backup og meta

မျှဝေပါ။

ရုတ်တရက် တစ်နှစ်အောက်ကလေး သေဆုံးမှု အကြောင်းရင်းများ

တစ်နှစ်အောက်ကလေး ရုတ်တရက်သေဆုံးရခြင်းဆိုတာဘာလဲ

တစ်နှစ်အောက်ကလေးရုတ်ရက်သေဆုံးရခြင်းဆိုတာကျန်းမာနေပုံရတဲ့ တစ်နှစ်အောက်ကလေးတစ်ယောက် အကြောင်းရင်းမဖော်ပြနိုင်ဘဲသေဆုံးခြင်း ဖြစ်ပါတယ်။

အများအားဖြင့်ကလေးငယ်တွေဟာပုခက်၊ အိပ်ရာအတွင်းအိပ်ပျော်နေစဉ် သေဆုံးတတ်ကြသည့်အတွက် ပုခက်တွင်းသေဆုံးမှုဟုလဲခေါ်ကြပါသည်။

ကလေးငယ်ရုတ်တရက်သေဆုံးခြင်းကိုတိကျသောအကြောင်းရင်းတစ်ခုထဲဖြင့် မဆုံးဖြတ်နိုင်သော်လည်းကလေးငယ်၏ အသက်ရှုခြင်းနှင့်အိပ်စက်ခြင်းကိုထိန်းချုပ်သောဦးနှောက် အစိတ်အပိုင်းတစ်ခုမူမမှန်ဖြစ်ခြင်းကြောင့် ဖြစ်နိုင်သည်ဟုသုတေသနပညာရှင် များကတွေ့ရှိခဲ့ကြသည်။

စ်နှစ်အောက်ကလေးရုတ်တရက်သေဆုံးစေနိုင်သည့် အကြောင်းရင်းများ

  • ရုပ်ပိုင်းချို့ယွင်းချက်များ

ဦးနှောက်မူမမှန်ဖြစ်ခြင်း : ကလေးငယ်၏ အသက်ရှုခြင်းနှင့်အိပ်စက်ခြင်းကိုထိန်းချုပ်သောဦးနှောက်အစိတ်အပိုင်းကောင်းစွာမဖွံ့ဖြိုးခြင်းကြောင့် ကလေးငယ်ရုတ်တရက်သေဆုံးမှု ပိုမိုဖြစ်ပွားနိုင်ပါသည်။ သည်အချက်ကိုဆရာများနှင့် မိဘများပါ မကာကွယ်နိုင်ပါ။

ကလေးမွေးစဉ် အလေးချိန်မပြည့်ခြင်း : လမစေ့ပဲမွေးဖွားခြင်းနှင့် အမွှာမွေးဖွားကလေးဖြစ်ခြင်းတို့သည်တစ်နှစ်အောက်ကလေးရုတ်တရက်သေဆုံးစေနိုင်သည့်အဓိကအကြောင်းရင်းများဖြစ်ပါသည်။

ပေါင်မစေ့သောကလေးများသည် ဦးနှောက်မူမမှန်မှုများကြောင့် အသက်ရှုခြင်းနှင့်နှလုံးခုန်ခြင်းတို့ကိုထိန်းချုပ်ရာတွင်ခက်ခဲတတ်ပါသည်။ ထို့ကြောင့်ကလေးငယ်ရုတ်တရက်သေဆုံးမှု ပိုအဖြစ်များပါသည်။

အသက်ရှူလမ်းကြောင်းရောဂါပိုးဝင်ခြင်း : ရုတ်တရက်သေဆုံးသောကလေးအများစုသည် မသေဆုံးခင် အအေးမိခြင်းနှင့် အသက်ရှုလမ်းကြောင်းပိုးဝင်ခြင်းတို့ခံစားခဲ့ရကြောင်းတွေ့ရှိရသည်။

အသက်ရှုလမ်းကြောင်းရောဂါပိုးဝင်ခြင်းသည် ကလေးငယ်၏အသက်ရှုခြင်းကိုပုံမမှန်ဖြစ်စေခြင်းကြောင့် ရုတ်တရက် အသက်ဆုံးရှုံးမှု ပိုဖြစ်စေနိုင်သည်။

