backup og meta

မိခင်နို့တိုက်ကျွေးခြင်းက ကလေးပန်းနာရင်ကျပ် ဖြစ်ပွားနိုင်ခြေ လျော့နည်းစေသည်

မိခင်နို့တိုက်ကျွေးခြင်းက ကလေးပန်းနာရင်ကျပ် ဖြစ်ပွားနိုင်ခြေ လျော့နည်းစေသည်

ပန်းနာရင်ကျပ်ရောဂါဟာ အသက်ရှူလမ်းကြောင်း ရောင်ရမ်းမှုကြောင့် ဖြစ်ပြီး ချောင်းဆိုးခြင်း၊ အသက်ရှူစဉ် အသံမြည်ခြင်းနဲ့ မောပန်းခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။ ဒီအခြေအနေဟာ များသောအားဖြင့် ကလေးဘဝမှာ အဖြစ်များတတ်ပါတယ်။ ပန်းနာရင်ကျပ်ရောဂါ လက္ခဏာတွေဟာ လူတစ်ဦးချင်းစီပေါ်မူတည်ပြီး မပြင်းထန်ရာကနေ ပြင်းထန်တဲ့ အခြေအနေတွေ အထိ ရှိတတ်ပါတယ်။ Dutch လေ့လာမှုတစ်ခုအရ မိခင်နို့တိုက်ကျွေးခြင်းဟာ ကလေးငယ်တွေမှာ ပန်းနာရင်ကျပ်ရောဂါ ဖြစ်ပွားနှုန်းကို လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ အကောင်းဆုံးကာကွယ်ပေးမှုကိုတော့ အသက် ၆ လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခဲ့တဲ့ ကလေးငယ်တွေမှာ အတွေ့များဆုံး ဖြစ်ပါတယ်။

မိခင်နို့တိုက်ကျွေးတဲ့ကာလဟာ ကလေးငယ်ရဲ့ ပန်းနာရင်ကျပ်ရောဂါထချိန်တွေနဲ့ ဆက်စပ်မှု ရှိပါတယ်။

မိခင်နို့ မတိုက်ကျွေးတဲ့ကလေးငယ်တွေဟာ မိခင်နို့တိုက်ကျွေးတဲ့ ကလေးငယ်တွေနဲ့ ယှဉ်ရင် ပန်းနာရင်ကျပ်ရောဂါ လက္ခဏာတွေ ဖြစ်ပွားဖို့ ၅၀ ရာခိုင်နှုန်း ပိုများတယ်လို့ သိရပါတယ်။ နို့နဲ့ အခြားအစာအမာတွေကို စားသောက်သူတွေဟာ အသက်ရှူစဉ် အသံမြည်ခြင်းဖြစ်ဖို့ ၂၀ ရာခိုင်နှုန်း ပိုများပါတယ်။ ပိုမိုကြာရှည်စွာ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးသူတွေဟာ ပန်းနာရင်ကျပ်ရောဂါ ပိုမိုကာကွယ်နိုင်တာကို တွေ့ရပါတယ်။

လေ့လာမှုတွေကို ဘယ်လိုလုပ်ကြသလဲ။

ကလေးငယ် ၅၀၀၀ ကျော်ပါတဲ့ လေ့လာမှုတစ်ခုကို နယ်သာလန်မှာ လုပ်ခဲ့ပါတယ်။ ကလေးငယ်တွေကို သူတို့ရဲ့ မိခင်နို့သောက်ခြင်းနဲ့ စားသောက်ခြင်း အလေ့အထတွေကို မေးမြန်းခဲ့ပါတယ်။ ကလေးအသက် တစ်နှစ်ကနေ လေးနှစ်ပြည့်တဲ့အထိ ကလေးပန်းနာရင်ကျပ်လက္ခဏာတွေနဲ့ ပတ်သက်ပြီး မိခင်တွေဟာ နှစ်စဉ် ဖြေကြားခဲ့ပါတယ်။ ၉၂.၃ ရာခိုင်နှုန်းသော ကလေးငယ်တွေဟာ အနည်းဆုံး မိခင်နို့တစ်ကြိမ် သောက်ခဲ့ရတာကို တွေ့ရှိခဲ့ပြီး ၈၀ ရာခိုင်နှုန်းသော ကလေးငယ်တွေကတော့ မိခင်နို့တစ်မျိုးတည်းသောက်ခဲ့ခြင်းနှင့် နို့တိုက်ခြင်းကြာချိန်အချက်အလက်များကို ပြောကြားနိုင်ခဲ့ပါတယ်။ မိဘအတော်များများဟာ သူတို့ကလေးငယ်တွေကို သုံးလခွဲလောက်အထိ နို့တိုက်လေ့ရှိပြီး ၂၁ရာခိုင်နှုန်းကတော့ လေးလအထိ နို့တိုက်လေ့ရှိပါတယ်။

အဖြေတွေက ဘာတွေလဲ။

တစ်ကြိမ်မှ မိခင်နို့တိုက်မခံရတဲ့ကလေးငယ်တွေဟာ ၆လ အထိ နို့တိုက်ခံရတဲ့ ကလေးငယ်တွေနဲ့ ယှဉ်ရင် အသက်ရှူစဉ် အသံမြည်ခြင်းကို ခံစားရရုံသာမက မောခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ သလိပ်ထွက်ခြင်းအစရှိတာတွေကို ပထမ လေးနှစ်လောက်အတွင်း ခံစားရနိုင်ပါတယ်။

မိခင်နို့တစ်မျိုးတည်းတိုက်ခြင်းဟာ ဘယ်လို အကူအညီဖြစ်ပါသလဲ။

သိပ္ပံပညာရှင်တွေက မိခင်နို့တစ်မျိုးတည်း တိုက်ခြင်းဟာ ပန်းနာရင်ကျပ်ရောဂါ ဖြစ်နှုန်းကို ဘယ်လိုလျှော့ချပေးသလဲဆိုတာကိုတော့ သိရှိခြင်း မရှိပါဘူး။ ပြီးခဲ့တဲ့လေ့လာမှုတွေအရ မိခင်နို့တစ်မျိုးတည်းတိုက်ခြင်းရဲ့ ကိုယ်ခံအားနဲ့ အစာခြေစနစ်အပေါ် ကောင်းမွန်တဲ့ သက်ရောက်မှုတွေဟာလည်း အရေးကြီးတယ်လို့ ဆိုပါတယ်။ ရလဒ်အနေနဲ့ မိခင်တွေဟာ ကလေးငယ်တွေကို အသက် ၄ လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးသင့်ပါတယ်။

ဖေါ်ပြခဲ့တဲ့ စောင့်ကြည့်လေ့လာသော သုတေသနတွေမှာ ဘက်လိုက်မှုတွေ ဖြစ်နိုင်ပေမယ့် သူတို့ဟာ မိခင်နို့တိုက်ကျွေးခြင်း၏ ကောင်းမွန်တဲ့ အချက်အလက်တွေကို ဖေါ်ပြနိုင်စွမ်းရှိပါတယ်။ မိခင်နို့ရဲ့ အခြား ကောင်းကျိုးတွေကတော့ ကလေးအတွက် ရောဂါပိုးဝင်နှုန်း နည်းပါးခြင်း၊ မိခင်အတွက် မမျိုးဥအိမ်နဲ့ ရင်သားကင်ဆာ ဖြစ်နှုန်းနည်းပါးခြင်းတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် မိခင်တွေဟာ အတတ်နိုင်ဆုံးကလေးကို မိခင်နို့တိုက်ကျွေးသင့်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Breastfeeding May Cut Risk of Asthma for Baby. http://www.webmd.com/parenting/baby/news/20110721/breastfeeding-may-cut-risk-asthma-baby#1 Accessd April 3, 2017.
Breastfeeding ‘cuts childhood asthma risk’. http://www.nhs.uk/news/2014/05May/Pages/Breastfeeding-cuts-childhood-asthma-risk.aspx Accessd April 3, 2017

ယခုပုံစံ

03/06/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးများ နွေရာသီမှာ အာဟာရမချို့တဲ့စေဖို့

မိခင်နို့ မတိုက်ဖြစ်တဲ့ ၆လအောက်ကလေးတွေကို ဘာတိုက်နိုင်သလဲ



Dr . Phyu Mon Latt မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement