လူကြီးတွေလို ရောဂါလက္ခဏာ တိတိကျကျ မပြောပြတတ်တဲ့ ကလေးတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ရင် သူတို့ရဲ့ အပြုအမူနဲ့ ပြင်ပလက္ခဏာလေးတွေကို အမြဲသတိထားမိဖို့ အရေးကြီးပါတယ်။ ကလေးက အစာမစားချင်ဘူးဘဲ ပြောနေပြီ ဆိုရင် ကလေးမှာ အစာမကြေတာများ ဖြစ်နေလားလို့ စတင် သံသယ ရှိသင့်ပါပြီ။ အစာမကြေတာက ဝမ်းချုပ်တာ လိုပဲ ကလေးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေး ကိစ္စ တစ်ခုပါ။ လူကြီးတွေမှာ လိုပဲ ကလေးတွေမှာလည်း ဖြစ်နိုင်ခြေများပါတယ်။ ကလေး အစာမကြေဖြစ်နေလား ဘယ်လိုသိနိုင်မလဲ ..ဘယ်လိုကာကွယ်ကြမလဲ ……
 
 
 အစာမကြေတာက ကြီးကြီးမားမား ကျန်းမာရေး ပြဿနာလို့ မဆိုသာပေမယ့် သေချာလေး ဂရုစိုက် စောင့်ရှောက်ဖို့တော့ လိုပါတယ်။ အစာမကြေခြင်းက နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်လာစေနိုင်သလို သားသားမီးမီးတို့ရဲ့ ပျော်ရွှင်စရာ အချိန်လေးတွေကို ထိခိုက်စေနိုင်လို့ပါ။
      ကလေးက အစာမကြေဖြစ်နေတာလား
  ကလေး အစာမကြေဖြစ်နေလား ဘယ်လိုသိနိုင်မလဲ။ ကလေးက အစာမကြေဖြစ်နေတဲ့အခါ
  - လေပွမယ်
  - မကြာခဏ လေတက်နေမယ်
  - စားချဉ့်ရည်(အစာခြေရည်) ပြန်ဆန်တက်မယ်
  - မအီမသာဖြစ်မယ်
  - အော့အန်မယ်
  - အစားမစားဘဲ နေမယ် စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
  
    ဘာတွေက ကလေးကို အစာမကြေဖြစ်စေတာလဲ။
  စားလိုက်တဲ့ အစားအသောက်တွေကြောင့် အစာမကြေဖြစ်နိုင်သလို အချို့သော အခြေအနေတွေကြောင့်လည်း အစာမကြေဖြစ်နိုင်ပါတယ်။
    - အစား အများကြီးစားတာ
  - အစားကို မြန်မြန်စားလိုက်တာ
  - အပူအစပ်တွေ စားတာ
  - အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားတွေ အစားများလွန်းတာ
  - အဆီများတာတွေ စားမိတာ
  - အစာကြေခဲတာတွေ စားတာ
  - ညဘက်နောက်ကျမှ အစားစားတာ
  - ကဖင်းပါတာတွေ သောက်တာ
  - အချိုရည်တွေ သောက်တာ
  - ကောင်းကောင်းမအိပ်တာ
  - ချောကလက် အစားများတာ
  - သံဓာတ် အားဖြည့်ဆေးအပါအဝင် ဆေးဝါးတွေ သောက်သုံးရတာ
  - စိတ်ဖိစီးနေတာ
  - တဆင့်ခံ ဆေးလိပ်ငွေ့တို့ကြောင့် ကလေးတွေမှာ အစာမကြေတာ ဖြစ်နိုင်ပါတယ်။
  
    ကလေးကို အစာမကြေမှု ကင်းဝေးစေဖို့
  ကလေးက အစာမကြေဖြစ်တတ်တယ်ဆိုရင် အစားအသောက်၊ အနေအထိုင် သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။ ဒါကြောင့် ကလေးကို
    အဆီများတဲ့ အစားအစာတွေက ကလေးကို အစာမကြေ ဖြစ်စေနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသီးအရွက်၊ သစ်သီး၊ အိမ်ချက်အစားအစာတွေ၊ အာဟာရဖြည့်နို့ စတာတွေ ကျွေးပေးပါ။
  ချောကလက်၊ သကြားလုံးတွေက ကလေးတွေ သည်းခြေကြိုက်ဆိုပေမယ့် အစာမကြေဖြစ်စေနိုင်တာကြောင့် ကလေးကိုလည်း သူနေမကောင်းဖြစ်နိုင်လို့ မစားခိုင်းတာဆိုတာကို နားလည်အောင်ရှင်းပြပါ။ အလိုလိုက်ပြီး ပိုမကျွေးမိအောင်လည်း သတိထားပါ။
  - ကလေးကို ဖြည်းဖြည်း စားတတ်အောင် သင်ပေးပါ
  
 အစာမြန်မြန်စားတာက အစာမကြေဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အစာစားတဲ့အခါ ဖြည်းဖြည်းမှန်မှန်နဲ့ သေချာ ကြေညက်အောင်ဝါးစားတတ်ဖို့ အလေ့အကျင့် လုပ်ပေးပါ။
    ကလေးဆိုပေမယ့် လူကြီးတွေလိုပဲ စိတ်ဖိစီးမှု ရှိနိုင်ပါတယ်။ စိတ်ဖိစီးမှုကလည်း ကလေးကို အစာမကြေ ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတစ်ခု ဖြစ်တာကြောင့် ကလေးကို စိတ်ဖိစီးမှု ကင်းအောင် ဂရုစိုက်ပါ။ ကလေးကို အနိုင်ကျင့်တာတွေ၊ ဖိအားပေးတာတွေ၊ ကလေးရှေ့မှာ ရန်ဖြစ်တာတွေကို ရှောင်ပါ။
  - အစာစားပြီးပြီးချင်း ပြေးလွှားဆော့တာမျိုး မလုပ်စေဖို့ သတိပြုပါ
  
 အစားစားပြီးပြီးချင်းမှာ ပြေးတာ၊ ခုန်ပေါက်ဆော့တာက ကလေးကို အစာမကြေဖြစ်စေနိုင်ပါတယ်။ အစာစားပြီး အနည်းဆုံး တစ်နာရီကြာမှ ပြေးလွှား လှုပ်ရှားလုပ်သင့်ပါတယ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင် အစာမကြေတာမျိုး ဖြစ်စေနိုင်ပါတယ်။
 ဒါကြောင့် ကလေးကို အစာစားပြီးပြီးချင်း ပြေးလွှားဆော့တာမျိုး မလုပ်မိအောင် ဂရုစိုက်ပေးပါ။
  - အစာခြေစနစ်အတွက် အထောက်အကူဖြစ်စေမဲ့ အစားအသောက်တွေ ပိုကျွေးပါ
  
 ကလေးရဲ့ နေ့စဉ်အစားအသောက်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းအတွက် အထောက်အကူဖြစ်စေမဲ့ Prebiotics ပါတဲ့ နို့တွေ၊ အစားအသောက်တွေ (ဥပမာ – ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငှက်ပျောသီး၊ ကညွတ်၊ အုတ်ဂျုံ၊ ပန်းသီး၊ ရေညှိ စသည်တို့) ပါဝင်အောင် ကျွေးမွေးပါ။
 ဒီအချက်လေးတွေ သေချာဂရုစိုက်လိုက်နာပေးရင်တော့  ကလေးအစာမကြေခြင်း ပြဿနာကို အမြန်ဆုံးသိရှိပြီး အလွယ်ကူဆုံး ဖြေရှင်းနိုင်ပါလိမ့်မယ်နော်…။
   [embed-health-tool-vaccination-tool]