ကလေးကိုဂရုစိုက်ပြုစုဖို့ ဘာတွေသိဖို့လိုအပ်သလဲ
ဖွံ့ဖြိုးကြီးထွားမှုနဲ့ အပြုအမူ
ကလေးဟာဘယ်လိုဖွံ့ဖြိုးလာသင့်သလဲ။
သင့်ကလေးရဲ့ ဝေါဟာရတွေဟာ ခုချိန်တွေမှာအလျင်အမြန်ကိုတိုးတက်လာတော့မှာပါ။ ပထမမှာသူကတစ်လုံးတည်းရှိတဲ့စကားတွေ အမည်တွေပြောနေပေမဲ့ သိပ်မကြာခင်မှာတော့ အဲ့ဒီစကားလုံးတွေနဲ့တွဲသုံးလို့ရတဲ့ စကားလုံးတွဲတွေကိုပါပြောတတ်လာတော့မှာပါ။
ခုချိန်မှာသင့်ရဲ့ ၁၉လ ကလေးလေးဟာမျက်လုံးနဲ့လက်လှုပ်ရှားမှုတွေတစ်ထပ်တည်းကျလာမယ်။ ခြေထောက်နဲ့လက်မောင်းကြွက်သားတွေသန်မာလာပြီးတော့ လှုပ်ရှားနိုင်တဲ့စွမ်းရည်တွေကိုလှေကားအတက်အဆင်းပြုလုပ်ခြင်းကနေရလာပါလိမ့်မယ်။ ဒီလှုပ်ရှားနိုင်တဲ့စွမ်းအားကိုသူဘယ်လိုအသုံးပြုလဲဆိုတာကတော့ သူ့ရဲ့ပင်ကိုယ်အရည်အချင်းပေါ်မှာမူတည်ပါတယ်။ တက်ရခက်ခဲတဲ့နေရာတွေမှာဘယ်နေရာလေးပဲခြေကုပ်ရရရအောင်နေတတ်ကြတဲ့ တောင်ဆိတ်တွေလိုမျိုးသူ့ခုံပေါ်ကနေခုတင်ပေါ်ကို ၊ သူ့အတွက်ခြံဝင်းလေးထဲကနေ မီးဖိုထဲကိုဘယ်လိုသွားရသလဲဆိုတာကိုသူသေချာလေ့လာနေနိုင်ပါတယ်။ အဲ့လိုတွေ တက်တတ်နေတာကောင်းပေမဲ့ အန္တရာယ်ကင်းဖို့လိုပါတယ်။
သင့်ကလေးဟာ ရုတ်တရက်အိပ်ရာဝင်ရမှာကိုငြင်းဆန်တတ်တာမျိုးဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ရတာကသူမပါဘဲနဲ့ ကမ္ဘာကြီးဟာပိုပျော်စရာကောင်းတယ်လို့သူထင်နေလို့ပါ။ သူကပျင်းစရာကောင်းတဲ့အိပ်ရာထဲမှာတစ်ယောက်တည်းနေနေရချိန်မှာဖေဖေနဲ့မေမေကပျော်စရာတွေအများကြီးနဲ့ အရမ်းပျော်နေကြမှာပဲလို့ ထင်နေပါတယ်။ အထူးသဖြင့် လူတွေစကားပြောတာနဲ့ TVထဲကအသံတွေကို ကြားနေရတဲ့ကလေးတွေမှာဒီလိုဖြစ်ရပ်မျိုးပိုဖြစ်တတ်ပါတယ်။
ကလေးကိုဘယ်လိုကူညီထောက်ပံ့ပေးမလဲ။
ဒီအချိန်ဟာ ရေအိမ်ဝင်တတ်အောင်သင်ပေးတာကို အရှိန်မြှင့်ပေးဖို့ အကောင်းဆုံးအချိန်ပါ။ ခြေထောက်ထောက်ထားလို့ရပြီးအိုးပါတဲ့ထိုင်ခုံလေးတွေနဲ့သင်ပေးတာကအလွယ်ကူဆုံးနည်းလမ်းဖြစ်မှာပါ။ တပ်ထားတဲ့ ရေအိမ်ထိုင်ခုံကအနည်းငယ်တော့ ဆန်းကြယ်နေပါမယ်။ ဒီရေအိမ်ကိုသုံးတတ်ဖို့အတွက် သင့်ကလေးဟာခြေနင်းခုံတွေကိုအသုံးပြုပြီးရေအိမ်ပေါ် သူကိုယ်တိုင် တစ်ယောက်တည်းတက်သွားနိုင်တဲ့ အသက်အရွယ်ရှိရမှာဖြစ်ပြီးနာခံတတ်ဖို့လည်းလိုပါတယ်။
အရမ်းကိုနာခံတတ်ပြီးပျော်ရွှင်နေတတ်တဲ့ကလေးတွေတောင်မှ တစ်ခါတလေမှာငိုတတ်၊ အီတတ်ပြီးတစ်ခုခုကိုအကြောက်အကန် ကိုင်ထားတတ်ကြပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် သူစိတ်တိုင်းမကျတာစိတ်ညစ်နေတာတွေကိုသင်သိနေကြောင်းပြောပြပါ။ သူ့ခံစားချက်လေးတွေကိုအသိအမှတ်ပြုပေးပါ။ ဒါပေမဲ့ ဒီလိုအခြေအနေကနေလွတ်ရင်ပြီးရောဆိုပြီးမလုပ်ပါနဲ့။ တကယ်လို့သူကငိုနေမယ်၊အကြောက်အကန်ငြင်းနေမယ်ဆိုရင် ထွေးပွေ့ထားပေးတာနဲ့ အနည်းငယ်အာရုံလွှဲပေးလိုက်ပါ။ အလုပ်ဖြစ်မှာပါ။ တကယ်လို့ အီနေမယ်ဆိုရင် “သားဘာလို့ဒီလိုလုပ်နေလဲနားမလည်ဘူး။ သားဘာကိုလိုချင်နေတာလဲ”ဆိုပြီးမေးပါ။ ရှင်းပြပါ။ သင့်ကလေးကတော့ ငယ်လွန်းသေးတဲ့အတွက် လက်တွေ့ကျကျ ဖြစ်နိုင်တာတွေကိုစဉ်းစားတွေးတောနိုင်မှာမဟုတ်သေးပါဘူး။
ကျန်းမာရေးနှင့်လုံခြုံမှု
ဆရာဝန်နဲ့ ဘာတွေတိုင်ပင်ဆွေးနွေးသင့်သလဲ။
နေမကောင်းတဲ့ကလေးငယ်လေးကို ဆရာဝန်ဆီခေါ်သွားတဲ့အခါမှာ သင့်ကလေးဟာကြောက်ရွံ့မှုနဲ့ မကောင်းတဲ့ခံစားမှုတွေကိုရကောင်းရနေနိုင်ပါတယ်။ သင့်ရဲ့ ၁၉လအရွယ်ကလေးက ဆရာဝန်ကို ဆေးထိုးလို့နာတဲ့ခံစားမှုနဲ့ ဆက်စပ်ပြီးတွေးလိုက်နိုင်ပြီးနောက်ဘာဆက်ဖြစ်လာမလဲခန့်မှန်းနေတော့မှာပါ။
ဆေးခန်းကိုကလေးအကြိုက်ဆုံးတိရစ္ဆာန်ရုပ်လေးတွေ စာအုပ်လေးတွေယူလာပြီးစောင့်နေရတဲ့အချိန်မှာအာရုံလွှဲထားပါ။ ်စမ်းသပ်နေတဲ့အချိန် ကလေးကိုသင့်ပေါင်ပေါ်မှာထိုင်ခိုင်းထားလို့ရသလားလို့ ဆရာဝန်ကိုမေးပါ။
ဘာတွေသိသင့်သလဲ။
စကားအရမ်းပြောတဲ့ကလေးတွေရှိသလိုစကားသိပ်မပြောတဲ့ကလေးတွေလည်းရှိပါတယ်။ စကားပြောနောက်ကျတာနဲ့ပတ်သက်ပြီးစိုးရိမ်ဖို့ကတော့ စောလွန်းနေပါသေးတယ်။ ဒါပေမဲ့ခုချိန်ထိ စကားလုံး၁၅လုံးလောက်မှ မပြောရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပါ။ ပြဿနာတစ်ခုခုရှိနေသလားဆိုတာအဖြေထုတ်နိုင်တဲ့ စကားပြောခြင်းဆိုင်ရာကျွမ်းကျင်သူနဲ့တိုင်ပင်ပါ။
စိုးရိမ်ပူပန်မှုများ
ဘာတွေကိုစိတ်ပူနေတာလဲ။
သင်နဲ့သင့်ကလေး ဝမ်းပျက်တာ ဗိုက်နာတာတွေအများဆုံးဖြစ်ရတဲ့ အဓိကတရားခံကအစာအဆိပ်သင့်စေနိုင်တဲ့ ဘက်တီးရီးယားတွေပါ။ ရောဂါလက္ခဏာတွေပြဖို့ ၂ရက်နဲ့အထက်ကြာပါတဲ့အတွက် ဘာကအဲ့ဒီလိုဖြစ်စေတာလဲဆိုတာသင်သိမှာမဟုတ်ပါဘူး။ အစားအသောက်ထဲကဘက်တီးရီးယားတွေဟာအခန်းအပူချိန်မှာဆိုရင် မိနစ်၂၀တိုင်းမှာ ၂ဆ ၂ဆစီတိုးနေတာပါ။ အရွယ်ရောက်ပြီးသားလူတစ်ယောက်ကိုလဲကျသွားစေဖို့ ဘက်တီးရီးယားထောင်ဂဏန်းပဲလိုပါတယ်။ ကလေးတွေကငယ်သေးတဲ့အတွက် အစာအဆိပ်သင့်ဖို့ရာပိုပြီးလွယ်ကူပါတယ်။ ဘက်တီးရီးယားတွေ မပွားလာဖို့ မီးဖိုချောင်သန့်ရှင်းနေဖို့ အမြဲဂရုပြုပါ။ အစားအစာတွေကိုကောင်းကောင်းချက်ပြုတ်ပြီးရင် ရေခဲသေတ္တာထဲမှာထားပါ။
သင့်ကလေးက လ၂၀မြောက်မှာဘယ်လိုတွေ တိုးတက်လာမလဲကြည့်ရအောင်။
[embed-health-tool-baby-poop-tool]