backup og meta

မီးဖွားပြီးနောက်ရင်သွေးလေးကို အိမ်စခေါ်လာချိန်မှာပြင်ဆင်သင့်သည်များ (အပိုင်း ၂)

မီးဖွားပြီးနောက်ရင်သွေးလေးကို အိမ်စခေါ်လာချိန်မှာပြင်ဆင်သင့်သည်များ (အပိုင်း ၂)

မွေးကင်းစ ကလေးငယ်ကို ရေချိုးပေးခြင်း

မွေးကင်းစ ကလေးငယ်အတွက် ကလေးရေကန် ဝယ်ပေးခြင်းဟာ ကလေးငယ်ရဲ့ နူးညံ့တဲ့ အရေပြားကို အလွယ်တကူ ထိခိုက်နိုင်တာကြောင့် မလိုအပ်ပဲ မဝယ်သင့်ပါဘူး။ ဒါ့ပြင် အချင်း ခြောက်တဲ့ ဖြစ်စဉ်ဟာ ရေချိုးကန်ထဲမှာ ရေချိုးခြင်းကြောင့် နှောင့်နှေးနိုင်ပါတယ်။

ပထမ အပတ်မှာ မိခင်တွေဟာ သန့်ရှင်းပြီး ပူနွေးတဲ့ အဝတ်တစ်ခုကို အသုံးပြုပြီး ကလေးကို ကိုယ်ပတ်တိုက်ပေးသင့်ပါတယ်။ ဒုတိယပတ်မှာတော့ ကလေးငယ်တွေကိုရေမြှုပ်နဲ့ ရေပတ်တိုက်ခြင်းကို ဆက်လုပ်ပေးခြင်း (သို့) အချင်းကွာကျတဲ့အထိ ရေပတ်တိုက်ခြင်းကို ဆက်လုပ်ခြင်းမျိုး ပြုလုပ်ပေးနိုင်ပါတယ်။ အချင်းနေရာက လုံးဝကျက်သွားရင်တော့ ကလေးငယ်တွေကို ကလေးရေကန်အတွင်း ရေချိုးပေးနိုင်ပါတယ်။

မိခင်တွေဟာ ကလေးငယ်တွေအတွက် အထူးပြုလုပ်ထားတဲ့ ပျော့ပြီး အနံ့မပါတဲ့ ခေါင်းလျှော်ရည်တွေကို အသုံးပြုဖို့ သတိရသင့်ပါတယ်။ တစ်ပတ်မှာ ၃ ကြိမ်ထက်ပိုပြီး ရေမချိုးသင့်ပဲ အသားနီခြင်း၊ ခြောက်ခြင်းတွေကို သတိထားမိရင် သေးခံခရင်မ်ကို လိမ်းသင့်ပါတယ်။

သေးခံ အဆီတွေကိုလည်း ကလေးလည်ပင်း၊ မျက်နှာက အနီကွက်ထတဲ့ နေရာတွေကို လိမ်းပေးနိုင်ပါတယ်။ ဒါပေမယ့် ဒါတွေကို မလိမ်းခင် ဆရာဝန်ကို တိုင်ပင်သင့်ပါတယ်။

မွေးကင်းစကလေး ခရီးသွားခြင်း

ကလေးငယ်ကို လူများတဲ့နေရာကို ပထမ နှစ်ပတ်အတွင်း ခေါ်သွားခြင်းဟာ သူတို့ရဲ့ ကိုယ်ခံအား မကောင်းသေးတာကြောင့် အန္တရာယ်ရှိပါတယ်။ ဒီအချိန်ပြီးမှသာ ကလေးငယ်ဟာ ကျန်းမာပြီး လူအရမ်းများတဲ့နေရာမဟုတ်ရင် အပြင်က လတ်ဆတ်တဲ့ လေ၊ နေရောင်တွေ ရစေဖို့ ခေါ်သွားသင့်ပါတယ်။

ကလေးငယ်တွေကို သင့်လျော်တဲ့ အဝတ်အစားတွေကို ဝတ်ဆင်စေသင့်ပါတယ်။ သူတို့ကို အလွန်အကျွံ အဝတ်ဆင်ခြင်းဟာ သက်တောင့်သက်သာ မရှိမှုကို ဖြစ်စေနိုင်တာကြောင့် အလွန်အကျွံ ဝတ်ဆင်ဖို့ မလိုအပ်ပဲ လိုအပ်တာထက်ပိုပြီး အသားတွေ ပေါ်နေတဲ့ အဝတ်အစားတွေကိုလည်း မဝတ်ဆင်သင့်ပါဘူး။

တကယ်လို့ သင်ဟာ ဒရိုင်ဘာဆိုရင် ခရီးက ဘယ်လောက်ပဲ တိုပါစေ ကလေးငယ်ကို ချီမထားသင့်ပါဘူး။ ကလေး အသက်နှင့်လိုက်ပြီး သင့်တော်တဲ့ ကားထိုင်ခုံကို ဝယ်ထားသင့်ပါတယ်။ တကယ်လို့ သင်ဟာ ကားထိုင်ခုံငှားမယ် ဆိုရင်တော့ ဒီခုံတွေဟာ ပြဲနေခြင်း၊ ရက်လွန်နေခြင်းတွေ မရှိအောင် သတိထားသင့်ပါတယ်။

မွေးကင်းစကလေး အိပ်စက်ခြင်း

မွေးကင်းစကလေး အိပ်စက်မှု ကြာမြင့်ချိန်ဟာ ၁၆ နာရီကနေ ၁၈ နာရီအထိ ဖြစ်ပါတယ်။ သူတို့ နှစ်ခြိုက်စွာ အိပ်ပျော်ပြီး မကြာခဏ မနိုးစေဖို့ မိခင်တွေဟာ သူတို့ အိပ်ပျော်တဲ့အထိ ထွေးပွေ့ထားသင့်ပါတယ်။ သူတို့ကို အနှီးနဲ့ သေချာစွာ ထုပ်ပေးခြင်းဟာလည်း မိခင်ရဲ့ သားအိမ်အတွင်းမှာ နေရတဲ့ လုံခြုံတဲ့ ခံစားမှုကို ကလေးငယ်တွေကို ပြန်လည် ရရှိစေပါတယ်။

တစ်နှစ်အောက်ကလေးငယ်ရုတ်တရက်သေဆုံးခြင်းကို ကာကွယ်နိုင်စေဖို့ မိခင်ဟာ ကလေးငယ်ကို သူတို့ရဲ့ ဝမ်းဗိုက်ပေါ်မှာ မထားသင့်ပါဘူး။ စောင်တွေ၊ ခေါင်းအုံး၊ အရုပ်တွေရှိတဲ့ နေရာတွေဟာ အသက်ရှူကျပ်မှု ဖြစ်စေနိုင်တာကြောင့် ဒီအရာတွေရှိတဲ့နေရာမှာ မသိပ်သင့်ပါဘူး။ ဒါ့ပြင် ကလေးငယ်တွေ အသက် ၆ လ အောက်ဆိုရင် မိခင်တွေဟာ ကလေးနဲ့ တစ်ခန်းတည်း အိပ်ဖို့ အကြံပြုထားပါတယ်။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

First 24 hours at home with your baby

http://www.babycenter.com/newborn-baby Accessed December 30, 2016.

Bringing Your Baby Home

http://kidshealth.org/en/parents/bringing-baby-home.html# Accessed December 30, 2016.

ယခုပုံစံ

10/08/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အသားအရေထိန်းပစ္စည်းတွေကြောင့် ကလေးမှာ ဓာတ်မတည့်မှု ဖြစ်လာရင် ဘယ်လိုကုသစောင့်ရှောက်ပေးမလဲ

ကလေးဆံသား ကို ဘာကြောင့်ထိန်းသိမ်းပေးသင့်တာလဲ


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement