brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အားဖြည့် အချိုရည် သောက်တဲ့ ကလေးတွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်ခြေ များပြား

အားဖြည့် အချိုရည်တွေက သောက်ချ လိုက်ရင် အင်အား ပြည့်သွားသလို ခံစားရတာ၊ အရသာလေးက ချိုချိုလေးနဲ့ အရသာ ရှိတာတွေကြောင့် ကလေးရော လူကြီးတွေပါ ကြိုက်ကြပါတယ်။ ဒါကြောင့်ပဲ အားမရှိ သလို ဖြစ်နေချိန်တွေ ပင်ပန်းပြီး ခြေကုန်လက်ပမ်း ကျနေချိန်တွေမှာ အားဖြည့် အချိုရည်တွေကို သောက်ကြတာပေါ့။ ဒီလို သောက်လိုက်တာက အားပြည့်သွား သလို ရှိပေမယ့် ကလေးတွေ အတွက်တော့ ကောင်းကျိုး မရှိသလောက် ပါပဲ။ ဒီလို ပြောရတာက အားဖြည့် အချိုရည် သောက်တဲ့ ကလေးတွေမှာ စိတ်ပိုင်း ဆိုင်ရာ ထိခိုက်နိုင်ခြေ များပြား တယ်ဆိုတဲ့ လေ့လာမှု ရလဒ် တစ်ခု ကြောင့်ပါ။ 

အားဖြည့် အချိုရည် သောက်တဲ့ ကလေးတွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်ခြေ များပြား

အားဖြည့် အချိုရည် သောက်တဲ့ ကလေးတွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်ခြေ များပြား

ယူကေမှာ ရှိတဲ့ Teesside University နဲ့ Newcastle University တို့က ပူးတွဲ လုပ်ဆောင် ခဲ့တဲ့ လေ့လာမှု အရ အားဖြည့် အချိုရည် သောက်တဲ့ ကလေးတွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်ခြေ များပြား တယ်လို့ သိခဲ့ရပါတယ်။

လေ့လာမှု အရ တွေ့ရှိလိုက် ရတာက အားဖြည့် အချိုရည် သောက်တဲ့ ကလေးတွေဟာ စိတ်ပိုင်း ဆိုင်ရာ နဲ့ ရုပ်ပိုင်း ဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေ နိုင်တယ် ဆိုတာပါ။ အကြောင်း ကတော့ ကလေးတွေ အနေနဲ့ သူတို့ သောက်လိုက်တဲ့ အားဖြည့် အချိုရည်မှာ ကဖင်းဓာတ် ပါဝင်မှု များတာ ကြောင့်ပါ။ 

ကလေးတွေ အနေနဲ့ အားဖြည့် အချိုရည် တွေကို အလွန်အကျွံ သောက်သုံးတာက ကလေး တွေမှာ စိတ်ဓာတ် ကျတာ၊ စိုးရိမ်စိတ် များတာ၊ ADHD လို့ သိကြတဲ့ အာရုံ စူးစိုက်ဖို့ ခက်တာကို ခံစား ရနိုင် ပါတယ်။ 

ဒါကြောင့် ကလေးတွေ အထူးသဖြင့် အသက် ၁၆ နှစ်အောက် ကလေး တွေကို တတ်နိုင် သမျှ အားဖြည့် အချိုရည်တွေကို မတိုက်မိဖို့ လိုပါမယ်။ 

အားဖြည့်အချိုရည်နဲ့ ကလေးကျန်းမာရေး 

ကလေးတွေ အနေနဲ့ အားဖြည့် အချိုရည်ကို သောက်သုံးတာက အခုလို ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ 

  • ကလေးကို အဝလွန်စေ နိုင်တယ်
  • အလွန်အကျွံ သောက်ရင် ရေဓာတ် ခမ်းခြောက်စေ နိုင်တယ်
  • သွေးတိုး တာကို ဖြစ်စေ နိုင်တယ်
  • နှလုံး ထိခိုက်စေ နိုင်တယ်
  • အာရုံကြော ဖွံ့ဖြိုးမှုကို ထိခိုက်စေ နိုင်တယ်
  • အိပ်ပျော်ဖို့ ခက်တာမျိုး ဖြစ်နိုင်တယ်
  • ခြေကုန် လက်ပမ်း ကျစေ နိုင်တယ်
  • သွားနဲ့ ခံတွင်း ထိခိုက်စေ နိုင်တယ်
  • အရိုး ပွတာကို ဖြစ်စေ နိုင်တယ်
  • ဆီးချိုရောဂါ ခံစားရ နိုင်ပါတယ်။ 

ကလေးကို အားဖြည့် အချိုရည် အစား နို့ နဲ့ နို့ထွက် ပစ္စည်းတွေကို တိုက်ပေး တာက အကောင်းဆုံး ဖြစ်မှာပါ။ 

Htet Htet Zaw Win
Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 11/04/2024 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။