backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

36 ပတ်သားကလေး

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 02/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

36 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ

ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။

ရှစ်လပြည့်ပြီးလို့ နောက်ဆုံးရက်သတ္တပတ်မှာဆိုရင့် သင့်ကလေးလေးဟာ-

• လက်ခုပ်တီးတတ်၊ တာ့တာပြတတ်ပါပြီ

• ပရိဘောဂတွေကိုအားပြုရင်း လမ်းစလျှောက်တတ်ပါပြီ

• ခဏလောက်လေးမတ်မတ်ရပ်နိုင်ပြီ

• အမြဲတမ်းသုံးမနေပေမယ့် ‘ဟင့်အင်း’ ပြောတတ်၊ ငြင်းတတ်လာပါပြီ

သူ့ကို ဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ

ကလေးလေးစတင်မတ်တပ်ရပ်တတ်၊ တစ်နေရာမှတစ်နေရာ ကူးပြောင်းသွားလာတတ်တာနဲ့ သင်ဟာ ဖိနပ်လေးတွေလိုလာပြီလားလို့ တွေးနိုင်ပါတယ်။ ကလေးကအပြင်ဘက်မှာ စတင်လမ်းလျှောက်တာမဟုတ်မချင်း သူတို့ဖိနပ်မလိုသေးပါဘူး။ ခြေဗလာလေးနဲ့လျှောက်တာက သာမန်အခြေအနေဖြစ်ပြီး ဒါဟာသူတို့ခြေထောက်ကြွက်သာလေးတွေကို သန်မာလာစေတယ်၊ ပြီးတော့သူတို့လျှောက်နေတဲ့အရာကို တိုက်ရိုက်ထိတွေ့နေခြင်းဖြင့် လမ်းလျှောက်ရာမှာ ပိုငြိမ်အောင် ကူညီပေးပါတယ်။

သင့်ရင်သွေးလေး လမ်းလျှောက်ဖို့အားထုတ်တာကို သူ့ရှေ့ကနေ သူ့လက်လေးကိုကိုင်ရင်း သင့်ဆီလျှောက်လာစေခြင်းဖြင့် ကူညီအားပေးနိုင်ပါတယ်။ တချို့ကလေးတွေကတော့ အရုပ်ကားလေးတွေ တွန်းရင်းလျှောက်ရတာကိုနှစ်သက်တတ်ကြတယ်။ ဒါဟာသူတို့ကိုအမှီအသဟဲတစ်ခုအဖြစ်ဆောင်ရွက်နိုင်ပြီး သူတို့လှုပ်ရှားမှုကိုထောက်ပံ့ပေးပါတယ်။ ကျယ်ပြန့်ပြီး အဖုအထစ်၊ အဟန့်အတားမရှိတဲ့ ကြမ်းပြင်တစ်ခုလည်းဖြစ်သင့်ပါတယ်။ တံခါးတွေကိုသော့ခတ်ထားသင့်ပြီး သန့်ရှင်းရေးပစ္စည်းတွေ အဆိပ်ရှိနိုင်တဲ့ပစ္စည်းတွေကို ကလေးတွေမမှီနိုင်မယ့် စင်အမြင့်ပေါ်မှာတင်ထားသင့်ပါတယ်။ နောက်ပြီး ကလေးငယ်ရဲ့ပုခတ်ဟာလည်း အနိမ့်နေရာမှာသာရှိသင့်ပါတယ်။

ကျန်းမာဖို့၊ လုံခြုံဖို့

ဆရာဝန်နှင့် ဘာတွေ ဆွေးနွေးသင့်ပါသလဲ။

ဒီအရွယ်မှာ ပုံမှန်စစ်ဆေးဖို့ရက်ချိန်းမပေးတတ်ပါဘူး။ ဒီအရွယ်ကလေးတော်တော်များများဟာ ဆရာဝန်ဆီသွားရတာမနှစ်သက်တတ်တာမို့ ဒီအချက်ဟာ ကောင်းတယ်လို့တောင်ဆိုရမလိုပါပဲ။ တကယ်လို့တစ်ခုခု စိတ်ပူစရာမျိုးရှိရင်တော့ ဆရာဝန်ချက်ခြင်းသွားပြပါ။

ဘာတွေသိသင့်လဲ။

အာလူးဘုသီးထခြင်း

ဟိုဟိုဒီဒီလျှောက်သွားတတ်စ ကလေးငယ်တွေခေါင်းမှာ အာလူးဘုသီးလေးတွေထတတ်တာက သိပ်မဆန်းသလို ကြီးကျယ်တဲ့ထိခိုက်မှုလည်းမဖြစ်စေပါဘူး။ သင်ဟာသူတို့ကိုချော့ပေးရမှာပေမယ့် သိပ်လည်းအပိုတွေလုပ်စရာမလိုပါဘူး။ ရောင်ရမ်းခြင်းလျော့ဖို့ မိနစ် ၂၀ လောက်ရေခဲကပ်ပေးခြင်းဟာလုံလောက်ပြီး ထိုရေခဲကပ်စဉ်မှာ ကလေးငြိမ်နေဖို့အတွက်တော့ သူတို့ကိုအာရုံလွှဲထားပါ။

ဒါပေမယ့် တကယ်လို့ ကလေးကသတိလစ်သွားတယ်ဆိုရင် ဆေးရုံအမြန်သွားပါတော့။ အသက်မရှူဘူးထင်ရင် ရှေးဦးသူနာပြု အသက်ကယ်နည်းအရင်လုပ်ပြီးမှ ဆေးရုံကိုအမြန်ခေါ်သွားပါ။

အတိအကျဆိုရလျှင် ကလေးကအန်နေမယ်၊ ကြောင်တောင်တောင်ဖြစ်နေမယ်၊ စူးစူးရဲရဲအော်ဟစ်ငိုယိုနေမယ်၊ ဒါမှမဟုတ် မှိန်းနေမယ် မူးနေမယ်၊ ကြီးမားသိသာတဲ့ဘုဖြစ်နေမယ်၊ သွေးထွက်တဲ့ရှရာရမယ်၊ နားနောက် သို့မဟုတ် ဦးရေပြားရဲ့နူးညံ့တဲ့နေရာတွေမှာ အညိုအမည်းစွဲသွားမယ်၊ မျက်လုံးရဲ့မျက်ဖြူသားမှာ သွေးစက်သို့မဟုတ် အမည်းရောင်၊ အပြာရောင် အစက်တွေပေါ်နေမယ်၊ ပါးစပ် နှာခေါင်း သို့မဟုတ် နားဆီက အရည်ကြည်၊ ပန်းရောင် သွေးရောင် အရည်တွေကျနေမယ်ဆိုရင်လည်း ဆေးခန်းအမြန်ဆုံးခေါ်သွားရပါမယ်။

သင့်ကလေးထိခိုက်ပြီးခေါင်းမှာဘုထမျိုး အားလုံးကို ကာကွယ်မပေးနိုင်ပါဘူး။ ဒါပေမယ့် ဒါလေးတွေတော့ လုပ်နိုင်ပါတယ်။

• မီးအိမ်ကဲ့သို့အရာများကို ကလေးလက်လှမ်းမီရာမှ ဖယ်ထားပါ။

• သူတို့ခုံတွေ၊ ပရိဘောဂတွေပေါ်ကဆင်းရင် ဘေးကနေစောင့်ကြည့် ဂရုစိုက်နေပါ။

• ပရိဘောဂအစွန်းထောင့်တွေကို ကာထားပါ၊ ခြေသုတ်ခုံများ ကြမ်းပေါ်မှရွေ့မသွားရန် အောက်ကတစ်ခုခုခံခင်းပါ။

• ကလေးကစားပွဲပေါ်တက်နေရင်၊ ဈေးဝယ်ခြင်းထဲဝင်ထိုင်နေရင် ဂရုစိုက်ကြည့်နေပါ။ နေရာမှာမြဲနေအောင်ထိန်းထားပါ။ သူတို့အပေါ်ယုံစားထားလို့မရဘူးဆိုတာ မမေ့ပါနဲ့

• ပုခတ်ခြင်းထဲမှာ မတ်တပ်ရပ်နိုင်ပြီဆိုတာနဲ့ ပုခတ်ခြင်းကိုခပ်နိမ့်နိမ့်နေရာမှာထားပါ။

ပုခတ်ခြင်းဘေးကင်းစေရန်

ကလေးဟာ ပိုတက်ကြွလှုပ်ရှားပြီး ပိုစူးစမ်းလာတာနဲ့အမျှ ကမ္ဘာကြီးက ပိုမိုပွင့်အံလာပြီး အမြင်ပိုကျယ်လာသလို ထိခိုင်နိုင်ချေတွေလည်း များလာပါတယ်။ သင့်ရဲ့စူးစမ်းလေ့လာသူပေါက်စလေးအတွက် အကာအရံနဲ့ သူတို့ပုခတ်ခြင်းက အန္တရာယ်အကင်းဆုံးနေရာလို့ ထင်စရာရှိပေမယ့် တကယ်တော့ အဲ့လောက်ဘေးမကင်းတော့ပါဘူး။ တချို့ကလေးတွေက ခြင်းထဲကထွက်ဖို့မကြိုးစားပေမယ့် ကလေးအများစုကတော့ ထွက်ဖို့ကြိုးစားတတ်ကြပါတယ်။ ဒါကြောင့်သင်က ဆိုးရွားတဲ့ကိစ္စတွေဖြစ်မလာဖို့အတွက်-

• ပုခတ်ခြင်းကိုနိမ့်နိုင်သမျှ အနိမ့်ဆုံးနေရာမှာထားပါ၊ ထောက်ပံ့ထားတဲ့အရာတွေလည်း ပြုတ်ထွက်မသွားအောင် မကြာခဏစစ်ဆေးပါ။

• ပုခတ်ထဲမှာ အရုပ်အကြီးတွေမထားပါနဲ့၊ ကလေးကဒါကိုခုပြီး ထွက်ဖို့ကြိုးစားနိုင်ပါတယ်

• ခေါင်းအုံးတွေနဲ့ နူးနူးညံ့ညံ့စောင်တွေအသုံးပြုပါ၊ ပုခတ်ပေါ်မှာ အမိုးမထားပါနဲ့

• ပရိဘောဂတွေ၊ နံရံတွေနဲ့ အနည်းဆုံး ၃၀စင်တီမီတာအကွာမှာထားပါ။ တွယ်တက်နိုင်ပါတယ်။ လိုက်ကာခန်းဆီးတွေ၊ ပြတင်းပေါက်တွေမှလည်း ဝေးဝေးထားပါ။

• တကယ်လို့ ကလေးကထွက်ဖို့ကြိုးစားတယ်ဆိုရင် သူတို့ပြုတ်ကျတဲ့အခါ ခံထားနိုင်အောင် ခေါင်းအုံးတွေ နူးညံ့တဲ့စောင်တွေကို ပုခတ်ပတ်လည် ကြမ်းပြင်ပေါ်မှာချထားပါ။

• ကလေးအရပ် ၉၀စင်တီမီတာလောက်ရောက်ပြီဆိုရင်တော့ ကုတင်ပြောင်းသင့်ပါပြီ။

စိတ်ပူတာတွေ

ဘာတွေစိတ်ပူလဲ

ဘယ်သန်လား၊ ညာသန်လား

တံခါး၊ မီးပူ၊ အသီးခွာတံ၊ ကပ်ကြေး၊ စားပွဲပေါ်မှာ ပြင်ဆင်ထားတဲ့ ပစ္စည်းတွေဟာ များသောအားဖြင့် ညာသန်တွေအတွက် ပြင်ဆင်ထားတာများပါတယ်။ အရင်တုန်းက မိဘတွေဟာ ကလေးတွေကို ညာသန်ဖြစ်စေဖို့ သူတို့ညာဘက်ကိုသာအသုံးပြုဖို့ အားပေးစေခိုင်းလေ့ရှိပါတယ်။ ဒီလိုလုပ်ခြင်းဟာ ကလေးတွေကိုသင်ယူမှုစွမ်းရည်တော်တော်များများ ထိခိုက်စေပါတယ်။ ဒါကြောင့် ကလေးရဲ့လက်သန်မှုကို အတင်းအကြပ်မပြောင်းသင့်ပါဘူး။ ဘယ်သန်၊ ညာသန်ခြင်းဟာ မျိုးရိုးဗီဇဆက်နွယ်မှုနဲ့လည်းဆိုင်နေမယ်လို့ ထင်ကြပါတယ်။ ဘယ်သန်ခြင်း ၊ ညာသန်ခြင်းဟာ ဦးနှောက်ရဲ့ဘယ်ဘက်ခြမ်း၊ ညာဘက်ခြမ်း ကွာခြားမှုပေါ်မှာမူတည်ပါတယ်။ ဘယ်သန်လေးတွေမှာ ဦးနှောက်ညာခြမ်းကပိုသန်ပြီး အကွာအဝေးချိန်ဆတာနဲ့ဆိုင်တဲ့ အလုပ်မျိုး၊ နေရာမျိုးတွေမှာ ပိုကျွမ်းကျင်သူတွေဖြစ်လာစေပါတယ်၊ ဥပမာ-အားကစား၊ ဗိသုကာပညာ၊ ပန်းချီပန်းပု အနုပညာ။ ယောက်ျားလေးတွေဟာ မိန်းကလေးတွေထက်ပိုပြီး ဘယ်သန်ဖြစ်နိုင်ခြေရှိတဲ့အတွက် ယောက်ျားဟော်မုန်းတစ်မျိုး တက်စ်တိုစတီရုန်းဟာလည်း ဦးနှောက်အခြမ်းဖွံ့ဖြိုးမှုနဲ့ လက်သန်မှုပေါ်လွှမ်းမိုးနိုင်တယ်လို့လည်း ယူဆကြပါတယ်။

အလေးအများစုဟာ အစပိုင်းမှာ လက်နှစ်ဖက်လုံးကိုတူတူသုံးတတ်ကြပါတယ်။ တချို့ကတော့ လအနည်းငယ်ကတည်းက ပိုအားသန်တဲ့ဘက်ရှိလာတတ်ပြီး တချို့ကတော့ တစ်နှစ်ပြည့်မှရှိလာတတ်ပါတယ်။ တချို့ကတော့ တစ်ဖက်ကိုအားသန်နေရာမှ နောက်တစ်ဖက်ပြောင်းသွားတတ်တယ်။ အရေးကြီးတာကတော့ သူ့အတွက်အဆင်ပြေဆုံးနဲ့သာ အသုံးပြုခိုင်းသင့်ပါတယ်။

နောက်တစ်ပတ်မှာလည်း သင့်ကလေးလေးက ဘယ်လိုဖွံ့ဖြိုးပြောင်းလဲဦးမလဲ ကြည့်လိုက်ရအောင်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 02/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement