ကလေးကြီးထွားမှုနှေးခြင်း ဆိုတာက ကလေးက အသက်တူ၊ လူမျိုးတူ၊ လိင်တူကလေးများရဲ့ ပျမ်းမျှအရပ်ကို မရောက်နိုင်ခြင်း ဖြစ်ပါတယ်။ ဒီအခြေအနေက ကျန်းမာရေး မကောင်းခြင်း၊ အာဟာရချို့တဲ့ခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။
ကလေးကြီးထွားမှုနှေးခြင်း ဆိုတာက ကလေးက အသက်တူ၊ လူမျိုးတူ၊ လိင်တူကလေးများရဲ့ ပျမ်းမျှအရပ်ကို မရောက်နိုင်ခြင်း ဖြစ်ပါတယ်။ ဒီအခြေအနေက ကျန်းမာရေး မကောင်းခြင်း၊ အာဟာရချို့တဲ့ခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။
ကလေးတွေက မွေးစကနေ ပထမ အသက်၅နှစ်အတွင်းမှာ အလွန်ညှက်ခြင်းက နောင်အခါမှာ ကျန်းမာရေးချို့တဲ့ပြီး သေဆုံးနိုင်ခြေကို မြင့်စေပါတယ်။ ပထမ ရက် ၁၀၀၀မှာ အာဟာရ ချို့တဲ့ခြင်းက ကလေးရဲ့ ပညာရေးကို ထိခိုက်နိုင်ပြီး ကိုယ်အလေးချိန်ကျခြင်း၊ ညဏ်ရည်မကောင်းခြင်း၊ အရွယ်ရလာတဲ့အခါ အလုပ်ရနိုင်ချေ နည်းခြင်း၊ ဝင်ငွေနည်းခြင်း စတာတွေအထိ သက်ရောက်မှု ဖြစ်စေပါတယ်။ တွေ့ရှိချက်များအရ ကြီးထွားမှုနှေးတဲ့ ကလေးများက အသက်ငယ်ရွယ်စဉ်မှာပဲ သေဆုံးတတ်ကြပါတယ်။
လေ့လာမှုများအရ ကလေးကြီးထွားမှုနှေးခြင်း ကို ဖြစ်စေတဲ့ အဓိကအချက်တွေကတော့-
အောက်ဖော်ပြပါ အချက်အချို့ကို လိုက်နာခြင်းဖြင့် သင့်ကလေးရဲ့ ကြီးထွားမှုနှေးခြင်း ဖြစ်နိုင်ခြေကို လျော့ချနိုင် ပါသည်။
ကလေးတွေမှာ ကြီးထွားမှု နှေးတာက အဖြစ်များတဲ့ ပြဿနာပါ။ အများစုက အာဟာရချို့တဲ့လို့ ဆိုပေမဲ့ တချို့တွေမှာတော့ ရောဂါအခံကြောင့်လည်း ဖြစ်နေနိုင်ပါတယ်။ ကြီးထွားမှု နှေးခြင်းက ကလေးတွေမှာ ကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဘယ်လိုအကြောင်းကြောင့်ပဲ ကလေးက ညှက်နေပါစေ။ အကြောင်းရင်းကို ရှာဖွေပြီး ကုသဖို့၊ ကလေးကို ပုံမှန်အတိုင်း ကြီးထွားအောင် ကူညီပေးဖို့လိုပါတယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Top risk for child stunting in developing world: poor growth before birth. https://www.hsph.harvard.edu/news/press-releases/child-stunting-growth-in-womb/. Accessed April 16, 2017.
Learn & Prevent Childhood Stunting. http://mypositiveparenting.org/2016/06/26/learn-prevent-childhood-stunting/. Accessed April 16, 2017
ယခုပုံစံ
29/11/2023
Dr. Zin Wai Yan Lin မှ ရေးသားသည်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။
ဆက်စပ် အကြောင်းအရာများ
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar