backup og meta

ကလေးတွေကို ဘယ်အချိန်မှာ ရေစတိုက်လို့ရသလဲ

ကလေးတွေကို ဘယ်အချိန်မှာ ရေစတိုက်လို့ရသလဲ

ယေဘုယျအားခြင့် ၆လမပြည့်မချင်းကလေးကို ရေမတိုက်သင့်ပါဘူး။ အဲဒီမတိုင်ခင်ထိက ကလေးတွေဟာ နွေရာသီမှာတောင်မှ မိခင်နို့ကနေရေဓါတ်အလုံအလောက် ရရှိပါတယ်။ ခြောက်လပြည့်ပြီဆိုရင်တော့ ကလေးရေဆာတဲ့အခါ ရေနည်းနည်း တိုက်နိုင်ပါတယ်။ ဗိုက်နာခြင်းနဲ့ ရင်ပြည့်ရင်ကယ် တွေဖြစ်နိုင်တာကြောင့် အများကြီးတော့ မတိုက်ပါနှင့်။

တစ်နှစ်ပြည့်ပြီးကလေးက အဖတ်တွေစားနိုင်ပြီး နို့တစ်ခွက်လုံးသောက်နိုင်လာပါက သူတို့ရေသောက်ချင်သလောက်သောက်ဖို့ ခွင်ပြုလို့ရပါပြီ။

၆လအောက် ကလေးငယ်တွေကို ရေတိုက်တာဟာဘာကြောင့် အန္တရယ်များတာလဲ။

ထိုသို့နို့တိုက်ခြင်းက မိခင်နို့နဲ့ နို့မှုန့်တွေကနေ ကလေးကအဟာရစုပ်ယူခြင်းကို တားစီးပါတယ်။ ဒါ့အပြင် ကလေးတွေကိုရင်ပြည့်ရင်ကယ် ဖြစ်စေပြီးအစာမစားချင်အောင်လုပ်ပါတယ်။

အချို့အခြေအနေတွေမှာ ကလေးတွေကို ရေအရမ်းတိုက်ခြင်းက တက်ခြင်းနဲ့ သတိလစ်ခြင်းတု့ိဖြစ်နိုင်တဲ့ ရေဆိပ်သင့်ခြင်းထိတောင် ရောက်သွားနိုင်ပါတယ်။ ရေအရမ်းသောက်ခြင်းက ခန္ဓါကိုယ်မှာရှိတဲ့ ဆိုဒီရမ် ကိုအားပျော့စေကာဓါတ်ပမာဏ မျှခြေကို နှောင့်ယှက်ရုံသာမက အသားတွေဖောင်းကားလာစေသောကြောင့် ရေဆိပ်သင့်ခြင်းဖြစ်ပွားပါတယ်။

နို့မှုန့်ကိုကော ရေရောနိုင်ပါသလား။

နို့မှုန့်ကို ရေနဲ့ရောပြီး များများရအောင်မလုပ်ပါနဲ့။ အညွှန်းကိုဂရုတစိုက်ဖတ်ကာ ရေကိုအညွှန်းအတိုင်းထည့်ပေးပါ။ နို့မှုန့်ကို ရေအရမ်းရောခြင်းက ရေဆိပ်သင့်စေနိုင်ရုံသာမက ပါဝင်တဲ့အာဟာရတွေကိုလည်း လျော့နည်းစေပါလိမ့်မယ်။

ကလေး ရေဓါတ်ခန်းခြောက်လာတဲ့အခါ ဘာတွေလုပ်သင့်လဲ။

တချို့အခြေအနေတွေမှာ- ဥပမာအားဖြင့် ကလေးကအစာအိမ်နဲ့အူရောင်ရမ်းနာဖြစ်နေလျှင် ဆရာဝန်က Pedialyteဒါမှမဟုတ် Infanlyteကဲ့သို့သောဓါတ်ဆားရည်များကိုရေဓါတ်ခန်းခြောက်ခြင်းမှ ကာကွယ်ရန်ပေးပါလိမ့်မယ်။

ကလေးက ဘယ်အချိန်မှာ ဆိုဒါ အအေးတွေကိုသောက်နိုင်မလဲ။

ဆိုဒါအအေးတွေမှာ ပါဝင်တဲ့ ဓါတ်သတ္ထုဓါတ်တွေကတော့ ဆိုဒီယမ်၊ ကယ်ဆီယမ် နဲ့ အခြားဓါတ်သတ္တ္ထုနည်းငယ် ဖြစ်ပါတယ်။ ပါဝင်ပစ္စည်း အတိအကျကတော့ ထုတ်လုပ်ပုံပေါ်မူတည်ပါတယ်။ အဲဒါကြောင့် ပြောဖို့တော့ခက်ခဲပါလိမ့်မယ်။ တချို့ဆိုဒါတွေမှာဆိုဒီယမ်နဲ့ တခြားအလားတူတွေ လိုတာထက်ပါဝင်ပါတယ်။ ထိုဆိုဒါတွေကတော့ ကလေးရဲ့ကျောက်ကပ်ကို ထိခိုက်ရုံသာမက တခြားအင်္ဂါတွေကိုလည်း ထိခိုက်နိုင်ပါသေးတယ်။

ဆိုဒါတိုက်တယ်ဆိုတာကတော့ ဆိုးဆိုးဝါးဝါးစိတ်ကူးပါ။ ဘာကြောင့်လဲဆိုတော့ ဆိုဒါတွေက ဂတ်စ်တွေနဲ့ ပြုလုပ်ထားပြီးကလေးတွေအတွက် မကောင်းလို့ပါ။ ဆိုဒါတိုက်ခြင်းက အော့အန်ခြင်းနဲ့ လေချဉ်တက်ခြင်းတွေကို ဖြစ်စေရုံသာမကဗိုက်နာခြင်းနဲ့ မအီမသာတွေတောင် ဖြစ်စေနိုင်ပါတယ်။ ကလေး၂နှစ်ပြည့်ပြီးပါလျှင် ဆိုဒါအပျော့လေးကတော့ အန္တရယ်မပေးတော့ပါဘူး။ (သူတို့ရဲ့ကျောက်ကပ်ကဒဏ်ခံနိုင်လာလို့ပါ) ဒါပေမဲ့ ဆိုဒါတွေကကောင်းကျိုးရှိတယ်လို့တော့ အကြံမပြုထားပါဘူး။ ရိုးရိုးရေထက် ပိုပြီးအကျိုးမရှိသလို ဘေးကင်းတယ်ဆိုတာလည်း မသေချာပါဘူး။ ဆိုဒါ အချိုရည်တွေကကလေးတွေအတွက်မပြောနဲ့၊ လူကြီးတွေအတွက်တောင် မကောင်းပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆိုဒါအအေးတွေကအသက်အရွယ်မရွေးဗိုက်နာစေရုံသာမကကလေးတွေမှာလေထိုးလေအောင့်ခြင်းနဲ့ မအီမသာဖြစ်ရခြင်းရဲ့ တရားခံပါ။ ကလေးတွေကဆိုဒါအအေးတွေ သောက်ရတာ အဆင်ပြေလာတဲ့အခါမှာ လွယ်လွယ်ကူကူနဲ့ စွဲလမ်းသွားတတ်ကြပါတယ်။ ဆိုဒါအအေးတော်တော်များများမှာသွားကျန်းမာရေးနဲ့ ကိုယ်ကျန်းမာရေးကို ထိခိုက်စေတဲ့ ဆိုဒီယမ်၊ သကြား၊ လူလုပ် အနံ့အရသာတွေ နဲ့ အခြားသောဓါတုဒြပ်ပစ္စည်းတွေ ပါပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.babycenter.com/404_when-can-babies-drink-water_1368488.bcAccessed : 9 January 2017

 

When can my baby drink carbonated or mineral water?

http://www.babycenter.com/404_when-can-my-baby-drink-carbonated-or-mineral-water_1368487.bcAccessed : 9 January 2017

ယခုပုံစံ

02/06/2022

Phyo Wai Yan မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင့်ကလေးကို moisturizer လိမ်းပေးဖို့ ဘာကြောင့်လိုအပ်တာလဲ

ကလေးအရေပြားခြောက်သွေ့တဲ့အခါ ဘာတွေဖြစ်လာနိုင်လဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Phyo Wai Yan မှ ရေးသားသည်။ · 02/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement