backup og meta

သင့်ကလေး ဝမ်းပျက်ဝမ်းလျှော ဖြစ်သောအခါ

သင့်ကလေး ဝမ်းပျက်ဝမ်းလျှော ဖြစ်သောအခါ

ကလေးတိုင်းလိုလို ဝမ်းလျှောနိုင်ပါတယ်။ ယင်းရောဂါဟာ အဖြစ်များပြီး အိမ်မှာပဲကုပြီး ပျောက်သွားတာ များပါတယ်။ နည်းမှန်လမ်းမှန် မကုသပါက ဝမ်းလျှောတယ်ဆိုတာ ကလေးရဲ့ကျန်းမာရေးကို ဆိုးဝါးစွာထိခိုက် နိုင်ပါတယ်။

ကလေး ဝမ်းလျှောစေတဲ့ အရာများ

ဝမ်းလျှောခြင်းဆိုတာ ဝမ်းအရည်များသွားခြင်းကို ခေါ်ပါတယ်။ ညစ်ပတ်သော အစားအစာများ စားခြင်း ၊ ညစ်ပတ်သော သောက်ရေများ သောက်သုံးခြင်းနှင့် ဝမ်းရောဂါဖြစ်နေတဲ့ လူတွေရဲ့ အညစ်အကြေးနဲ့ ထိတွေ့တဲ့အခါမှာ ဝမ်းရောဂါဖြစ်ပွားနိုင်ပါတယ်။ ကလေးတွေမှာ ဝမ်းရောဂါအများဆုံးဖြစ်စေတဲ့ အရာတွေကတော့ ဗိုင်းရပ်များ ၊ ဘက်တီးရီးယားများ၊ ကပ်ပါးကောင်များ ၊ အစားဓါတ်မတည့်ခြင်းများနဲ့ အစာအဆိပ်သင့်ခြင်းများစသည်တို့ ဖြစ်ပါတယ်။

ကလေးတွေ ဝမ်းလျှောခြင်းရဲ့ အကျိုးဆက်များ

နာတာရှည်ဝမ်းရောဂါဟာ မကြာခဏ အပြင်းအထန်ဝမ်းလျှောခြင်းနဲ့ စတင်ပါတယ်။ အကျိုးဆက်ကတော့ အလွန်အာဟာရ ချို့တဲ့သွားခြင်းပါပဲ။ ယင်းရောဂါရဲ့ အန္တရာယ်ဖြစ်စေတဲ့ အရာကတော့ရေဓါတ်ခန်းခြောက် ခြင်းပါပဲ။ ဒါကြောင့် သင့်ကလေး ဝမ်းရောဂါဖြစ်ပါက ဓါတ်ဆားရည် တိုက်ပေးပါ။ Probiotics (ကောင်းကျိုးပြုအူလမ်းကြောင်းပိုးမွှားများ ပြန်လည်မွေးမြူပေးသော ဆေးဝါး) တိုက်ပေးကာ အူလမ်းကြောင်းရှိအကျိုးပြုပေးတဲ့ ပိုးမွှားတွေကို ထိန်းသိမ်းပေးပါ။ ဝမ်းရောဂါကို မှန်မှန်ကန်ကန် မကုသပါက အစာအိမ်နဲ့အူလမ်းကြောင်းတွင် ချို့ယွင်းချက်တွေဖြစ်စေပါလိမ့်မယ်။ ယင်းအခြေအနေကနေ အာဟာရချို့တဲ့ခြင်း ကိုယ်ခံအားကျဆင်းခြင်းနဲ့ သေတဲ့အထိတောင် ဖြစ်စေနိုင်ပါတယ်။

ကုသခြင်းများ

ဝမ်းရောဂါကုသခြင်းမှာ အာဟာရပြည့်ဝခြင်းက အရေးကြီးတဲ့ နေရာမှာ ပါဝင်နေပါတယ်။ အစာကောင်းကောင်းစားခြင်းက အစာခြေစနစ်ကောင်းမွန်အောင်၊ ဝမ်းလျှောခြင်းကာလကို နည်းစေအောင်၊ ကလေးရဲ့ အာဟာရ ပြည့်ဝအောင် ကူညီပေးပါလိမ့်မယ်။ သင့်ကလေးကို အစာကြေလွယ်တဲ့ အသားဆန်ပြုတ်၊ ကြက်သားမုန်လာဥဟင်းနှင့် အာလူးဟင်းတို့ကို ဆက်ကျွေးဖို့လိုပါတယ်။ ဒိန်ချဉ်ကဲ့သို့သော Probiotic ဆေးဝါး တို့ကိုကျွေးသင့်ပါတယ်။ Probiotic တွေက အူတွင်းကောင်းကျိုးပြုတဲ့ ပိုးကောင်းလေးတွေကို ထောက်ပံ့ပေးပါတယ်။ အဲဒီပိုမွှားလေးတွေက ကောင်းကျိုးအများကြီးပေးပါတယ်။ အဲဒါတွေကတော့ အစာအိမ်နဲ့အူလမ်းကြောင်းရဲ့ ခုခံအားကိုတိုးမြှင့်ပေးခြင်း၊ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ ကပ်းပါးကောင်ကဲ့သို့သော ရောဂါပိုးမွှားများကို ကူညီတိုက်ခိုက်ပေးခြင်းတို့ ဖြစ်ပါတယ်။

သင့်ကလေးသည်

• ၂ ရက်ထက်ပိုပြီး ဝမ်းလျှောနေခြင်း

• ရေဓါတ်ခန်းခြောက်သည့်ပုံ ပေါက်နေခြင်း

• သွေးဝမ်းသွားနေခြင်း

• ပျို့အန်ကာ ကောင်းကောင်း မစားနိုင်၊မသောက်နိုင်ခြင်း

• အဖျားကြီးခြင်း

စသည်တို့ဖြစ်ပါက ဆရာဝန်ကို ချက်ချင်းပြပေးပါ။ ဝမ်းပျက်ဝမ်းလျှောခြင်းကို ထိန်းချုပ်ဖို့ ကလေးရဲ့စားသောက်ပုံကို သေချာဂရုစိုက်ပေးရပါမယ်။ သန့်ရှင်းပြီးချက်ပြုတ်ထားတဲ့ အစားအစာ များစားပါ။ လမ်းဘေးစာများ မစားပါနှင့်။၊ ရေကောင်းရေသန့်သောက်ပေးပါ။ အစာမစားခင်လက်ကို သေချာဆေးပေးပါ။

မလိုအပ်တဲ့အမှားတွေမဖြစ်စေဖို့ မိခင်တွေဟာ ဝမ်းပျက်ဝမ်းလျှောရောဂါရဲ့လက္ခဏာတွေသိဖို့နဲ့ ယင်းရောဂါကို မှန်မှန်ကန်ကန်နဲ့မြန်မြန်ဆန်ဆန် ဘယ်လိုရင်ဆိုင်ရမလဲ ဆိုတဲ့ ဗဟုသုတတွေ ရှိရပါမယ်။ အကောင်းဆုံးကတော့ နီးစပ်ရာ ဆေးရုံ၊ဆေးခန်း နဲ့ ဆေးပေးခန်းများကို ခေါ်သွားခြင်းပါပဲ။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Diarrhea in Children: Causes and Treatments. http://www.webmd.com/children/guide/diarrhea-treatment#1. Accessed on December 9, 2016

– Diarrhea in Children. http://www.merckmanuals.com/professional/pediatrics/symptoms-in-infants-and-children/diarrhea-in-children. Accessed on December 9. 2016

ယခုပုံစံ

10/08/2022

Phyo Wai Yan မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးများ နွေရာသီမှာ အာဟာရမချို့တဲ့စေဖို့

မိခင်နို့ မတိုက်ဖြစ်တဲ့ ၆လအောက်ကလေးတွေကို ဘာတိုက်နိုင်သလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Phyo Wai Yan မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement