backup og meta

ကလေးများ အကြားအာရုံချို့ယွင်းခြင်း

ကလေးတွေမှာ အကြားအာရုံ ချို့ယွင်းခြင်းဟာ ငယ်စဉ်ကာလမှာကတည်းက တွေ့ရတတ်ပါတယ်။ ဒါကြောင့် အကြားအာရုံ ချို့ယွင်းခြင်းကို မြန်နိုင်သမျှမြန်အောင် ကုသပေးဖို့ အရေးကြီးလှပါတယ်။ ဆေးဝါးကုသရင် တခြားကလေးတွေလိုပဲ ကြီးပြင်းလာနိုင်ပါတယ်။

ကလေးတွေမှာ ဘာကြောင့် အကြားအာရုံ ချို့ယွင်းကြသလဲ

အဓိကပြသနာတွေကတော့

  • နားအတွင်း ပိုးဝင်ရောင်ရမ်းခြင်း။ ကလေးတွေမှာ တွေ့ရတတ်တဲ့ နားပိုးဝင်ခြင်း ဖြစ်ပါတယ်။ နားအလယ်ပိုင်းနဲ့ နှာခေါင်းကို ဆက်ထားတဲ့ ပြွန်လေးမှာ အရည်တွေ ပြည့်လာရင် ဖြစ်တတ်ပါတယ်။ ရောဂါပိုးဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ အရည်များစုခြင်းဟာ ကလေးများရဲ့ အကြားအာရုံကို အနှောက်အယှက်ပေးပါတယ်။
  • မွေးရာပါပြသနာများ။ တချို့ကလေးများဟာ မွေးကတည်းက အကြားအာရုံနဲ့ ပတ်သက်တဲ့ ပြသနာတွေ ရှိနေတတ်ပါတယ်။ မျိုးရိုးဗီဇကြောင့်လည်း ဖြစ်တတ်ပါတယ်။ တခါတရံ ကလေးများ အကြားအာရုံပြသနာ ရှိခြင်းဟာ မိခင်များမှာ ဆီးချို၊ ကိုယ်ဝန်ဆောင်ကာလ သွေးတိုးခြင်း စတဲ့ရောဂါတွေ ရှိနေတာကြောင့် ဖြစ်တတ်ပါတယ်။ လမစေ့မီ မွေးဖွားခြင်းကလည်း ကလေးများ အကြားအာရုံ ချို့ယွင်းခြင်း ဖြစ်နိုင်ခြေ ရှိပါတယ်။
  • ရောဂါများ၊ ထိခိုက်မှုများ။ တချို့ရောဂါများဟာ ကလေးရဲ့ အကြားအာရုံကို ထိခိုက်မှု ဖြစ်စေပါတယ်။ ဦးနှောက်အမြှေးရောင်ခြင်း၊ ဦးနှောက်ရောင်ရမ်းခြင်း၊ ဝက်သက်၊ ကျောက်ရောဂါ၊ တုပ်ကွေး စတဲ့ရောဂါများ ဖြစ်ပါတယ်။ ဒါ့အပြင် ဦးခေါင်း ထိခိုက်မိခြင်း၊ အသံများ ဆူညံခြင်းနဲ့ တခြား ကျန်းမာရေး ပြသနာများ အဓိက ပါဝင်ပါတယ်။

ကလေးမှာ အကြားအာရုံပြသနာရှိတာ ဘယ်လိုသိနိုင်လဲ

မွေးကာစမှာ မသိရင် နောက်ပိုင်းမှာ အောက်ပါ ပြသနာတွေကတဆင့် သိရှိနိုင်ပါတယ်။

  • ကျယ်သောအသံကို တုံ့ပြန်မှုမရှိခြင်း
  • သင့်အသံကို မတုံ့ပြန်ခြင်း
  • တဖြည်းဖြည်းတိုးသွားသော အသံရိုးရိုးများသာ ပြုခြင်း

ကလေးမှာ နားတွင်းပိုးဝင်ရောင်ရမ်းခြင်းရှိရင် အောက်ပါ လက္ခဏာတွေ ပြပါတယ်။

  • နားများကို ပွတ်ခြင်း
  • ကသိကအောက်ဖြစ်ခြင်း
  • အာရုံစူးစိုက်၇ခက်ခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း
  • လမ်းညွှန်မှုများကို နားလည်ရန် ခက်ခဲခြင်း
  • တီဗီသံအား မြှင့်တင်ခိုင်းနေတတ်ခြင်း
  • အဖျားရှိခြင်း၊ နားကိုက်ခြင်း

အကြားအာရုံချို့ယွင်းခြင်းကို ဘယ်လိုကုသနိုင်မလဲ

ကလေးငယ်များဟာ အစောပိုင်းကာလမှာ ကတည်းက စကားသင်ဖို့ စတင်တတ်ကြတာမို့ နားမကြားရခြင်းဟာ ပြသနာကြီးတခု ဖြစ်ပါတယ်။ အချိန်မီ ကုသခြင်းအားဖြင့် ဒီပြသနာကို ရှောင်ရှား နိုင်ပါတယ်။ နားမကြားရမှု အကြောင်းအရင်းများပေါ် မူတည်ပြီး ဆရာဝန်ဟာ အသင့်တော်ဆုံး ကုသမှု ပေးပါလိမ့်မယ်။ ဖြစ်နိုင်ခြေ ကုသမှုတွေကတော့

  • စောင့်ဆိုင်းခြင်း။ တခါတရံမှာ သူတို့ဖာသာ ပျောက်ကင်းသွားတာမို့ စောင့်ကြည့်နိုင်ပါတယ်။
  • ပိုးဝင်သော အခြေအနေတွင် ပိုးသတ်ဆေးများ ပေးခြင်း
  • နားတွင်ပြွန်ထည့်ခြင်း။ ပိုးဝင်ခြင်းကြောင့် နားထဲမှာ အရည်များစုရင် စီးထွက်နိုင်အောင် ပြွန်ထည့်ပေးနိုင်ပါတယ်။
  • နားကြားကိရိယာတပ်ခြင်း။ ငယ်စဉ်ကတည်းက တပ်ဆင်နိုင်ပါတယ်။
  • ထည့်သွင်းအကူပစ္စည်းကို နားအတွင်းပိုင်းမှာ တပ်ဆင်နိုင်ပါတယ်။ နားကြားကိရိယာများနဲ့ မတတ်နိုင်တဲ့ ဆိုးဆိုးရွားရွား နားမကြားသူ ကလေးများမှာ ထည့်သွင်းအကူပစ္စည်း တပ်ဆင်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Reference:
Help for Parents of Children With Hearing Loss. http://www.webmd.com/parenting/help-for-parents-hearing-impaired-children Accessed April 9, 2017

ယခုပုံစံ

10/08/2022

Dr. Thant Zin မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အကြားအာရုံကောင်းဖို့ ဘာတွေစားမလဲ

အကြားအာရုံကောင်းစေဖို့ လုပ်ဆောင်ပေးသင့်တာအချို့


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thant Zin မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement