backup og meta

သွေးကြောများ ပိုမိုကောင်းမွန်ကျန်းမာခြင်းနှင့် ဆက်စပ်နေသည့် နို့တိုက်ခြင်း

အမျိုးသမီးတွေအနေနဲ့မိခင်နို့ တိုက်ကျွေးခြင်းကြောင့် ရရှိလာတဲ့ အကျိုးကျေးဇူးတွေကို ပိုမိုသိရှိလာအောင်

သွေးကြောများ ပိုမိုကောင်းမွန်ကျန်းမာခြင်းနှင့် ဆက်စပ်နေသည့် နို့တိုက်ခြင်း

လှုံ့ဆော်ကြရာမှာ ဒီနေ့အခါဟာ အတက်ကြွဆုံး အချိန်ပါပဲ။ သုတေသနတွေအရလည်း အကျိုးကျေးဇူးအသစ်တွေ

ထပ်မံတွေ့ရှိထားပါတယ်။

မိခင်နို့တိုက်ခြင်းဟာ သွေးလွှတ်ကြောများကိုကျန်းမာသန်စွမ်းစေပါတယ်။

သုတေသနအသစ်အရမိခင်နို့တိုက်ခြင်းဟာ သွေးလွှတ်ကြောတွေကို ကျန်းမာသန်စွမ်းစေတယ်လို့ သိရပါတယ်။ မိခင်နို့တိုက်သူ

အမျိုးသမီးများအနေနဲ့ အသက်ကြီးသွားတဲ့အခါ နှလုံးထိခိုက်မှုနဲ့ လေဖြတနိုင်ခြေကို လျော့ကျစေတယ်လို့

ဆိုပါတယ်။

မိခင်နို့တိုက်ကျွေးနေတဲ့ငယ်ရွယ်သူအမျိုးသမီးတွေရဲ့ သွေးလွှတ်ကြောများဟာ သက်လတ်ပိုင်းအရွယ်ရောက်လာတဲ့အခါ နို့ဘူးတိုက်သူအမျိုးသမီးတွေထက်

ပိုမိုကျန်းမာကောင်းမွန်တယ်လို့ သိရပါတယ်။ သားဖွားမီးယပ်ဆေးပညာဂျာနယ်တစောင်မှာလည်း

မိခင်နို့တိုက်ကျွေးခြင်းနဲ့ သွေးလွှတ်ကြောများရဲ့ ကျန်းမာရေးကြားက ဆက်စပ်မှုကို ဖော်ပြထားပါတယ်။

ဒါပေမယ့် ဖြစ်နိုင်ခြေ အကျိုးအပြစ်အားလုံးကို ကျောက်ချက်ဆွဲဖို့တော့ စောပါသေးတယ်လို့

ဆိုထားပါတယ်။ သုတေသီများဟာ အနည်းဆုံး ကလေးတကြိမ်မွေးဖူးသူ အမေရိကန် အမျိုးသမီးဦးရေ

၈၀၀ကျော်ကို လေ့လာခဲ့ပါတယ်။ အဲဒီအမျိုးသမီးများအနက် နို့တိုက်ခြင်း ပိုများသူများရဲ့

ကရော့တစ်သွေးပြန်ကြောဟာ သက်လတ်ပိုင်းအရွယ်ရောက်ချိန်မှာ ထူထဲမှုသိပ်မဖြစ်လာဘူးလို့

ဆိုပါတယ်။

မိခင်နို့တိုက်ခြင်း၏ အကျိုးကျေးဇူးများ

ကိုယ်ခန္ဓါအနှံ့ကိုသွေးများစီးဆင်းရာမှာ ကရော့တစ်သွေးလွှတ်ကြောဟာ သွေးများကို ဦးနှောက်ဆီ ပို့ဆောင်ပေးပါတယ်။

အဲဒီသွေးလွှတ်ကြောရဲ့ နံရံတွေထူထဲလာရင် သွေးလွှတ်ကြောကျဉ်းလာပြီး နှလုံးထိခိုက်ခြင်း၊

လေဖြတ်ခြင်းများ ဖြစ်နိုင်ပါတယ်။ ဒါဟာ မိခင်နို့တိုက်ခြင်းရဲ့ အကျိုးကျေးဇူးများစွာထဲမှာမှ

တချက်ပဲ ဖြစ်ပါတယ်။ တခြားအကျိုးကျေးဇူးများစွာလည်း ရှိပါသေးတယ်။ ဥပမာ မိခင်နို့တိုက်သူများဟာ

မီးဖွားပြီးအခြေအနေကို လျင်မြန်စွာ သက်သာလာစေပါတယ်။ အဲဒီအခြေအနေမှာ ကောက်ဆီတိုဇင်ဟော်မုန်းကို

ထုတ်လုပ်ပြီး သားအိမ်ကို ပုံမှန်အရွယ်အစား ပြန်ဖြစ်စေပါတယ်။ တခြား သုတေသနတခုမှာတော့

မိခင်နို့တိုက်သူများဟာ ရင်သားကင်ဆာနဲ့ သားဥအိမ်ကင်ဆာများ ဖြစ်ပွားနိုင်ချေ လျော့ကျစေတယ်လို့

ဆိုထားပါတယ်။ ဆီးချိုအမျိုးအစား (၂)၊ လေးဘက်နာ အဆစ်ရောင်ခြင်း၊ သွေးတိုးခြင်း ကိုလက်စထရောများခြင်း

စတဲ့ နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါများ ဖြစ်ပွားခြင်းကိုလည်း လျှော့ချပေးပါတယ်။

နောက်ဆုံးတချက်ကတော့ မိခင်နို့တိုက်နေချိန်မှာ ဓမ္မတာထိန်နေတဲ့အတွက် သဘာဝနည်းအရ ကိုယ်ဝန်တားပြီးဒ

ဖြစ်သွားစေပါတယ်။

ခြုံကြည့်ရင်တော့မိခင်နို့တိုက်ခြင်းဟာ ကလေးအတွက် အကောင်းဆုံးသော အာဟာရဖြစ်သလို မိခင်တွေရဲ့ ကျန်းမာရေးအတွက်လည်း

ရေရှည်အကျိုးရှိပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်

ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Breastfeeding Tied to Healthier Arteries in Middle-Age. http://www.webmd.com/parenting/baby/news/20150708/breast-feeding-tied-to-healthier-arteries-in-middle-age#1. Accessed January 21st, 2017.

Breastfeeding May Be Good for Your Heart. https://www.geisinger.org/sites/wellnessnews/application/breastfeeding-may-be-good-for-your-heart. Accessed January 21st, 2017.

ယခုပုံစံ

03/06/2022

Dr. Thant Zin မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နို့ချိုတိုက်ကျွေးခြင်းနဲ့ပတ်သက်ပြီး မိခင်တွေသိသင့်သမျှ

အမျိုးသမီးများနှင့် နှလုံးသွေးကြောကျဉ်းရောဂါ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thant Zin မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 03/06/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