ကြီးထွားဖွံဖြိုးမှုနောက်ကျခြင်းသည် ကျန်းမာစွာရှိရမည့် ကိုယ်အလေးချိန်၊ အရပ်အောက် နိမ့်နေပြီး စိတ်ခံစားမှုဆိုင်းရာ မဖွံဖြိုးသည့် လက္ခဏာများ မြင်ရခြင်းကို ဆိုလိုသည်။ ကလေးတွင် စံသတ်မှတ်ထားသည့် ကြီးထွားပုံသည် အသက်၊ လိင်နှင့် လူမျိုးအပေါ် မူတည်၏။ ကြီးထွားဖွံဖြိုးမှုနောက်ကျခြင်း၏ အဓိကအကြောင်းရင်းသည် အာဟာရမလုံလောက်ခြင်းပင် ဖြစ်သည်။
ကလေး ကြီးထွားဖွံဖြိုးမှုနောက်ကျခြင်းဟုတ်မဟုတ် ဘယ်လိုသိနိုင်မလဲ။
မိသားစုသည် ကလေး၏လိုအပ်ချက်များကို လုံလောက်စွာ မထောက်ပံခြင်း သို့မဟုတ် နားလည်မှုလွဲခြင်း ဖြစ်နေလျှင် ကလေးအတွက်လိုအပ်သည် အာဟာရကို လုံလုံလောက်လောက်ရမည်မဟုတ်ပါ။ ထို့ကြောင့် ကလေးတွင်လည်း တသတ်မတ်တည်း ကြီးထွားဖွံ့ဖြိုးမှု မရှိတော့ပဲ ကြီးထွားဖွံဖြိုးမှုနောက်ကျခြင်းဖြစ်သွားပါသည်။ ကလေးတိုင်း၌ လက္ခဏာများ မတူနိုင်ပါ။
တစ်ချို့ကလေးများတွင် ပါတ်ဝန်းကျင်အား စိတ်မဝင်စားခြင်းနှင့် တခြားသူများနှင့် မျက်လုံးချင်းမဆုံအောင် ရှောင်ခြင်းတို့ တွေ့ရမည်။ တခြားကလေးများကို မတက်ကြွပဲ ပြုံးခြင်းရယ်ခြင်းမရှိသလို ခံစားချက်မဲ့နေနိုင်၏။ ကြီးထွားဖွံဖြိုးမှုနောက်ကျသောကလေးများတွင် မောပန်းလွယ်ပြီး ဇီဇာလဲကြောင်သည်။
ထို့အပြင် ကြီးထွားဖွံဖြိုးမှုမှတ်တိုင်များဖြစ်သည့် ထိုင်ခြင်း၊ လမ်းလျှောက်ခြင်း၊ စကားပြောခြင်းများကို သူ့အရွယ်နှင့်သူ ဖြစ်မလာခြင်းက ကြီးထွားဖွံဖြိုးမှုနောက်ကျခြင်း၏ လက္ခဏာများပင်ဖြစ်သည်။
ကြီးထွားဖွံဖြိုးမှုနောက်ကျခြင်း၏အကြောင်းရင်းများ
ကြီးထွားဖွံဖြိုးမှုနောက်ကျခြင်းတွင် အကြောင်းပြချက်အမျိုးမျိုးရှိပြီး တစ်ခါတစ်ရံတွင် တစ်ချက်ထက်ပိုသော အကြောင်းရင်းများလည်း ရှိနိုင်ပါသည်။ အဖြစ်အများဆုံး အကြောင်းရင်းသည် ကလေးကို လုံလောက်စွာ အစာမကျွေးခြင်း သို့မဟုတ် ကလေးမှမစားချင်ခြင်းပင် ဖြစ်သည်။
တစ်ချို့မိဘများသည် ကလေးများအတွက် လုံလောက်သောအစားအစာ မပေးနိုင်ကြပါ။ တစ်ချို့ကျ ကလေးအဝလွန်မှာကြောက်ပြီး ကယ်လိုရီပမာဏကို ကန့်သတ်ကြ၏။ စားရာသောက်ရာတွင် ပြဿနာရှိခြင်းကလည်း ကြီးထွားဖွံဖြိုးမှုနောက်ကျခြင်းကိုဖြစ်စေနိုင်သည်။ လမစေ့ပဲမွေးခြင်း၊ ဖွံဖြိုးမှုနောက်ကျခြင်းကြောင့် ကလေးအစားအလွန်နည်းသည့်အခါတွင် သူတို့ကြီးထွားဖွံဖြိုးရန် လုံလောက်သောအာဟာရများကို မစုပ်ယူနိုင်ပါ။
ကြီးထွားဖွံဖြိုးမှုနောက်ကျခြင်းသည် ဖျားနာခြင်းကဲ့သို့ ရိုးရိုးနေမကောင်းမှုများကြောင့်လည်း ဖြစ်တတ်၏။ ကလေးနေထိုင်မကောင်းသည့်အခါ လူကြီးများလိုပင် အစားအသောက်ပျက်တတ်ပါသည်။
အန်ခြင်း ဝမ်းလျှောခြင်း စသည့် ဖျားနာမှုတစ်ခုခုရှိနေလျှင်လည်း ကြီးထွားဖွံဖြိုးရန် လုံလောက်သည့်ကယ်လိုရီရရှိနိုင်မည် မဟုတ်ပါ။ Caeliac diseae (အာရဟာများကို မစုပ်ယူနိုင်သည့်ရောဂါ) ကဲ့သို့ များစွာသော ကျန်းမာရေးအခြေအနေများသည်လည်း ကလေးမကြီးထွားအောင် ဟန့်တားနိုင်သည်။
ကလေးက အစားစားသော်မှ အာဟာရများကို မစုပ်ယူနိုင်ခြင်းမျိုး ဖြစ်သည်။ ကလေး၏ ကိုယ်ခံအားစနစ်သည် ဂျုံနှင့်တခြားသီးနှံများတွင် ပါဝင်တတ်သော ဂလူတင်ပရိုတင်းကို မူမမှန်စွာ တုန့်ပြန်တတ်ပြီး အူနံရံများကို ထိခိုက်စေနိုင်ပါသည်။ ဘယ်လိုရောဂါပိုးကူးစက်ခြင်းမဆို ခန္ဓါကိုယ်အား အာဟာရများ ပိုလိုရန် တွန်းအားပေးပြီး အစားအသောက်ကို ပျက်စေပါသည်။ ထိုမှနေ၍ ခဏတာ ကြီးထွားဖွံဖြိုးမှုနောက်ကျခြင်း ဖြစ်နိုင်ပါသည်။
အစားအသောက်နှင့်ဓါတ်မတည့်ခြင်းသည် ခန္ဓါကိုယ်မှ တစ်ချို့သောအစာများဖြစ်သည့် နို့ပရိုတင်းများတို့လို အရာများကို တုန့်ပြန့်ခြင်းဖြစ်သည်။ ထိုရောဂါတွင် ကလေးသည် နို့ပရိုတင်းများပါသည့်အစာများဖြစ်သော မိခင်နို့ကို မစုပ်ယူနိုင်တော့ပဲ ကြီးထွားဖွံဖြိုးမှုနောက်ကျခြင်းကိုဖြစ်စေကာ မိဘများကလည်း တော်တော်နှင့် သတိမထားမိခြင်းဖြစ်နိုင်ပါသည်။
တစ်ချို့ဖြစ်ရပ်များတွင် ဘာကြောင့်ဖြစ်ရသည်ကို ဆရာဝန်များလည်း တိတိကျကျ မသိနိုင်ပါ။
[embed-health-tool-vaccination-tool]