brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သားသားမီးမီးတို့မှာ မတော်တဆ အဆစ်နာခဲ့ရင်

ကလေးတွေကလည်း လူကြီးတွေလိုပဲ လှုပ်ရှားမှုတွေအတွင်း အခန့်မသင့်မှုတွေကြောင့် ထိခိုက်မိတာ၊ နာကျင်တာတွေကို ခံစားရနိုင်ပါတယ်။ ကလေးဆိုတာက အငြိမ်မနေ ဆော့ကစားနေတတ်တယ် မဟုတ်လား။ ဒီလို အဆစ်နာတာက လူကြီးတွေမှာတောင် ခံရခက်တာမို့ သားသားမီးမီးတို့မှာ မတော်တဆ အဆစ်နာခဲ့ရင် သက်သာစေဖို့ ဘာလုပ်ရမလဲဆိုတာလေးကို မေမေတို့နဲ့ အတူ မျှဝေပေးချင်ပါတယ်။ 

သားသားမီးမီးတို့မှာ မတော်တဆ အဆစ်နာခဲ့ရင်

ဘယ်အခြေအနေတွေက ကလေးကို အဆစ်နာစေနိုင်တာလဲ!

ကလေးကို အဆစ်နာစေနိုင်တဲ့ အခြေအနေတွေကတော့ အများကြီးပါ။ ကျောင်းစတက်တဲ့အရွယ်လောက်ဆိုရင်

သားသားမီးမီးတို့မှာ မတော်တဆ အဆစ်နာခဲ့ရင်

သားသားမီးမီးတို့မှာ မတော်တဆ အဆစ်နာတာ ဖြစ်ခဲ့ရင် သက်သာစေဖို့ ဒီနည်းလမ်းလေးတွေက မေမေတို့အတွက် အသုံးတည့်စေမှာပါ။

  • အနားပေးပါ

ကလေးက အဆစ်နာတာမျိုး ဖြစ်နေမယ်ဆိုရင် ကလေးကို သက်သောင့်သက်သာ နားခိုင်းရင်း ကလေးရဲ့ နာကျင်နေတဲ့ နေရာကို ထိမိ ဖိမိတာမျိုး မဖြစ်အောင် ဂရုစိုက်လို့ အနားရအောင် ထားပေးပါ။ ဒီလို လုပ်ပေးတာက ကလေးမှာ ဒဏ်မဖြစ်စေဖို့နဲ့ အခြေအနေ ပိုဆိုး မသွားအောင် ကာကွယ်ရာ ရောက်ပါတယ်။

  • အချိန်ပေးပါ

ကလေးတွေမှာ အဆစ်တွေ နာကျင်သွားတဲ့အခါ နာကျင်မှုတွေရော ရောင်ရမ်းမှုတွေပါ အရှင်းသက်သာစေဖို့နဲ့ လက္ခဏာတွေ တိုးတက်ကောင်းမွန်လာစေဖို့ အချိန် ၁ ပတ် ကနေ ၂ ပတ်လောက် ပေးဖို့ လိုပါမယ်။ ဒါကြောင့် အလောတကြီး မဖြစ်စေဘဲ အချိန်ပေးဖို့ လိုပါမယ်။

  • နှိပ်နယ်ပေးပါ

သွေးစီးဆင်းမှု ကောင်းမွန်ခြင်းက နာကျင်ကိုက်ခဲမှုတွေကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ကလေးက အဆစ်တွေ နာကျင်တဲ့ အခါ လက်ချောင်းလေးတွေ သုံးလို့ နာကျင်တဲ့ နေရာကို ခပ်ဖွဖွလေး နှိပ်နယ်ပေးပါ။

  • ရေခဲဝတ် ကပ်ပေးပါ

 အနှီး ဒါမှမဟုတ် တဘက်စ ပါးပါးလေး တစ်ထည်ထဲကို ရေခဲတုံးလေးတွေ ထည့်ပြီး ကလေးရဲ့ နာနေတဲ့ နေရာကို နေရာလေး ရွှေ့ပြီး ကပ်ပေးပါ။ တစ်ခါကပ်ရင် မိနစ်၂၀နဲ့ တစ်ရက် ၃-၄ကြိမ် ကပ်ပေးပါ။ ကလေးခံနိုင်လောက်တဲ့ အေးပါစေ။

  • ပါရာစီတမော တိုက်ထားပါ

ကလေးမှာ အဆစ်ရောင်တာကြောင့် နာကျင်မှု သက်သာစေဖို့အတွက် ကလေးကို ပါရာစီတမောကို အသက်အရွယ်အလိုက် ဆေးရည်၊ ဆေးပြား အဆင်ပြေရာကို တိုက်ကျွေးပေးလို့ ရပါတယ်။

ဘယ်အခြေအနေမှာ ဆရာဝန်နဲ့ ပြဖို့ လိုမလဲ!

တကယ်လို့ ရောင်တာက ရက်သတ္တပတ် ၃ ပတ်ကျော်တဲ့အထိ မကျဘူး ဖြစ်နေမယ်။

အဆစ်နာထားတဲ့နေရာက ပူနွေးနေမယ်၊ နီမြန်းနေမယ်။ ရောင်နေမယ်ဆိုရင် ဖြစ်ဖြစ် အဆစ်တဝိုက်မှာ သွေးခြည်ဥပြီး ပျောက်ဖို့ကြာနေရင်ဖြစ်ဖြစ် ဆရာဝန်နဲ့ ပြသကြည့်ဖို့ လိုပါမယ်။

အဆစ်နာတာ၊ ရောင်တာအပြင် ကလေးက ဖျားမယ်။ တစ်နေ့ထက် တစ်နေ့ ရောင်တာက ပိုဆိုးလာမယ်ဆိုရင်လည်း ဆရာဝန်နဲ့ အမြန်ဆုံး ပြသဖို့ လိုပါမယ်။ အိမ်တွင်းကုထုံးတွေနဲ့ လုပ်ဆောင်ပေးပေမယ့် ၁ ပတ် ၂ ပတ်လောက် ကြာတဲ့အထိ ကလေးမှာ တိုးတက်မှုတွေ မတွေ့ရဘူးဆိုရင်လည်း ဆရာဝန်နဲ့ အမြန်ဆုံး ပြသဖို့ လိုပါမယ်။ 

Htet Htet Zaw Win
Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 14/02/2024 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။