backup og meta

ကလေးများကို ဖျော်ရည်မတိုက်မီ သတိပြုရမည့် အချက် ၆ချက်

ကလေးများကို ဖျော်ရည်မတိုက်မီ သတိပြုရမည့် အချက် ၆ချက်

မိဘများဟာ ကလေးများကို မနက်စာကျွေးရာမှာ ဖျော်ရည်တမျိုးမျိုးကို မပါမဖြစ်အနေနဲ့ တိုက်ကျွေးတတ်ကြပါတယ်။ ဖျော်ရည်များဟာ အရသာရှိပြီး အလွယ်ရနိုင်အေမယ့် သတိပြုသင့်တဲ့ အချက်တွေ ရှိပါတယ်။

ဖျော်ရည်များမှာ အမျှင်ဓါတ်ပါဝင်မှု နည်းပါတယ်

ဖျော်ရည်တွေဟာ အသီးတခုလုံးထက်စာရင် အမျှင်ဓါတ်နည်းပါတယ်။ အိမ်မှာဖျော်တာပဲဖြစ်ဖြစ်၊ စားသောက်ဆိုင်ကနေ မှာတာဖြစ်ဖြစ် အခွံချွတ်ပြီး အမှုန်အမွှားတွေကို ဖယ်ရှားဖို့ အလွန်အကျွံ ဆေးကြောခြင်းတွေ ပါဝင်ပါတယ်။ ဒီလိုလုပ်ခြင်းကြောင့် အသီးမှာပါဝင်တဲ့ အမျှင်ဓါတ်ထက် ဖျော်ရည်မှာ ပါဝင်မှု နည်းပါးသွားပါတယ်။ ဒါ့အပြင် ဖျော်ရည်ပြုလုပ်ရာမှာ ဘက်တီးရီးယားတွေကို သေအောင် ပိုးသတ်ဖို့လိုပါတယ်။ အဲဒီအခါ အစာခြေဖို့ အားပေးတဲ့ အကျိုးပြုဘက်တီးရီးယားများကိုပါ ထိခိုက်စေပါတယ်။ ဒါ့အပြင် ပိုးသတ်ခြင်းကြောင့် ဗီတာမင်နဲ့ ဓါတ်ဆားတွေကိုပါ ပျက်စီးစေပါတယ်။ သင့်ရဲ့ကလေးဟာ အသီးကို စားမယ်ဆိုရင် အာဟာရဓါတ်၊ အမျှင်ဓါတ်တွေ အများအပြားရပြီး သကြားဓါတ်ကို နည်းပါးစွာပဲ ရမှာဖြစ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ကလေးဟာ အသီးစားပြီး ရေသောက်တာ ပိုကောင်းပါတယ်။

ဖျော်ရည်တွေမှာ ကျန်းမာရေးနဲ့မညီညွတ်တဲ့ သကြားများ ပါဝင်ပါတယ်

ဖျော်ရည်များစွာဟာ အရသာကောင်းဖို့အတွက် ဖန်တီးထားတဲ့ ဆေးသကြားအများအပြားကို ထည့်သွင်းထားကြပါတယ်။ အဲဒီဆေးသကြားများဟာ ကလေးတွေရဲ့ သွားများကို ပျက်စီးစေပါတယ်။ သွားများပျက်စီးခြင်းနဲ့ ဖျော်ရည်သောက်ခြင်းအကြားမှာ ဆက်စပ်မှုရှိကြောင်း သုတေသနတွေရှိပါတယ်။ ကလေးသွားများဟာ ၆လလောက်မှာ စတင်ထွက်လာပါတယ်။ သင့်ကလေးကို ဖျော်ရည်အများအပြားတိုက်မယ်ဆိုရင် သွားပိုးစားဖို့ အခွင့်အလမ်းများပါတယ်။

သင့်ကလေးရဲ့ ကိုယ်အလေးချိန်ကို စောင့်ကြည့်ပါ

ဖျော်ရည်များဟာ တခြား ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားစရာတွေကို ပစ်ပယ်စေနိုင်တာကြောင့် အဝလွန်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ တခါတရံ ဝမ်းသွားခြင်းကို ဖြစ်စေပါတယ်။ သုတေသနတခုအရ ၁၀၀% အသီးဖျော်ရည်များ သောက်သုံးခြင်းနဲ့ ကိုယ်အလေးချိန်တက်ခြင်းအကြား ဆက်စပ်မှုမရှိဘူးလို့ ဆိုထားပါတယ်။ ဒါပေမယ့် သွေးတွင်းသကြားဓါတ်တက်ခြင်း၊ သွေးပေါင်ချိန် တက်ခြင်း၊ triglyceride တက်ခြင်း စတာတွေကို ဖြစ်စေနိုင်ပါတယ်။ အက်ဆစ်ဓါတ်ကဲတဲ့ အချိုဓါတ်မြင့်တက်ခြင်းဟာ သွေးလွှတ်ကြောတွေကို ရောင်ရမ်းလာစေပြီး ရောဂါရစေနိုင်ပါတယ်။

၁၀၀% အသီးဖျော်ရည်များကို ရွေးချယ်ပါ

ကလေးများကို ဖျော်ရည်တိုက်တဲ့အခါ ၁၀၀% အသီးဖျော်ရည်များကို ရွေးချယ်ပါ။ ခရမ်းချဉ်သီး၊ ဟင်းသီးဟင်းရွက်၊ တလဲသီး၊ စပျစ်သီး၊ ဘယ်ရီသီး၊ လိမ္မော်သီး စတဲ့အသီးဖျော်ရည်များဟာ ဗီတာမင်ကြွယ်ဝပြီး ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။

ကလေးများကို ဖျော်ရည်တိုက်ရင် သတိထားပါ

ကလေးများရဲ့ အစာခြေစနစ်ဟာ လူကြီးများထက် ထိခိုက်လွယ်ပါတယ်။ ဒါကြောင့် ကလေးများကို ဖျော်ရည်တိုက်မယ် ဆိုရင် သတိပြုဖို့ လိုပါတယ်။ တနှစ်အောက်ကလေးများကို မိမိဖာသာဖျော်တဲ့ ဖျော်ရည်များ မတိုက်သင့်ပါဘူး။ ပိုးမသတ်နိုင်တာကြောင့် ဘက်တီးရီးယားတွေ ဖျော်ရည်မှာ ပါဝင်မှာ စိုးရိမ်လို့ ဖြစ်ပါတယ်။ အသီးများကို သေချာစွာသန့်ရှင်းပြီး ကျွေးမွေးနိုင်ပါတယ်။

ကလေးများကို ဖျော်ရည်တိုက်ရာမှာ သတိပြုရမယ့် အချက်များ

ကလေးများကို ဖျော်ရည်တိုက်မယ်ဆိုရင် အောက်ပါအချက်တွေကို သတိပြုရပါမယ်။

– အသီးများကို ဖျော်စက်ထဲ ထည့်လိုက်မယ့် အစား အသီးကိုပြုတ်ပြီး ပေါင်းခံရည်ကို တိုက်နိုင်ပါတယ်။

– အသီးကို ရေနဲ့ဖျော်ပါ (ဆတူဖျော်ပါ)

– ကလေးများကို အဖုံးမရှိတဲ့ခွက်နဲ့ ထည့်တဲ့ ဖျော်ရည်ကို တနေ့လုံး သောက်နေစေမယ့် အစား ပုလင်း၊ ဗူးစတာနဲ့ ထည့်တိုက်ပါ။

သင့်ကလေး အလွန်အကျွံသောက်တာ မဖြစ်ရအောင် အမေရိကန်ကလေးကျန်းမာရေးဌာနရဲ့ ကန့်သန်ချက်များကို လေ့လာနိုင်ပါတယ်။ အဲဒါတွေကတော့

– မွေးကင်းစမှ ၆လ။ မိခင်နို့ကလွဲလို့ တခြားဟာ မတိုက်ရပါဘူး။

– ၆လမှ တနှစ်။ ဖျော်ရည်တိုက်နိုင်ပါတယ်။ သွားများမပျက်စီးအောင် ၁၁၈ မှ ၁၇၇ မီလီလီတာ ပမာဏကို ခွက်နဲ့ ထည့်တိုက်နိုင်ပါတယ်။

– တနှစ်မှ ၆နှစ်။ တရက်ကို ၁၇၇မီလီလီတာ တိုက်နိုင်ပါတယ်။

– ၇နှစ်နဲ့အထက်။ တရက်ကို ၃၅၅ မီလီလီတာ တိုက်နိုင်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Why Fruit Juice Isn’t That Good for You. http://www.huffingtonpost.com/linda-larrowe-bergersen/why-fruit-juice-emisntem_b_677830.html. Accessed September 21, 2016.

Giving Your Baby Fruit Juice – When Should Your Baby Have Fruit Juice? http://wholesomebabyfood.momtastic.com/juiceforbaby.htm. Accessed September 21, 2016.

Is juice good for kids? http://www.babycenter.com/404_is-juice-good-for-kids_10345293.bc. Accessed September 21, 2016.

Children’s health. http://www.mayoclinic.org/healthy-lifestyle/childrens-health/expert-answers/fruit-juice/faq-20058024. Accessed September 21, 2016.

Guidelines for offering juice to babies. http://kellymom.com/nutrition/starting-solids/baby-juice/. Accessed September 21, 2016.

ယခုပုံစံ

10/08/2022

Dr. Thant Zin မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးများ နွေရာသီမှာ အာဟာရမချို့တဲ့စေဖို့

မိခင်နို့ မတိုက်ဖြစ်တဲ့ ၆လအောက်ကလေးတွေကို ဘာတိုက်နိုင်သလဲ



Dr. Thant Zin မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement