backup og meta

ကလေးငယ်များစားသောက်မှုပုံစံများအတွက် သိမှတ်ဖွယ်ရာများ

ကလေးငယ်များစားသောက်မှုပုံစံများအတွက် သိမှတ်ဖွယ်ရာများ

သင့်ကလေးကို ပုံစံတကျ ကျွေးဖို့ စီမံထားရင် မေးစရာတွေ ရှိလာနိုင်ပါတယ်။ နွားနို့နဲ့ ပဲနို့ ဘယ်ဟာကို ရွေးရမလဲ။ တံဆိပ်တွေက အဆင်ပြေရဲ့လား။ ဘယ်တံဆိပ်က အကောင်းဆုံးလဲ။ အောက်ပါ အချက်တွေကတော့ ကလေးငယ်များအတွက် ပုံစံတကျကျွေးရာမှာ သိသင့်တဲ့အချက်တွေ ဖြစ်ပါတယ်။

ကလေးငယ်များကို ပုံစံတကျကျွေးရာမှာ ဘာတွေက အဓိက အမျိုးအစားတွေလဲ

တရားဝင်ခွင့်ပြုချက်များအရ ကလေးများကို ပုံစံတကျကျွေးဖို့ အဓိကအမျိုးအစား ၃ခု ရှိပါတယ်။

နွားနို့ပရိုတိန်းအခြေပြုပုံစံ။ အတွေ့ရအများဆုံး ပုံစံဖြစ်ပြီး မိခင်နို့နဲ့ အများဆုံးဆင်တူပါတယ်။ ဒီအမျိုးအစားမှာသုံးတဲ့ နွားနို့ဟာ ကလေးငယ်များ အစာခြေဖျက်ရ လွယ်ကူစေဖို့နဲ့ အာဟာရဓါတ်ပိုမို ပါဝင်အောင် ပြောင်းလဲထားပါတယ်။ ကလေးငယ် အများစုဟာ နွားနို့နဲ့ အဆင်ပြေပါတယ်။ ဒါပေမယ့် သင့်ကလေးဟာ နွားနို့ဓါတ်မတည့်မှုရှိရင် တခြားပုံစံကို ရွေးချယ်သင့်ပါတယ်။

ပဲနို့အခြေခံပုံစံ။ နွားနို့နဲ့ lactose မတည့်တဲ့ ကလေးငယ်များဟာ ဒီဖော်စပ်ပုံကို ရွေးချယ်နိုင်ပါတယ်။ တိရစ္ဆာန်ဆီက ပရိုတိန်းဓါတ်ကို သင့်ကလေး စားသောက်မှုမှာ မပါစေချင်ရင် ပဲနို့ဖော်စပ်ပုံဟာ အသုံးဝင်ပါတယ်။

ပရိုတိန်းအားရေဖြင့်ရောစပ်ပုံစံ။ နွားနို့ရော ပဲနို့ပါ မတည့်တဲ့ ကလေးငယ်များဟာ ဒီပုံစံကို ရွေးချယ်နိုင်ပါတယ်။ ဒီပုံစံမှာ ပရိုတိန်းဓါတ်များကို ရေနဲ့ရောစပ် ဖြိုခွဲပြီး ဖော်စပ်ထားတာ ဖြစ်ပါတယ်။ နွားနို့နဲ့ ပဲနို့ကို ဓါတ်မတည့်ခြင်းဟာ သူတို့ထဲမှာ ပါဝင်တဲ့ ပရိုတိန်းတွေကို ဓါတ်မတည့်ခြင်း ဖြစ်တာမို့ ဒီအမျိုးအစားဟာ ကလေးငယ်များအတွက် ဓါတ်မတည့်ခြင်းမှ ရှောင်ရှားနိုင်တဲ့အပြင် လိုအပ်တဲ့ ပရိုတိန်းဓါတ်တွေကိုလည်း ရရှိနိုင်ပါတယ်။

ဒါ့အပြင် လမစေ့မီ မွေးဖွားတဲ့ ကလေးငယ်များ၊ ရောဂါ တမျိုးမျိုးရှိတဲ့ ကလေးငယ်များအတွက် သီးသန့် ဖော်စပ်မှုပုံစံများ ရှိပါတယ်။

အဲဒီကလေးငယ်များအတွက် ပိုပြီး သင့်တော်တဲ့ တခြား ဖော်စပ်မှုပု့စံတွေ ရရှိနိုင်ပြီး မိမိဆရာဝန် ဒါမှမဟုတ် ကျွမ်းကျင်နားလည်သူဆီက အကြံဉာဏ် ရယူနိုင်ပါတယ်။

