brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

ကလေးတွေ ဖွံ့ဖြိုးမှုမှာ omega 3 နဲ့ omega 6 တို့ရဲ့ အရေးပါမှု၊ မိခင်တွေအနေနဲ့ omega 3 အကြောင်း ဘာတွေသိထားဖို့ လိုအပ်သလဲ

Omega 3 ကို လူတွေရဲ့ ကျန်းမာရေး၊ အထူးသဖြင့် ကလေးတွေ ဖွံ့ဖြိုးမှုအတွက် ကောင်းကျိုးအများရရှိမှုနဲ့ ပတ်သက်ပြီး သိကြတာ ကြာပါပြီ။ ဒါပေမယ့် omega 3 ချို့တဲ့တဲ့ အစားအသောက်သာ စားရတဲ့ ကလေးတွေ အများအပြားရှိပါသေးတယ်။ သင့်ကလေးတွေရော။

ကလေးတွေ ဖွံ့ဖြိုးမှုမှာ omega 3 နဲ့ omega 6 တို့ရဲ့ အရေးပါမှု၊ မိခင်တွေအနေနဲ့ omega 3 အကြောင်း ဘာတွေသိထားဖို့ လိုအပ်သလဲ

Omega 3 ဆိုတာဘာလဲ။

Omega 3 fatty acids ဆိုတာ သင့်ခန္ဓါကိုယ်မှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာပါ။ omega 3 အဓိကအရေးကြီးတဲ့ အမျိုးအစား ၂မျိုးရှိပါတယ်။ EPA နဲ့ DHA ပါ။ ဒါ့အပြင် ALA လည်းပါဝင်ပါတယ်။ လူတွေရဲ့ ခန္ဓါကိုယ် အထူးသဖြင့် ကလေးတွေရဲ့ ခန္ဓါကိုယ်ဟာ ကျန်းမာရေး အန္ထရာယ်အတော်များများကို ရှောင်ရှားဖို့နဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းမွန်စွာ လည်ပတ်နိုင်ဖို့ omega 3 လိုအပ်ပါတယ်။

Omega 3 က သင့်ကလေးတွေအတွက် ဘယ်လို ကောင်းကျိုးတွေ ပေးနိုင်သလဲ။

Omega 3 က လူတွေရဲ့ ကျန်းမာရေးနဲ့ ဆိုင်တဲ့ ကိစ္စတွေမှာ ခိုင်မာတဲ့ ဆက်နွယ်မှုတွေ ရှိပါတယ်။ ဒါတွေကတော့

– ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန် ပြည့်ပြည့် မွေးဖွားခြင်း

– ဦးနှောက်လုပ်ငန်းဆောင်တာ

– အမြင်အာရုံ ကောင်းမွန်ခြင်း

– တွေးခေါ်ခြင်း၊ မှတ်သားခြင်း၊ သင်ယူခြင်း၊ စာရေးစာဖတ်ခြင်း လိုမျိုး စွမ်းဆောင်ရည်များ

– ADHD သို့မဟုတ် အိပ်ချိန်မမှန်ခြင်း လိုမျိုး မူမမှန်ခြင်းများ

Omega 3 မှာပါတဲ့ DHA က မွေးကင်းစလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု၊ အမြင်အာရုံနဲ့ အာရုံကြောဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် အဓိက လုပ်ဆောင်ပေးပါတယ်။ အသက် ၃နှစ်နောက်ပိုင်းမှာ DHA နဲ့ EPA ရဲ့ မျှတမှုဆိုတာကို ကလေးတွေ လိုအပ်ပါတယ်။

သင့်ကလေးတွေအတွက် Omega 3 ပမာဏ ဘယ်လောက်ဆို လုံလောက်မလဲ။

၆လမှ ၂၄လအတွင်း မွေးကင်းစကလေးများ

ကိုယ်အလေးချိန် ၁ပေါင်ကို DHA ၅မီလီဂရမ်

၂နှစ်မှ ၄နှစ်အတွင်း ကလေးငယ်များ

တစ်ရက်ကို DHA နဲ့ EPA ၁၅၀မီလီဂရမ်

၄နှစ်မှ ၆နှစ်အတွင်း ကလေးငယ်များ

တစ်ရက်ကို ၂၀၀မီလီဂရမ်

၆နှစ်မှ ၁၀နှစ်အတွင်း ကလေးငယ်များ

တစ်ရက်ကို ၂၅၀မီလီဂရမ်

ဆယ်ကျော်သက်များ

တစ်ရက်ကို ၁၀၀၀မီလီဂရမ်

Omega 3 ကို ဘယ်က ရမလဲ။

Fatty fish က omega 3 ရဖို့ အကောင်းဆုံး အရင်းအမြစ်ပါပဲ။ တစ်ပတ်မှာ ၂ကြိမ် ၃ကြိမ်လောက် သင့်ကလေးရဲ့ အစားအသောက်မှာ အဲ့ငါးကို ပါဝင်ထည့်သွင်းပေးနိုင်အောင် ကြိုးစားပါ။

– Salmon (wild type)

– Sardines

– Trout (lake type)

– Tuna

– Bluefish

– Anchovies

– Herring

– Mackerel

ဒါပေမယ့် တချို့ငါးအမျိုးအစားတွေမှာ တခါတလေ မာကျူရီ၊ PCBs နဲ့ တခြား အဆိပ်အတောက်ပါဝင်မှု များပြားတတ်ပါတယ်။ ဒါကြောင့် ကလေးတွေအတွက်ဆိုရင် trout နဲ့ wild salmon က ပိုဘေးကင်းပါတယ်။ ဒါ့အပြင် အဲ့ငါးတွေကို တစ်ပတ်မှာ ၁၉၈ဂရမ်ထက် ပိုမစားရပါဘူး။

ALA ရနိုင်တဲ့ ကောင်းမွန်သောအရင်းအမြစ်ကတော့ walnuts ၊ flaxseed ၊ chia seed ၊ soybean oil သို့မဟုတ် canola oil လို ဆီမျိုး စတာတွေပဲ ဖြစ်ပါတယ်။ ဒီအစားအစာတွေက ကယ်လိုရီပမာဏ များများပါဝင်တာကြောင့် သင့်ကလေးအတွက် သင့်တော်တဲ့ ဖြည့်စွပ်မှု ပေးမှာပါ။

မှတ်ထားရမယ့် အကြောင်းအရာများ

– မိခင်တွေအနေနဲ့ ကိုယ်ဝန်ဆောင်ချိန်၊ မွေးဖွားခါနီး နဲ့ နို့ချိုတိုက်ကျွေးတဲ့ ကာလတွေမှာ omega 3 ပမာဏကို ပိုများများ စားသုံးပေးဖို့ လိုအပ်ပါတယ်။

– အပင်ကရတာက ငါးကရတာလောက် မကောင်းပါဘူး။

– သင့်ကလေးသောက်သုံးတဲ့ နို့ဟာ omega 2 ပမာဏ ပြည့်ဝတာ သေချာပါစေ။

– သင့်ကလေးတွေကို omega 3 gummy တွေ မကျွေးခင် သေချာ စဉ်းစားပါ။ များသောအားဖြင့် အဲ့ထုတ်ကုန်တွေမှာ သကြားအတော်များများ ပါဝင်ပါတယ်။ သင့်အနေနဲ့ သင့်ကလေး သွားပျက်စီးမှာ၊ အဲ့ထက်ဆိုးတဲ့ အဝလွန်တာတွေကို ဖြစ်စေချင်မှာ မဟုတ်ပါဘူး

– တကယ်လို့ သင့်ကလေးက အစားရွေးလွန်းတယ်ဆိုရင် omega 3 ကြွယ်ဝတဲ့အရာတွေပါဝင်တဲ့ smoothies တချို့ ပြုလုပ်ဖို့ စဉ်းစားကြည့်ပါ။

– ပိုအဆင်ပြေဖို့အတွက် ငါးကြီးဆီအရည်ကို သောက်ဆေးအနေနဲ့ ရရှိနိုင်ပါပြီ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Wathun Myat Chal · 08/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။