  • အိပ်စက်မှု မူမှန်ဖြစ်ခြင်း

    မှောက်အိပ်တတ်တဲ့ကလေးတွေနဲ့ ဘေးတစောင်းအိပ်တဲ့ကလေးတွေကပက်လက်အိပ်တဲ့ကလေးတွေထက် အသက်ရှုရပိုခက်ခဲနိုင်ပါသည်။

    အိပ်ရာပျော့လွန်းခြင်း : မျက်နှာကိုမှောက်အိပ်ခြင်းနှင့် စောင်ခေါင်းမြီးခြုံအိပ်ခြင်းတို့သည်လဲကလေးငယ်ရဲ့ အသက်ရှုလမ်းကြောင်းကိုပိတ်စေပြီးအသက်မရှုနိုင်ဖြစ်စေတဲ့အတွက် အလွန် အန္တရာယ်များပါတယ်

မိဘများနှင့် အတူသိပ်ခြင်း : မိဘများနှင့် အိပ်ရာတစ်ခုထဲအတူအိပ်ခြင်းသည်လဲပျော့ပြောင်းတဲ့အရာများသောကြောင့် အသက်ရှုလမ်းကြောင်းကိုအနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်

ဘယ်လိုကလေးတွေမှာအဖြစ်များသလဲ

ဥပမာ

· ကျား/မ:ယောက်ျားလေးတွေပိုဖြစ်ပါသည်။

· အသက် :အသက် ၂ လနဲ့ ၃ လမှာအဖြစ်များပါသည်။

· လူမျိုး :ရောဂါ ဖြစ်စေနိုင်သောအကြောင်းရင်းဟုမပြောနိုင်သော်လည်းလူမည်းများ၊ American Indianများနှင့် Alaska မှ ကလေးများတွင် ပိုမို ဖြစ်ပွားကြောင်းတွေ့ရှိရပါသည်။

· မျိုးရိုးလိုက်ခြင်း: မောင်နှမများထဲတွင် ထိုရောဂါဖြင့် သေဆုံးဖူးသူရှိပါကကလေးငယ်တွင် ဖြစ်ပွားနိုင်ခြေရှိပါသည်။

· အနီးအနားမှာဆေးလိပ်သောက်သူရှိနေခြင်း

မိခင်ကြောင့် ဖြစ်နိုင်သောအကြောင်းများ

ကလေးအားကိုယ်ဝန်ဆောင်ချိန်တွင်

အမေအသက် ၂၀အောက် ဖြစ်ခြင်း

အမေဆေးလိပ်၊ အရက်သောက်ခြင်း

မူးယစ်ဆေးသုံးခြင်းနှင့် ကိုယ်ဝန်အား ဂရုမစိုက်ခြင်းတို့ကြောင့်လဲကလေးငယ်ရုတ်တရက်သေဆုံးခြင်းပိုမိုဖြင်ပွားစေနိုင်ပါသည်။

အချုပ်ဆိုရသော် မိမိကလေးငယ် ရုတ်တရက်သေဆုံးခြင်းရောဂါ ဖြစ်ပွားနိုင်ချေကို မိခင်များကိုယ်တိုင်က လျှော့ချနိုင်ပါသည်။

ထို့ကြောင့် ကလေးယူရန်စဉ်းစားစဉ် အချိန်ထဲကမိမိ၏အနေအထိုင်၊ ကျန်းမာရေး နှင့် ကလေးငယ်အားစောင့်ရှောက်ရာတွင်လိုအပ်သောဗဟုသုတများလေ့လာရန်တို့ကိုအထူးဂရုပြုသင့်ပါသည်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Sudden infant death syndrome (SIDS). http://www.mayoclinic.org/diseases-conditions/sudden- infant-death-

syndrome/basics/causes/con-20020269. Access December 12. 2016

ယခုပုံစံ

02/06/2022

Dr. K Zin Thwe မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. K Zin Thwe မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 02/06/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement