backup og meta

ကလေးများသည် ဘာကြောင့် တစ်နေ့လျှင် သုံးနပ်စားဖို့ လိုအပ်သလဲ

တစ်နေ့ကို အစာသုံးကြိမ်စားခြင်းသည် ဟိုးရှေးယခင် အချိန်များကတည်းက စာအုပ်များတွင် ဖော်ပြထားပြီး ကလေးများအတွက် ကျန်းမာရေးကောင်းစေမည့် အရေးကြီးသည့်အချက်ဖြစ်ပါသည်။

ထိုသို့စားခြင်းသည်အရသာကိုလည်းကောင်းစေသလို အစာများကိုလည်း ပုံမှန်အတိုင်းစားနိုင်စေပါသည်။ မိဘများအနေဖြင့် မိမိကလေးများကို ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ စားတတ်စေရန် ကူညီပေးရမည်ဖြစ်ပါသည်။

မနက်စာမစားခြင်းသည် အများထင်ထားသလို ကိုယ်အလေးချိန်မကျစေဘဲ ကိုယ်အလေးချိန်ကို ပိုတိုးစေပါသည်။ မနက်စာစားခြင်းဖြင့် စွမ်းအင်များရရှိကာ ကျောင်းတွင်လည်း စာများကို အာရုံစူးစိုက်နိုင်မည်ဖြစ်ပါသည်။

ကလေးများသည် နေ့လည်စာကိုကျောင်းမှာ စားကြရပါသည်။ ထို့ကြောင့် နေ့လည်စာကို အခြားအချိန်များထက် သကြားဓါတ်နည်းပြီး အာဟာရဓါတ်နှင့်ကျန်းမာစေသော အဆီဓါတ်များ ပိုပါအောင် စီစဉ်ပေးသင့်ပါသည်။

ပုံမှန်အားဖြင့် ညစာတွင် အာဟာရတန်ဖိုးများစွာပါဝင်သည့်အတွက် ကလေးများ၏ ကြီးထွားဖွံ့ဖြိုးမှုကို အဓိကအားပေးခြင်းဖြစ်ရာ ညစာမစားခြင်းသည် ကလေးများ၏ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေပါသည်။

အကောင်းဆုံး အာဟာရတန်ဖိုးများရရှိအောင် ကြိုးစားခြင်း

တစ်နေ့တွင် သုံးနပ်စားခြင်း၏ အကျိုးကျေးဇူးတစ်ခုမှာ ကလေးများသည် တနေကုန် စွမ်းအင်များ သူ့အချိန်နှင့်သူရရှိနေသည့်အတွက် ထမင်းတစ်နပ်နှင့် တစ်နပ်ကြားတွင် အလွန်အမင်းဆာလောင်ခြင်းများ မဖြစ်တော့ပါ။ ထို့ပြင် သင့်တင့်သော ကယ်လ်လိုရီများပါဝင်သော အစားအစာများဖြစ်သည့်အတွက် ကလေးများသည် စားပြီးတိုင်းစိတ်ကျေနပ်မှုကို ရရှိမည်ဖြစ်ပါသည်။ ကလေးများသည် တစ်နေကုန်ဆော့နေခြင်းကြောင့် အစာမစားနိုင်လျှင် ကယ်လ်လိုရီများလောင်ကျွမ်းသွားမည်ဖြစ်ပါသည်။ ထို့ပြင် ကလေးများသည် ကယ်လ်လိုရီများသော သရေစာများကို စားမိသောကြောင့် တစ်နေ့ကို သုံးကြိမ်ထက်လျော့စားလျှင် အလွန်အမင်းဆာလောင်ခြင်းများ၊ ကျန်းမာရေးနှင့် ညီညွတ်သောအစာများကို မရွေးချယ်တတ်သော အကျင့်များဖြစ်လာစေပါသည်။

အရည်အသွေးနှင့် ပမာဏ

ကလေးများစားသော အစားအစာများနှင့် သူတို့စားသော အကြိမ်အရေအတွက်ကြားထဲတွင် ကွာခြားမှုများ ရှိပါသည်။

အစာစားချိန် ကျော်သွားခြင်းသည် သင့်ကျန်းမာရေးအတွက် လိုအပ်သော အာဟာရဓါတ်များကို အစာစားချိန် တစ်ခုနှင့် တစ်ခုကြားတွင် အချိန်ကြာမြင့်စွာ ကွာဟမှုဖြစ်ခြင်းကြောင့် ကျန်းမာရေးကို ထိခိုက်စေပါသည်။ မနက်စာ၊ နေ့လည်စာနှင့် ညစာကို ပုံမှန်စားပါက အမျိုးမျိုးသော အစားအစာများကို စားရမည့်အပြင် ယေဘူယျအားဖြင့် အမျိုးမျိုးသော အာဟာရဓါတ်များ ကြွယ်ဝစေပါသည်။ သရေစာများအနေဖြင့် အသီးအနှံများ၊ အရွက်များ၊ အစေ့အဆန်များနှင့် ကျန်းမာစေသော အသားဓါတ်များကို စားခြင်းဖြစ်သင့်ပါသည်။ ထိုသို့မဟုတ်လျှင် ကလေးများသည် သရေစာများအနေနှင့် အာလူးကြော်များ၊ သကြားလုံးများကို ပူဆာလေ့ရှိသောကြောင့် ဖြစ်ပါသည်။

မိဘများ အနေနှင့် ဘာလုပ်သင့်သလဲ။

  • မိသားစုဝင်များအားလုံးအတွက် အဆင်ပြေစေမည့် အစားအစာများနှင့် သရေစာများကို ပြင်ဆင်ပေးပါ။ ကလေးများ မိသားစုဝင်များနှင့် လက်ဆုံစားပါ။
  • ကလေးများကို အာဟာရအုပ်စုများထဲမှ အမျိုးမျိုးသော အစားအစာများကို ပါဝင်အောင်ကျွေးပါ။ (ဥပမာ- ဟင်းသီးဟင်းရွက်များ၊ အသီးများ၊ အစေ့အဆန်များ၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ အသားများ)ကို အစာစားချိန်များတွင် မျှတအောင် ထည့်ချက်ပေးပါ။ သရေစာများတွင်လည်း အစာအုပ်စု ၄စုထဲမှ အနည်းဆုံး ၂စုပါအောင် စီစဉ်ပါ။
  • အစားအစာများကို ကလေးများ အလွယ်တကူ ကိုင်တွယ်စားသောက်နိုင်ရန် စီစဉ်ပေးပါ။
  • ကလေးများကို ဇွန်းများ၊ ခွက်များဖြင့် စားသောက်ပုံကိုသင်ပေးခြင်းဖြင့် သူတို့ဘာသာ အမှီအခိုကင်းကင်း စားတတ်လာစေမည်ဖြစ်ပါသည်။
  • အစားအစာ အပြင်အဆင်များနှင့် စားပွဲအပြင်အဆင်များကို ကလေးများ၏ အသက်နှင့်လိုက်ပြီး လိုအပ်သလို ပြင်ဆင်ပေးပါ။
  • အချိုပွဲများကိုလည်း အဆီအဆိမ့်များသော အစားအစာများအစား အသီးများ၊ ဒိန်ချဉ်များ စီစဉ်သင့်ပါသည်။
  • ဈေးဝယ်ရာတွင်လည်း ကလေးများကို အစားအစာများ၏ တံဆိပ်ကိုကြည့်ပြီး အမျိုးအစားများခွဲတတ်စေရန်၊ ဈေးနှုန်းများ ကြည့်တတ်စေရန် မိဘများက သင်ပေးသင့်ပါသည်။
  • အသင့်စားအစားအစာများရောင်းသည့်ဆိုင်များတွင် ကလေးများအား ပုံမှန်ထမင်းစားချိန်များတွင် သွားရောက်စားသောက်စေခြင်းများကို ကန့်သတ်ထားပြီး အိမ်ချက် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို မိသားစုနှင့် အတူစားတတ်သော အကျင့်ကို မွေးမြူပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Why Is It Healthy to Eat Three Meals a Day?
http://www.livestrong.com/article/43876-eat-three-meals-day/
Accessed: February 17 2017

Most Kids Don’t Eat Three Meals A Day, Study Says
http://time.com/3635985/school-lunches-snacks/
Accessed: February 17 2017

Healthy eating for children
http://www.caringforkids.cps.ca/handouts/healthy_eating_for_children
Accessed: February 17 2017

ယခုပုံစံ

09/08/2022

Dr. K Zin Thwe မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးတွေကို ဘာလို့ ပျားရည် မတိုက်သင့်တာလဲ

ကလေးတွေမှာ အစာအိမ်အနာနဲ့ ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. K Zin Thwe မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 09/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement