတွေကိုပါ တိုက်ခိုက်နိုင်ပါတယ်။ အထူးသဖြင့်တော့ ငယ်ရွယ်တဲ့ ကလေးတွေမှာ ပိုပြီးအဖြစာများပါတယ်။

မိဘတွေကလည်း ကလေးတွေ အဓမ္မပြုကျင့်မခံရဖို့ ဘယ်လိုကာကွယ်ရမလဲဆိုတာကို သိကိုသိထားသင့်ပြီး ကလေးတွေကိုလည်း မုဆိုးတွေရဲ့ရန်ကို ဘယ်လိုကာကွယ်ရမယ်ဆိုတဲ့ နည်းလမ်းတွေကိုလည်း သင်ကြားပေးထားသင့်ပါတယ်။

လူကြီးအများစုဟာ ကလေးတွေကို လက်တွေ့ဘဝမှာဖြစ်နေတဲ့ ခြောက်ချားဖွယ်ရာ အကြောင်းတွေကို ပြောပြခြင်းက ကလေးတွေရဲ့ ဖြူစင်အပြစ်ကင်းတဲ့ စိတ်ကို ဖျက်ဆီးပစ်နိုင်တယ်လို့ အထင်မှားနေကြပါတယ်။ ဒါပေမဲ့ လက်တွေ့လောကမှာဘာဖြစ်နေတယ်ဆိုတဲ့အကြောင်း သင်ယူလိုက်ရုံနဲ့ လူတစ်ယောက်ရဲ့ အပြစ်ကင်းတဲ့စိတ်က ပျောက်ပျက်မသွားနိုင်ပါဘူး။ ဒီလို ဖြစ်စဉ်ကြီးထဲ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လာရမှာသာ သူတို့ရဲ့ အပြစ်ကင်းစင်မှုက ပျောက်ပျက်သွားနိုင်တာပါ။

လိင်ကိစ္စအကြောင်းတွေကို ကလေးတွေနဲ့ ဘယ်လို ရိုးရိုးသားသားတိုက်ရိုက်ဆွေးနွေးမလဲဆိုတာကို ကျွန်တော်တို့ သင်ယူထားသင့်ပါပြီ။ မှန်ကန်တဲ့ ဗဟုသုတဟာ တကယ်တမ်းမှာလည်း ကလေးတွေရဲ့ ဖြူစင်မှု၊ အပြစ်ကင်းစင်မှုတို့ကို ကယ်တင်နိုင်ပါတယ်။

မုဒိမ်းမှုကိုတော့ ရှားပါးမှုခင်းအဖြစ် ဖော်ပြနေတာမျိုးလည်း မရှိတော့ပါဘူး။ ဒီအမှုအခင်းဟာ နေ့စဉ်နေ့တိုင်း၊ အချိန်တိုင်း၊ မိနစ်တိုင်းမှာ ကျွန်တော်တို့ သိနေတဲ့ ကလေးတွေပေါ်မှာလည်း ဖြစ်ပျက်သွားနိုင်ပါတယ်။ ကျွန်တော်တို့ဟာ ဒါနဲ့ ငါနဲ့မဆိုင်ပါဘူး။ ဘာမှလည်းမပတ်သက်ဘူးဆိုပြီး ဟန်ဆောင်နေလို့ မရတော့ပါဘူး။

ကျွန်တော်တို့ကလေးတွေကို ဘယ်လိုကာကွယ်မယ်ဆိုတာနဲ့ လိင်အကြမ်းဖက်မှုကနေ သူတို့ကိုယ် သူတို့ ဘယ်လိုကာကွယ်ရမယ်ဆိုတဲ့ နည်းလမ်းတွေကို သင်ကြားပေးဖို့ ကျွန်တော်တို့က အရင် သင်ယူလိုက်ကြရအောင်။

မိသားစုထဲမှာ စည်းဘောင်တွေထားပါ။

မိသားစုဝင်အားလုံးမှာ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေပြုလုပ်တဲ့အခါ လျှို့ဝှက်ထားနိုင်တဲ့ ကိုယ်ပိုင်အခွင့်အရေးတွေရှိကြပါတယ်။ ဥပမာ ရေချိုးတာ၊ အဝတ်အစားလဲတာ ဒါမှမဟုတ် အိပ်စက်တာမျိုးမှာပေါ့။ ကလေးကိုလည်း လျှို့ဝှက်ထားရမယ့် ကိုယ်ရေးကိုယ်တာကိစ္စတွေကို နားလည်လေးစားရမယ့်အကြောင်း (privacy respectအကြောင်း) တွေကို သင်ထားပေးပါ။

ငြင်းဆန်ဖို့ သင်ယူပါ။

နမ်းခြင်းနဲ့ ဖက်ခြင်းတွေဟာ လက်ခံယူရတဲ့သူအဖို့ အမြဲတမ်း သက်တောင့်သက်သာရှိနေတာမျိုးမဟုတ်ပါဘူး။ တကယ်လို့များ လူအချို့ရဲ့ အထိအတွေ့တွေ ဥပမာ – နမ်းတာ၊ ဖက်တာနဲ့ စတာ ကလိထိုးတာတွေက သင့်ကလေးအတွက် သက်တောင့်သက်သာဖြစ်မနေဘူးဆိုရင် သူ့ဘက်က လေးစားသမှုနဲ့ ဘယ်လိုငြင်းဆန်ရမယ်ဆိုတာမျိုးကို သင်ယူထားသင့်ပါတယ။်

ဥပမာ- တကယ်လို့များသင်တို့ရဲ့ ကလေးတွေက သူတို့ဦးလေးကို မနမ်းချင်ဘူးဆိုရင် လက်ဆွဲနှုတ်ဆက်လိုက်တာမျိုးကို အစားထိုးဖို့ ပြောနိုင်ပါတယ်။ ဦးလေးတွေအတွက်လည်း ကလေးတွေရဲ့ လုံခြုံမှုက ဘယ်လောက်အရေးကြီးတယ်ဆိုတာကို ပြောပြထားဖို့ လိုအပ်ပါလိမ့်မယ်။ မှန်ကန်တဲ့ အထိအတွေ့နဲ့ မူမမှန်တဲ့အထိအတွေ့တွေကြားက ကွာခြားမှုတွေကို လူကြီးရော၊ ကလေးတွေအတွက်ပါ သေချာရှင်းလင်းနေဖို့ လိုပါတယ်။

တကယ်လို့ တစ်ယောက်ယောက်ကများ ၊ မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေပါအပါအဝင် သူတို့ရဲ့ လျှို့ဝှက်အပ်တဲ့ နေရာတွေကို ထိကိုင်လာမယ်ဆိုရင် သင့်ကိုပြောဖို့သင်ထားပေးတာကလည်း အလွန့်အလွန်ကို အရေးကြီးပါတယ်။

ခန္ဓါကိုယ်အစိတ်အပိုင်း နာမည်တွေကို သင်ယူပါ။

မိဘအများစုက လိင်အင်္ဂါတွေကို မှန်ကန်တဲ့နာမည်သုံးပြီးခေါ်ဖို့ မလိုလားကြပါဘူး။ ဒါပေမဲ့ နှာခေါင်းတွေ၊ မျက်လုံးတွေ ဒါမှမဟုတ် နှုတ်ခမ်းတွေလိုပဲ ကလေးတွေကလည်း သူတို့ရဲ့ ခန္ဓါကိုယ်အကြောင်းပိုပြီးနားလည်စေဖို့ သူတို့လိင်အင်္ဂါတွေရဲ့ နာမည်တွေကိုလည်း သိဖို့လိုအပ်ပါတယ်။ ခန္ဓါကိုယ်အကြောင်း နားလည်ခဲ့ရင် ကလေးတွေက သူတို့သိချင်တဲ့ မသိမဖြစ်မေးခွန်းတွေကို မေးမြန်းလာနိုင်ပါတယ်။ အရေးကြီးတဲ့ အချက် နောက်တစ်ချက်ကတော့ အချို့သူတွေက သူတို့ကို အနိုင်ကျင့်ဖို့ကြိုးစားလာတယ်ဆိုရင်လည်း သူတို့ကသင့်ကို ပြောပြလာနိုင်ပါတယ်။

မုဒိမ်းမှုဟာ လူနှစ်ယောက်ကြားမှာရှိတဲ့ အချစ်တွေ ဒါမှမဟုတ် လိင်စိတ်လိုလားမှုတွေကြောင့်ဖြစ်လာရတာမဟုတ်ပါဘူး။ ဒါဟာ ပြုကျင့်ခံရသူရဲ့ ဘဝကို ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာကိုပါ ဖျက်ဆီးပစ်နိုင်တဲ့ လိင်အကြမ်းဖက်မှုတစ်ခုပါ။ မုဒိန်းသမားတွေဟာ အကြမ်းဖက်မှုတွေ ပြုလုပ်နေတာပါ။ သူတို့တွေဟာ သင့်ကလေးရဲ့ပတ်ဝန်းကျင်က ဘယ်သူမဆိုဖြစ်နိုင်ပါတယ်။

သူစိမ်း၊ အသိ၊ တွေ့ဖူးတဲ့သူ၊ သူငယ်ချင်း ဒါမှမဟုတ် မိသားစုဝင်တစ်ယောက်တောင် ဖြစ်နေနိုင်ပါသေးတယ်။ မိဘတွေ၊ ဆရာသမားတွေနဲ့ တာဝန်ရှိတဲ့ အုပ်ထိန်းသူတွေဟာ ဒီလိုကိစ္စမျိုးအတွက် ပညာပေးကို ပေးထားရမှာပါ။ သူတို့ရဲ့ဘဝမှာ ကြုံရနိုင်တဲ့ မူးယစ်ဆေးတွေ၊ မတော်တဆမှုတွေ၊ အနိုင်ကျင့်မှုတွေ ဒါမှမဟုတ် ဖြစ်နိုင်ချေရှိတဲ့ ကိစ္စတွေအားလုံးအတွက် ကျွန်တော်တို့ ဘယ်လိုဖြေရှင်းတယ်ဆိုတာကို ရှင်းပြထားပါ။

ဘယ်လိုအခြေအနေမျိုးနဲ့ပဲ လိင်အကြမ်းဖက်သည်ဖြစ်စေ၊ ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတယ် မဟုတ်ပါဘူး။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

To protect our children, we must talk to them about rape. https://www.theguardian.com/commentisfree/2013/apr/26/protect-children-talk-rape-desmond-tutu. Accessed December 30, 2016.
Protecting Your Child from a Sexual Predator. http://www.parents.com/kids/safety/stranger-safety/protecting-child-from-sexual-predator/. Accessed December 30, 2016.
Is your child is raped?. http://kidshealth.org/en/parents/rape.html?WT.ac=ctg#. Accessed December 30, 2016.

ယခုပုံစံ

10/08/2022

Wathun Myat Chal မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးအသားအရေ ချွေးမစားစေဖို့ ဘယ်လိုကူညီပေးနိုင်သလဲ              

ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Wathun Myat Chal မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement