brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

13 လအရွယ်ကလေးငယ်

သင့်ရဲ့၁၃လအရွယ်ကလေးကို ဂရုစိုက်ပြုစုဖို့ ဘာတွေသိဖို့လိုအပ်လဲ

ဖွံ့ဖြိုးကြီးထွားမှုနဲ့ အပြုအမူများ

13 လအရွယ်ကလေးငယ်

အစားအသောက်ပုံစံပဲပြောင်းလဲတာမဟုတ်ပါဘူး။ အိပ်စက်တဲ့အလေ့အထလည်းပြောင်းလဲလာပါတယ်။ သူဟာအရင်က အအိပ်ကြီးအိပ်တဲ့ ကလေးတစ်ယောက်ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ညသန်းခေါင်မှာရုတ်တရက်ကြီးနိုးလာတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ၁၂လကနေ ၁၄လအအတွင်း ကလေးတွေဟာအိပ်မက်မက်တတ်လာကြပါပြီ။ အိပ်မက်တွေဟာ ကလေးတွေ အော်ဟစ်ပြီးနိုးလာသည်အထိ ခြောက်လှန့်တတ်ပါတယ်။ သူအိပ်ပျော်သွားတဲ့ထိ သူနဲ့အိပ်ပေးခြင်းအားဖြင့် သူ့စိတ်ကို သက်သာရာရစေမှာပါ။ ဒါဟာလည်း မကြာခင်ပြီးသွားပါလိမ့်မယ်။

ကလေးကိုဘယ်လိုထောက်ပံ့ရမလဲ။

တစ်ခါတလေ အစားအသောက်ဂျီးများတဲ့ကလေးတစ်ယောက်ရှိတာဟာ အတော်ကြီးကို စိတ်ပင်ပန်းစရာ ကောင်းပါတယ်။ သင့်ရဲ့လမ်းလျှောက်တတ်ကာစကလေးငယ်လေးကိုတော့ ပိုစားဖို့ တွန်းအားတွေမပေးလိုက်ပါနဲ့။ အဲ့လိုဖိအားပေးမဲ့အစား သူစားနိုင်သလောက်ပဲစားပါစေ။ သူဘယ်လောက်စားမလဲဆိုတာကို သင်မထိန်းချုပ်နိုင်ပေမဲ့ သူဘာတွေစားမလဲဆိုတာကိုတော့ သင်ထိန်းချုပ်နိုင်ပါတယ်။ အစာစားချိန်တိုင်းမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစာအမျိုးမျိုးကျွေးပေးပါ။ သကြားလုံးတွေ အချိုတည်းစာတွေနဲ့ ကျန်းမာရေးနဲ့မညီညွတ်တဲ့စားစရာတွေကိုတော့ မစားခိုင်းပါနဲ့။ ကလေးဟာ အစာလုံလုံလောက်လောက်မစားဘူးလို့ထင်ပြီး သင်စိတ်ပူကောင်းစိတ်ပူနေပါလိမ့်မယ်။ မပူပါနဲ့။ သူကောင်းကောင်းဖွံ့ဖြိုးကြီးထွားနေသမျှတော့ သူဟာအားလုံးအဆင်ပြေနေပါတယ်။

ကျန်းမာရေးနှင့် လုံခြုံရေး

ဆရာဝန်နဲ့ဘာတွေဆွေးနွေးရမလဲ။

အရင်လကစစ်ဆေးထားတဲ့ တစ်နှစ်ပြည့်မှတ်တမ်းဟာ သင့်မှာရှိပြီးသားဖြစ်နိုင်ပါတယ်။ သင့်ကလေးကိုဘယ်အချိန်မှာစစ်ဆေးရမလဲဆိုတာ အချိန်ဇယားမလုပ်ရသေးရင်တော့ ဒီလက အကောင်းဆုံးပါပဲ။ သင့်ကလေးရဲ့ စားသောက်နေထိုင်မှု အိပ်စက်ခြင်းအလေ့အထနဲ့ အပြုအမူတွေပြောင်းလဲသွားတာတွေကို ဆရာဝန်ကို ပြောပြသင့်ပါတယ်။

ဘာတွေသိသင့်လဲ။

အချို့သောစားစရာတွေဟာ ဓါတ်မတည့်မှုတွေဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်သင့်ရဲ့ဆရာဝန်က သင့်ကလေး၁နှစ်အရွယ်ရောက်တဲ့ထိစောင့်ခိုင်းတာပေါ့။ အခုတော့ သင့်ကလေးဟာ ၁၃လတောင်ရှိနေပြီလေ။ ဒီအစားအစာတွေကို ဖြည်းဖြည်းချင်းစမ်းကျွေးသင့်တဲ့ အရွယ်ရောက်လာပြီပေါ့။ ဒီအစားအစာတွေကို ဘယ်လိုစကျွေးရမလဲဆိုတာသိဖို့တော့ အရေးကြီးပါတယ်။ အောက်ပါအချက်တွေကို သင်လုပ်ကြည့်သင့်တယ်။

  • ဘယ်အစားအစာတွေက ဓါတ်မတည့်မှုတွေဖြစ်စေနိုင်တယ်ဆိုတာသိနေပါစေ။ အဲ့ဒီလိုအစားအစာတွေထဲမျာ ဥတွေ၊ အခွံမာသီးတွေ၊ စတော်ဘယ်ရီတွေ၊ ပျားရည်၊ နွားနို့နဲ့ ခရမ်းချဉ်သီးတွေ ပါပါတယ်။
  • အချိန်တစ်ချိန်မှာ အစာတစ်မျိုးပဲကျွေးပါ။ ဒီနည်းလမ်းနဲ့ဆိုရင် ဘယ်လိုတုံ့ပြန်မှုကိုမဆို သင်သိနိုင်ပါတယ်။ များသောအားဖြင့် ၄-၅ရက်ကြာပြီးမှ အစာသစ်ကိုကျွေးပါ။
  • ဒိုင်ယာရီလုပ်ထားပါ။ အစားအစာတစ်ခုကျွေးကြည့်လို့ဖြစ်လာတဲ့ တုံ့ပြန်မှုကို လေ့လာဆန်းစစ်နေဖို့က အရေးကြီးပါတယ်။ ဒါဟာအစားအသောက်ဓါတ်မတည့်မှု ဖြစ်နိုင်တာလည်းရှိသလို မဖြစ်နိုင်တာလည်းရှိပါတယ်။ သင့်အစားအသောက်ဒိုင်ယာရီကို ဆရာဝန်ဆီယူသွားပြီး လေ့လာဆန်းစစ် ဆုံးဖြတ်ခိုင်းနိုင်ပါတယ်။
  • စိုးရိမ်ပူပန်မှုများ

    ဘာကိုစိတ်ပူနေတာလဲ။

    အရာဝတ္ထုတွေ ပစ္စည်းတွေနဲ့ မတော်တဆတိုက်မိတာမျိုး ပြုတ်ကျတာမျိုးဖြစ်မှာကို သင်စိတ်ပူနေနိုင်ပါတယ်။ သင့်ကလေးကို အလွန်အမင်းကာကွယ်နေတာမျိုးမလုပ်ပါနဲ့။ သူဟာအနာတရတွေဖြစ်မယ် အမာရွတ်တွေထင်နေမယ်။ ဒါဟာ ဘဝရဲ့အစိတ်အပိုင်းတစ်ခုပါပဲ။ အဲ့လိုတွေဖြစ်ခြင်းကနေ သူဟာပိုပြီးဂရုစိုက်တတ်လာလိမ့်မယ်။ သင့်ကလေးကိုပေးနိုင်တဲ့အကောင်းဆုံးထောက်ပံ့မှုကတော့ လွတ်လွတ်လပ်လပ်ပေးကစားလိုက်ပါ။ ဒါက သူ့ရဲ့ဖွံ့ဖြိုးမှုကို အထောက်အပံ့ပေးပါလိမ့်မယ်။ ကစားခြင်း လဲကျခြင်းတွေကြောင့် သင့်ကလေးက သူ့ရဲ့ခန္ဓါကိုယ်နဲ့ သူ့ရဲ့ပတ်ဝန်းကျင်တွေအကြောင်းကို သိလာပါလိမ့်မယ်။ ဒါတွေကပဲ သူလဲကျတဲ့အခါမှာ ဘယ်လိုထရသလဲဆိုတာကို သင်ပေးပါလိမ့်မယ်။ နောက်ပိုင်းမှာတော့ သူဟာ အမေကိုပဲအားကိုးနေတတ်တဲ့ ကလေးဖြစ်လာတော့မှာမဟုတ်ပါဘူး။

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Wathun Myat Chal မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/08/2022 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။