အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း အအေးမိပြီး ကောင်းကောင်းမကုဘူး ဆိုရင်လည်း အသက်ရှူရခက်တဲ့ ပြဿနာတွေကြောင့် ရုတ်တရက် သေဆုံးတတ်ပါတယ်။
ကလေးရဲ့ အိပ်ရာထဲက ပစ္စည်းတွေ၊ ကလေးအိပ်တဲ့ ပုံစံတွေက ရုတ်တရက် သေဆုံးနိုင်ချေ များစေပါတယ်။ ဥပမာပြောရရင်
-မှောက်လျက်အိပ်တဲ့၊ ဘေးစောင်းအိပ်တဲ့ ကလေးတွေက ပက်လက်အိပ်တဲ့ ကလေးတွေထက် အသက်ရှူရ ပိုခက်တတ်ပါတယ်။
-မွေ့ရာပျော့ပျော့၊ ရေမြုပ်အိပ်ရာပေါ် မှောက်အိပ်တဲ့ ကလးတွေက အသက်ရှူလမ်းကြောင်း ပိတ်နိုင်ချေ များပါတယ်။
– မိဘတွေက ကလေးနဲ့ တစ်ခန်းထဲ အိပ်ရင် ဖြစ်နိုင်ချေ နည်းပေမယ့် တစ်အိပ်ရာထဲ အိပ်ရင် ဖြစ်နိုင်ချေ များပါတယ်။
-အခန်းအပူချိန် မြင့်ရင်လည်း ရုတ်တရက် သေဆုံးနိုင်ချေ များပါတယ်။
ဘယ်သူတွေ ပိုဖြစ်နိုင်လဲ။
ဒီလို ရုတ်တရက်သေဆုံး တာက ကလေးတိုင်း ဖြစ်နိုင်ပေမယ့် အောက်က အချက်ရှိတဲ့ ကလေးတွေက ပိုဖြစ်နိုင်ပါတယ်တဲ့။
- ယောကျာ်းလေးတွေက ပိုဖြစ်နိုင်ပါတယ်။
- အသက် ၂လနဲ့ ၄လကြား ကလေးတွေက ပိုဖြစ်နိုင်ပါတယ်။
- ရှေ့ကလေးတွေမှာ ရုတ်တရက် သေဆုံးတဲ့ ရာဇဝင်ရှိရင် ပိုဖြစ်နိုင်ပါတယ်။
- အိမ်မှာ ဆေးလိပ်သောက်တဲ့သူရှိလို့ ဆေးလိပ်ငွေ့ရှူရရင်လည်း ရုတ်တရက် သေဆုံးတတ်ပါတယ်။
- လမစေ့ ပေါင်မပြည့်တဲ့ ကလေးတွေကလည်း ရုတ်တရက် သေဆုံးနိုင်ချေ များပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။