ကလေးများသည် အသက် ၂ နှစ်အရွယ်လောက်မှစတင်ပြီး ကိုယ့်သဘောနှင့်ကိုယ်ပြုမူနေထိုင်ရန် ကြိုးပမ်းခြင်းတို့ဖြစ်လာသောအခါ အများစုသောမိဘများသည် ထိုအခြေအနေနှင့် ရင်ဆိုင်လာကြသည်။ ထိုအခြေအနေသည် မိဘနှင့် သားသမီးကြားထဲတွင် အားပြိုင်မှုတခုဖြစ်လာသည်။
ယင်းသို့ဖြစ်ခြင်းသည် မိဘများအတွက်မူ စိန်ခေါ်မှုကြီးတရပ်ဖြစ်နိုင်ပြီး ထိုစိန်ခေါ်မှုသည် သူတို့သားသမီး ကလေးဘဝမှ ဆယ်ကျော်သက်အထိ ရင်ဆိုင်ရတတ်ပါသည်။
ထိုသို့ရုန်းကန်နေရသော ကာလများတွင် မိဘများအနေဖြင့် ကလေးများတွင် ဝင်လာစေမည့် မကောင်းသော အမြင်နှင့် အတွေးအခေါ်များကို ပြောင်းလဲပေးခြင်း၊ ကောင်းသော အပြုအမူများရှိလာအောင်း လေ့ကျင့်ပေးခြင်း စသည်တို့ကို ပြုလုပ်ပေးရပါသည်။
ကလေးငများကို အာဏာသုံးခြင်း ရှောင်ကြဉ်ပါ။
ကလေး၏အပြုအမူများကို မကောင်း ဟုယူဆပြီး သင်သည် အတင်းကာရော ပြုပြင်စေခြင်းကို ပြုမည့်အစား ထိုသို့အမူအရာများပြောင်းလဲလာခြင်းသည် ကလေးများကျန်းမာခြင်း ကြောင့် တိုးတက်မှုဖြစ်စဉ်တခုဖြစ်ခြင်းဟု ခံယူပြီး သူတို့ကို ပြုမူခွင့်ပေးထားလိုက်ပါ။
မိဘများက မိမိဖြစ်စေချင်သော အရာများကို အာဏာသုံပြီး ပြုပြင်ခိုင်းလိုက်လျှင် သူတို့စိတ်ထဲတွင် သူတို့သည် မည်သည့်အရာကိုမှ မစွမ်းဆောင်နိုင်ပါဟု ထင်သွားစေမည်ဖြစ်သည်။ လူတိုင်းသည် အစွမ်းသတ္တိနှင့် ပြည့်စုံချင်ကြသည်ဖြစ်သည်။
မိဘများသည် ကလေးငယ်များကို အထက်ပါအတိုင်းပြုမူလိုက်ခြင်းဖြင့် သူတို့သည် မည်သည့်အရာကိုမှ မစွမ်းဆောင်နိုင်ပါဟု ထင်သွားပြီး အန္တရာယ်နှင့် ကြုံလာလျှင် မတိုက်ခိုက်နိုင်ခြင်း၊ မတုန့်ပြန်ရဲခြင်း၊ ဆုံးဖြတ်ချက်များကို မချနိုင်တော့ခြင်း၊ အခြားသူ၏ထိန်းချုပ်မှုအောက်တွင်နေခြင်း၊ သူတို့သည် အာဏာနှင့် စွမ်းအားများကိုရရှိရန် ပုန်ကန်ခြင်းနှင့် ပျက်စီးရာပျက်စီးကြောင်း အပြုအမူများဖြင့် တိုက်ခိုက်ခြင်း စသည့် ဆိုးကျိုးများစွာဖြစ်လာနိုင်ပါသည်။
အားပြိုင်မှုများကို ဘေးဖယ်ထားလိုက်ပါ။
သင်နှင့် သင့်ကလေးကြားတွင်ဖြစ်နေသော အားပြိုင်မှုကို ကိုင်တွယ်ရမည့် ပထမအဆင့်သည် သူ့ကိုလုပ်ခွင့်ပေးထားခြင်းပင်ဖြစ်သည်။ သို့သော် သင်သည် သင့်ကလေးကို “ငါမင်းကို အတိုက်အခံလုပ်နေတာမဟုတ်ဘူး။ မင်းကို နာကျင်အောင်လည်းမလုပ်သလို အာဏာလည်းမပေးဘူး။ မင်းပြုပြင်လာအောင်လက်မလျှော့ဘဲ ကြိုးစားနေမယ်” ဟုပြောထားသင့်သည်။
ရွေးချယ်ခွင့်ပေးပါ။
ကလေးနှင့် အားပြိုင်ခြင်းကို တစ်ထစ်လျှော့ပြီး ချိန်တွင် သင့်ကလေးကို ရွေးချယ်ခွင့်ပေးလိုက်ပါ။ အမိန့်မပေးမိပါစေနှင့်။ သင်လက်ခံနိုင်သော ရွေးချယ်မှုများကို ကလေးအား ပြုလုပ်စေပါ။ သင့်ကလေးကိုစကားမပြောဘဲ ငြိမ်ငြိမ်ထိုင်နေစေခြင်း၊ စားသောက်ဆိုင်ထဲမှ ထွက်သွားခိုင်ခြင်းတို့မပြုလုပ်မိပါစေနှင့်၊ ကလေးကို ထွက်ပေါက်ပိတ်စေမည့်၊ စဉ်းစားရကျပ်စေမည့် ရွေးချယ်မှုများကို မပြုလုပ်ပါစေနှင့်။ ကလေးများသည် အမြင်တိမ်သောကြောင့် မိဘများအနေနှင့် ဖြစ်နိုင်လျှင် အမြင်ကျယ်ကျယ်ထားကာ ကောင်းမွန်သော နည်းလမ်းများကို ရွေးချယ်နိုင်စေရန် ပြောပြပေးပါ။ ရွေးချယ်မှုများတွင် ပြစ်ဒဏ်ပေးခြင်းတို့မပါမိပါစေနှင့်။
ကလေးများကို လုပ်ပိုင်ခွင့်ပေးလိုက်ပါ။
သင်သည် သင့်ကလေးနှင့်အားပြိုင်ရသော ကိစ္စအခြေအနေများကြုံလာခဲ့လျှင် သင်သည် သင့်ကလေးကို ဘယ်လောက်ထိ လုပ်ပိုင်ခွင့် ပိုပေးနိုင်သေးလဲ စဉ်းစားပါ။
ဥပမာ ပြောရလျှင် မိခင်တယောက်သည် သူ့သားက ကားမောင်းစဉ် ခါးပတ်မပတ်သောကြောင့် သားနှင့် ပြသနာ အမြဲတက်ရသည်။ ထိုအခါ မိခင်သည် သားကို ကားမောင်းစဉ်ခါးပတ် ပတ်ထားခြင်းရှိမရှိကို စစ်ဆေးရသော အလုပ်ကို အမြဲလုပ်စေခြင်းဖြင့် သူသည်လည်း နောက်ဆုံးတွင် ကားမောင်းစဉ်ခါးပတ်ပတ်ခြင်း၏ တန်ဖိုးကို သိနားလည်သွားသည်။
သင်နှင့် သင့်ကလေးကြားတွင် ပြေလည်သော ဆက်ဆံရေးတခုရှိပါစေ။
သင်နှင့် သင့်ကလေးကြားတွင် အဆင်မပြေမှုများအားပြိုင်လာသောအခါ ထိုအကြောင်းအရာကို ဆက်မပြောတော့ဘဲ အာရုံလွှဲသည့်အနေဖြင့် အပြင်မှာ တခုခုထွက်စားခြင်းပြုလုပ်ခြင်းတို့ပြုလုပ်ပါ။ ထိုသို့ပြုခြင်းဖြင့် သင့်ကလေး၏ မကောင်းသော အပြုအမူများကို အားပေးအားမြှောက်ပြုခြင်းမဟုတ်ပါ။
သင်နှင့် သင့်ကလေးများကြားတွင် ဆက်ဆံရန်မပျက်ပြားစေရန် ပြုလုပ်ခြင်းသာဖြစ်သည်။
နှစ်ဦးနှစ်ဖက်အကျိုးရှိစေမည့် သဘောတူညီမှုကိုရယူပါ။
အာဏာသုံးခြင်းသည် တဖက်က အနိုင်ယူပြီး တဖက်ကရှုံးနိမ့်သည့်သဘောဖြစ်သည်။ နှစ်ဦးနှစ်ဖက်အကျိုးရှိစေမည့် သဘောတူညီမှုဆိုသည်မှာ အချင်းချင်းပြေလည်အောင်ညှိနှိုင်းခြင်းပင်ဖြစ်သည်။ မိဘများအနေဖြင့်ကလေးများ တောင်းဆိုတာကို ကူညီလိုက်လျောပေးနိုင်ပါသည်။
ထို့ပြင် သင့်ကလေးအား သင်လိုက်လျောပေးသလို သင့်ကိုလည်းလိုက်လျောပေးရန် သဘောတူညီမှု တော့ယူသင့်ပါသည်။
မကြိုက်မနှစ်သက်သောအရာများကို ရိုသေစွာငြင်းပယ်တတ်ပါစေ။
မိဘများအနေဖြင့် ကလေးများသည် မိဘများကိုငြင်းခွင့် မေးခွန်းပြန်မေးပိုင်ခွင့်မရှိဟု ယူဆထားကောင်းယူဆထားကြပါလိမ့်မည်။ ကလေးများအနေဖြင့် သူတို့မကြိုက်သည့်အရာများကို သဘောထားကွဲလွဲခွင့်ရှိသည်။ သို့သော်မလေးမစားပြုမူခြင်းမျိုးမရှိသင့်ပါ။
သင့်ကလေးကို သဘောထားတိုက်ဆိုင်မှုမရှိလျှင် ယဉ်ကျေးစွာ ငြင်းပယ်တတ်စေရန် သင်ပေးထားသင့်သည်။ သင့်ကလေးသည် ပတ်ဝန်းကျင်မှပေးလာသော ဖိအားများနှင့် မသင့်တော်သော အခြေအနေများကို ငြင်းပယ်နိုင်စွမ်းများရှိရန် သင်မျှော်လင့်နေမည်ဖြစ်သည်။
မိမိကိုယ်ကို စွမ်းဆောင်နိုင်စွမ်းမရှိဟုထင်နေသော ကလေးများသည် တုန့်ပြန်မှု လွန်ကဲတတ်ကြသည်။
အာဏာသုံးခံရသော ကလေးများ သို့မဟုတ် မိမိကိုယ်ကို စွမ်းဆောင်နိုင်စွမ်းမရှိဟုထင်နေသော ကလေးများသည် တုန့်ပြန်ခြင်း၊ကလဲ့စားချေခြင်းဖြင့် သူတို့၏ လုပ်နိုင်စွမ်းကို ပြသလေ့ရှိကြသည်။ သူတို့သည် သူတို့နာကျင်ခံစားရသလို သူများကို နာကျင်အောင်ပြုမူခြင်း၊ နှင့် မရသည့်အဆုံး သူတို့ကိုယ်သူတို့နာကျင်အောင်လုပ်ခြင်းတို့အထိဖြစ်သွားတတ်ကြသည်။
အသက် ၂ နှစ် ၃နှစ်အရွယ်ကလေးများတွင်မူ ပြန်ပြောခြင်း၊ အစားအစာများကို လွှင့်ပစ်ခြင်း စသည့်နည်းများဖြင့် တုန့်ပြန်တတ်ကြပြီး မူးယစ်ဆေးသုံးခြင်း၊ အရက်သောက်ခြင်း၊ ကိုယ်ဝန်ဖျက်ချခြင်း၊ မိမိကိုယ်ကို သေကြောင်းကြံခြင်းစသည့် တုန့်ပြန်မှုများသည် အသက် ၁၆/ ၁၇ နစ်အရွယ်များလုပ်လေ့ရှိသောအရာများဖြစ်သည်။
[embed-health-tool-vaccination-tool]