ပထမမွေးကင်းစဖော်မြူလာ

ခြောက်နှစ်အောက်ကလေးငယ်များအတွက် လူကြိုက်အများဆုံး အမျိုးအစားဖြစ်ပါတယ်။ ကလေးငယ်များအတွက် အစာခြေဖျက်ဖို့ လွယ်ကူစေပါတယ်။ ကလေးငယ်များဟာ အဖတ်စားရတဲ့အရွယ်ထိ ဒီအမျိုးအစားကို စားသုံးနိုင်ပါတယ်။ ဘယ်အမျိုးအစားရွေးချယ်ရမှန်း မသိသေးရင် နားလည်တတ်ကျွမ်းသူများနဲ့ တိုင်ပင်နိုင်ပါတယ်။

ကေစိန်းအခြေခံဖော်မြူလာ

ပထမအမျိုးအစားနဲ့ ယှဉ်ရင်တော့ ဒီတမျိုးဟာ အစာခြေဖျက်ရတာ ပိုခက်ပါတယ်။ ဒါကြောင့် ပထမပုံစံနဲ့ အဖတ်စားချိန်အကြားမှာ အလေ့အကျင့်ရအောင် ကျွေးနိုင်ပါတယ်။ ဒီအမျိုးအစားဟာ ကလေးငယ်တွေကို ပိုအဆာခံစေတယ်လို့ တချို့က ဆိုကြပါတယ်။ တိကျတဲ့ သက်သေအထောက်အထားတော့ မရှိပါဘူး။

ဆိတ်နို့ဖော်မြူလာ

နွားနို့အခြေခံပုံစံနဲ့ ဆင်တူတဲ့ အာဟာရဓါတ် ပါဝင်တဲ့ ဖော်စပ်ပုံနဲ့ ထုတ်လုပ်ထားပါတယ်။ ဆိတ်နို့ဟာ ပရိုတိန်းဓါတ်ကောင်းကောင်းရစေပြီး သကြားဓါတ်ပိုနည်းပါတယ်။ ကယ်လ်ဆီယမ်ပါဝင်မှု ၁၃%၊ ဗီတာမင်ဘီ ၆ ပါဝင်မှု ၂၅% ပိုများပြီး ဗီတာမင်အေနဲ့ ပိုတက်ဆီယမ်ဓါတ်ဟာလည်း နွားနို့ထက် ပိုမိုပါဝင်ပါတယ်။

ဘယ်လိုပုံစံနဲ့ ရရှိနိုင်သလဲ

ထုတ်လုပ်သူအပေါ် မူတည်ပြီး အောက်ပါအတိုင်း ကွဲပြားပါတယ်။

– အမှုန့်ပုံစံ။ အမှုန့်ဟာ ဈေးအသက်သာဆုံး ဖြစ်ပါတယ်။ ရေနဲ့ရောပြီး ဖျော်ရပါတယ်။

– ပါဝင်နှုန်းများသော အရည်ပုံစံ။ ဒီအမျိုးအစားဟာလည်း ရေနဲ့ ထပ်ရောရပါတယ်။

– အသင့်စားသုံးပုံစံ။ စားသု့းဖို့ အဆင်အပြေဆုံး ဖြစ်ပါတယ်။ ရေနဲ့ရောစရာ မလိုပါဘူး။ ဈေးအကြီးဆုံးလည်း ဖြစ်ပါတယ်။

မဖျော်စပ်ခင်မှာ လက်ကိုသေချာစွာ ဆေးဖို့လိုအပ်ပြီး ဖျော်စပ်ဖို့၊ ထိန်းသိမ်းထားဖို့ ညွှန်ကြားချက်များအတိုင်း လိုက်နာသင့်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Can I give my baby soya-based infant formula? http://www.nhs.uk/chq/Pages/can-I-give-my-baby-soya-based-infant-formula.aspx?CategoryID=62&SubCategoryID=63. Accessed September 28, 2016.

Types of infant formula. http://www.nhs.uk/Conditions/pregnancy-and-baby/Pages/types-of-infant-formula.aspx. Accessed September 28, 2016.

Infant formula: Your questions answered. http://www.mayoclinic.org/healthy-lifestyle/infant-and-toddler-health/in-depth/infant-formula/art-20045782?pg=1. Accessed September 28, 2016.

ယခုပုံစံ

10/08/2022

Dr. Thant Zin မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးများ နွေရာသီမှာ အာဟာရမချို့တဲ့စေဖို့

မိခင်နို့ မတိုက်ဖြစ်တဲ့ ၆လအောက်ကလေးတွေကို ဘာတိုက်နိုင်သလဲ



Dr. Thant Zin မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement