backup og meta

မုယောစပါးအချိုရည် (malt milk) က ထင်သလောက်ဘေးကင်းရဲ့လား

မုယောစပါးအချိုရည် (malt milk) က ထင်သလောက်ဘေးကင်းရဲ့လား

မုယောစပါးထွက်အားဖြည့်အချိုရည်တွေ (Malk milk) တို့လိုမျိုးသောက်စရာတွေကနေ့စဉ်စားသောက်မှုပုံစံတွေရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ်နေရာယူလာကြသလို အာဟာရဖြစ်စေတယ်၊လို့ အများကလက်ခံ ယုံကြည်ထားကြပါတယ်။ အာရှဒေသမှာဆိုရင် malt milkတွေကိုတော်တော်လေးသောက်လာကြတယ်လို့လေ့လာမှုတွေအရသိရပါတယ်။

မိခင်တွေက ကလေးတွေအတွက် ကောင်းကျိုးတွေရှိတယ်ဆိုတဲ့ကြော်ငြာချက်တွေကြောင့် သူတို့ရဲ့ ကလေးတွေကိုဈေးကွက်ထဲက နာမည်ကြီးတဲ့ Malt milkတွေကို စိတ်ချလက်ချတိုက်ကျွေးနေမိမယ်ထင်ပါတယ်။ malt milkတွေကို မကောင်းဘူးလို့ ဆိုချင်တာတော့ မဟုတ်ပါဘူး။ malt milkတွေကို အသင့်အတင့်သောက်သုံးတာက ကျန်မာရေးနဲ့ကိုက်ညီတယ်ဆိုပေမယ့် အများကြီးသောက်မိရင်တော့ ကယ်လ်လိုရီတွေ အများကြီးစားသုံးမိသလိုဖြစ်ပြီး ကောင်းကျိုးထက် ဆိုးကျိုးတွေသာ ပိုများပါလိမ့်မယ်။ ဒါကြောင့် malt milkတွေကို ကလေးတွေကို တိုက်ကျွေးချင်တယ်ဆိုရင် မတိုက်ကျွေးခင်မှာ ကလေးအတွက် သင့်တော်ရဲ့လားဆိုတာကို ဆရာဝန်နဲ့ အရင်တိုင်ပင်တာဖြစ်ဖြစ် ဖတ်ရှုလေ့လာတာဖြစ်ဖြစ် လုပ်သင့်ပါတယ်။

အခုနောက်ပိုင်းမှာ ကျန်းမာရေးအတွက် အထောက်အပံ့ပေးတယ်ဆိုပြီး ထုတ်လုပ်ထားတဲ့သောက်စရာတွေက အမှုန့်ပုံစံနဲ့ထုတ်လုပ်ထားတာဖြစ်ပြီး နို့နဲ့ရောသောက်တာမျိုးဖြစ်ဖြစ်ရေနွေးနဲ့ရောစပ်ပြီးသောက်တာမျိုးဖြစ်ဖြစ်သောက်လို့ရပါတယ်။ ကလေးတွေအတွက် ထုတ်လုပ်ထားတဲ့ဖြည့်စွက်အာဟာရသောက်စရာတွေကလည်းတော်တော်လေးများတာကြောင့် အကောင်းဆုံးက ကလေးတွေကို လူကြီးတွေနဲ့ အရွယ်ရောက်ပြီးသူတွေသောက်ဖို့ ထုတ်လုပ်ထားတဲ့ malt milkတွေကို မတိုက်ဖို့ပါ။

ကလေးကို Malt Milk မတိုက်ခင် ဘာတွေစဉ်းစားဖို့လိုမလဲ

တကယ်လိုအပ်ရဲ့လား

ကလေးက အစားရွေးတတ်သူဖြစ်နေခဲ့ရင် (သို့မဟုတ်) ကလေးက လုံလောက်တဲ့ အာဟာရမရဘူးလို့ သင့်အနေနဲ့ယူဆနေတာကြောင့်ဖြည့်စွက်စာတစ်ခုခုကျွေးချင်နေတယ်ဆိုပါစို့။ ဒီနေရာမှာပြောချင်တာက ကလေးတွေကို malt milk လိုမျိုး အားအင်ပြည့်ဝစေတယ်ဆိုတဲ့ အစားအသောက်တွေကို မဖြစ်မနေကျွေးမွေးဖို့မလိုအပ်ပါဘူး။ malt milk လိုမျိုး အားဖြည့်သောက်စရာတွေထဲမှာနေ့စဉ်စားသုံးနေကျအစားအစာတွေဖြစ်တဲ့ နို့နဲ့ကောက်နှံအစေ့အဆန်တွေ နဲ့ ဗီတာမင်၊သတ္တုဓာတ်တွေပါဝင်တယ်ဆိုပေမယ့် တာရှည်ခံဆေးတွေလည်း ပါဝင်နေနိုင်တယ်ဆိုတာကို သတိရပါ။ ဒါကြောင့် ကလေးက အစားရွေးတယ်ဆိုတဲ့ တစ်ချက်တည်းနဲ့ အာဟာရမပြည့်ဝမှာကို စိုးရိမ်ပြီး malt milkတွေတိုက်ကျွေးဖို့လုပ်တာမျိုးမလုပ်ပါနဲ့။ တကယ်လိုအပ်ရဲ့လားဆိုတာကို အသေအချာစဉ်းစားပါ။

ကလေးကြီးထွားဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုလို့လား

malt milkတွေမှာပါလေ့ရှိတဲ့ အာဟာရဓါတ်တွေဖြစ်တဲ့ ပရိုတင်း၊ ကယ်လ်ဆီယမ် နဲ့phosphorusတွေက ကလေးရဲ့ အရိုးတွေကို သန်မာစေသလို ခန္ဓာကိုယ်ကို ခွန်အားတိုးစေတယ်ဆိုပေမယ့် malt milk တိုင်းမှာတော့ ကလေးကြီးထွားဖို့အတွက်လိုအပ်တဲ့အာဟာရဓာတ်တွေမပါဝင်ပါဘူး။ ကလေးကို အသက်အရွယ်အလိုက် လိုအပ်တဲ့ အာဟာရဓာတ်တွေပြည့်ဝအောင်ကျွေးမွေးမယ်ဆိုရင် malt milk တွေမတိုက်လည်းဘဲ ကလေးက ကြီးထွားဖွံ့ဖြိုးလာမှာ အသေအချာပါ။

ကလေးရဲ့ ဉာဏ်ရည်အတွက် အထောက်အကူပြုနိုင်ရဲ့လား

မိဘတွေက ကလေးတွေကို ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေချင်ကြပါတယ်။ ဒါကြောင့် မိဘတွေက ကလေးကိုဉာဏ်ရည်ထက်မြက်စေတယ်ဆိုတဲ့ malt milkတွေကို တိုက်ကျွေးတာမျိုးဖြစ်နိုင်ပါတယ်။ တကယ်တော့ ကလေးတွေ ဉာဏ်ရည်ထက်မြက်ဖို့က မျိုးဗီဇနဲ့ သက်ဆိုင်တာပါ။ ဒါပေမယ့် DHA ပါဝင်တဲ့ ကလေးဖြည့်စွက်အာဟာရတွေကိုကျွေးမွေးပေးမယ်ဆိုရင်တော့ ကလေးရဲ့ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်အောင် အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။

Malt Milk တိုက်ကျွေးရင် ကလေးမှာဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကဘာတွေများလဲ

မိဘတွေအနေနဲ့ ကလေးကိုကောင်းစေချင်လို့လုပ်ပေးတာမှန်ပေမယ့် တန်ဆေးလွန်ဘေးဆိုတဲ့စကားအတိုင်း အလွန်အကျွံလုပ်မိတဲ့အခါကောင်းတာထက် ဆိုးတာကပိုများသွားနိုင်ပါတယ်။ ကလေးတွေကို အသက်အရွယ်အလိုက်ကျွေးမွေးသင့်တဲ့ဖြည့်စွက်အာဟာရတွေရှိပါလျက်နဲ့ အလွယ်တကူပဲဖြစ်ဖြစ်၊ပိုကောင်းစေချင်တဲ့ ဆန္ဒနဲ့ပဲဖြစ်ဖြစ် malt milkတွေတိုက်ကျွေးတဲ့အခါရေရှည်မှာပြဿနာတွေရှိလာနိုင်ပါတယ်။

  • အဝလွန်တာ
  • သွားပိုးစားတာ
  • ခံတွင်းပြဿနာတွေခံစားရတာ
  • အသက်ကြီးလာတဲ့အခါ ဆီးချိုဝေဒနာခံစားရတာ
  • သီးတာ
  • ချောင်းဆိုးချွဲကျပ်တာ
  • ဓာတ်မတည့်မှုကြောင့် အရေပြားတွေရောင်ရမ်းတာ
  • ယားယံတာ
  • အဖုအပိမ့်တွေထွက်တာ
  • ဝမ်းသွားရအဆင်မပြေတာမျိုး
  • ဝမ်းလျှောတာမျိုးတွေ ခံစားရနိုင်ပါတယ်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.quora.com/Is-it-bad-to-consume-malted-drinks

http://www.thehealthsite.com/diseases-conditions/health-drinks-are-they-good-for-your-child/

http://allergysymptomsx.com/malt-allergy.php

https://www.webmd.com/drugs/2/drug-9989/malt-extract-oral/details/list-sideeffects

ယခုပုံစံ

09/08/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးရဲ့ ဝမ်းချုပ်ပြဿနာ အတွက် မေမေတို့ ရဲ့ သောက

ကလေးအတွက် အသင့်တော်ဆုံး အစားအစာများ



Aye Thi Mon မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement