brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ခြေလက်ပါးစပ်ရောဂါများကို သင့်ကလေးအနေနဲ့ စီမံနိုင်မည့်နည်းလမ်းများ

ခြေလက်နှင့် ပါးစပ်ရောဂါများ(HFMD) သည် ကောက်ဇကီးဗိုင်းရပ်စ်နှင့် အန်တရိုဗိုင်းရပ်စ်များကြောင့်ဖြစ်သော ကူးစက်ရောဂါများ ဖြစ်ပါသည်။ အသက်အရွယ်အမျိုးမျိုးတွင် ဖြစ်ပွားနိုင်ပြီး အထူးသဖြင့် မွေးကင်းစများနှင့် အသက်ငါးနှစ်အောက် ကလေးများတွင် ဖြစ်ပွားနိုင်ပါသည်။

ခြေလက်ပါးစပ်ရောဂါများကို သင့်ကလေးအနေနဲ့ စီမံနိုင်မည့်နည်းလမ်းများ

ခြေလက်နှင့် ပါးစပ်ရောဂါများကိုကုသရန် တိကျသည့်ကုသမှုမရှိပါ။ မိဘများမှ ကလေးများရောဂါပိုးမကူးစေရန် တစ်ကိုယ်ရေသန့်ရှင်းပေးခြင်းနှင့် သန့်ရှင်းစွာနေတတ်ရန် သင်ကြာပေးရပါမည်။

HFMD က ဘယ်လိုပျံ့နှံ့သလဲ။

HFMD သည် လူတစ်ဦးမှတစ်ဦးသို့ နှာရည်များ၊ တံတွေးများနှင့် ရောဂါဖြစ်နေသောလူ၏ အဖုအပိန့်များမှ ထွက်သောအရည်များ စသည်တို့နှင့် တိုက်ရိုက်ထိတွေ့မိခြင်းမှ ကူးစက်ပါသည်။

HFMD ဖြစ်စေသော ဗိုင်းရပ်စ်များသည် အသက်ရှုလမ်းကြောင်းနှင့် အစာချေလမ်းကြောင်းတွင် လက္ခဏာများ ပျောက်သွားပြီးနောက် ရက်သတ္တပတ်ပေါင်း များစွာကြာသည့်တိုင် အသက်ရှင်နိုင်ပါသည်။

ထို့ကြောင့် လက္ခဏာမပြသည့်လူမှ တခြား ကိုယ်ခံအားနည်းသော မွေးကင်းစများနှင့် ကလေးများဆီ ကူးစက်ခြင်း ဖြစ်နိုင်ပါသည်။ ကာကွယ်ဆေးရော တိကျသည့်ကုထုံးပါ HFMD အတွက် မရှိပါ။

HFMD ကိုဘယ်လိုကာကွယ်နိုင်မလဲ။

HFMD ကိုဆန့်ကျင်နိုင်မည့် အကောင်းဆုံးသော ကာကွယ်မှုသည် တစ်ကိုယ်ရေသန့်ရှင်းခြင်းဖြစ်သည်။ ကလေးများအား လက်ကို ဆပ်ပြာနှင့် ရေနွေးနှင့် ဆေးပုံဆေးနည်း သင်ကြားခြင်းဖြင့် ဗိုင်းရပ်စ်ပိုးနှင့် ထိတွေ့နိုင်ချေ အတော်လေးနည်းပါးသွားပါလိမ့်မည်။

အိမ်သာတက်ပြီးနောက်နှင့် ထမင်းမစားခင် လက်ဆေးရန်လည်း သင်ကြားပေးရမည်။ ထို့အပြင် မိဘများသည် ကလေးများ သူ့လက်သူ ပါးစပ်ထဲထည့်ခြင်း သို့မဟုတ် ပါးစပ်နားပွတ်ခြင်းများကို သတိထားပြီး တားမြစ်ပါ။

ကလေးများ၏ ပါတ်ဝန်းကျင်ကို သန့်ရှင်းနေအောင် မိဘများက ပြုလုပ်ပေးရပါမည်။ ကလေးအရုပ်များကို ရေနှင့်ဆပ်ပြာနှင့်လျှော်ခြင်း အိမ်ရှိပစ္စည်များကို သန့်ရှင်းရေးလုပ်ခြင်းများကို ပြုလုပ်ပါ။

HFMD ဖြစ်ကြောင်း အတည်ပြုပြီးလျှင် ဘာလုပ်ရမလဲ။

မိဘများသည် ကလေး၌ ဖျားနာခြင်း လည်ချောင်းနာခြင်းလို လက္ခဏာများ သတိပြုမိလျှင် ကျောင်းနှင့် လူများသည့်နေရာများနှင့်ဝေးရာတွင် ထားပါ။ ကလေးကိုပြုစုစဉ် တခြားမိသားစုဝင်များတွင်လည်း လက္ခဏာများ ရှိမရှိသတိပြုပါ။

ချောင်းဆိုးလျှင် နှာချေလျှင် လက်ကိုင်ပုဝါနှင့် ပါးစပ်နှင့် နှာခေါင်းကိုအုပ်ရန် သင်ပေးပါ။ အစားအသောက်များကို တခြားသူများကို မကျွေးပါစေနှင့်။

ရောဂါကုသပြီးနောက် မှတ်စုများလုပ်ထားပါ။ ခြေလက်နှင့် ပါးစပ်ရောဂါများဖြစ်စေတတ်သော ဗိုင်းရပ်စ်ပိုးများသည် တစ်မျိုးကူးစက်ခံရပြီးနောက် နောက်တစ်ခါထပ်မကူးတတ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် တစ်ကိုယ်ရေသန့်ရှင်းမှုသည် အမြဲတမ်းပင် အရေးကြီးပါသည်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Hlaing Min Ko Ko မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/08/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။