brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကလေးများကိုသွားကျန်းမာရေးအတွက်ဘယ်လိုသင်ပေးမလဲ

ကလေးများသည်အသက်၂နှစ်မှစ၍သွားကျန်းမာရေးကိုသင် ယူသင့်ပါတယ်။ ကောင်းမွန်သောသွားကျန်းမာရေးဆိုသည်မှာ သွားတစ်နေ့၂ကြိမ်တိုက်ခြင်း၊ နေ့စဉ်သွားကြားထဲရှိအစာ များကိုသန့်ရှင်းခြင်း နှင့် ခံတွင်းသန့်ဆေးရည်အသုံးပြုခြင်း ကိုဆိုလိုပါတယ်။

ကလေးများကိုသွားကျန်းမာရေးအတွက်ဘယ်လိုသင်ပေးမလဲ

ငယ်စဉ်ကပင်ကောင်းမွန်သောသွားကျန်း မာရေးအလေ့အထရှိပါကနောင်သွားပြဿနာများကင်းဝေး နိုင်ပါတယ်။

၁။ သွားတိုက်ပြီး သွားကြားထဲရှိအစာများကိုရှင်းပါ။

သင်ကိုယ်တိုင်ကလေးနှင့်သွားအတူတိုက်ခြင်းဖြင့် မှန်ကန်သောသွားတိုက်နည်းကိုသင်ပြပါ။ ထိုသို့လုပ်ခြင်းဖြင့်ကလေးများသည်ကောင်းမွန်သော သွားတိုက်နည်းအလေ့အထကိုရ ရှိနိုင်ပါတယ်။

၂။ ကလေးများကိုသူတို့ကြိုက်နှစ်သက်ရာသွားပွတ်တံနှင့် သွားတိုက်ဆေးကိုရွေးချယ်ပါစေ။

ရောဂါပိုးမွှားများသွားတိုက်တံတွင်မရှိစေရန် သွားတိုက်တံ ကိုအနည်းဆုံး၃လတစ်ကြိမ် လဲလှယ်သင့်ပါတယ်။

ထိုအခါမျိုးတွင် ကလေးစိတ်ကြိုက်သွားပွတ်တံကိုလဲလှယ်ခိုင်းပါ။ ကလေးကြိုက်နှစ်သက်နိုင်သည့်ရောင်စုံ၊ ကာတွန်းပုံစံသွား ပွတ်တံများကိုလည်းရွေးချယ်နိုင်ပါတယ်။

သွားတိုက်ဆေး ရွေးချယ်ရာတွင်လည်းကလေးကြိုက်နှစ်သက်နိုင်မည့်မွှေး၍ ချိုသောသွားတိုက်ဆေးကိုရွေးချယ်ပါ။

၃။ သွားတိုက်ရန်အချိန်ယူပါ။

သွားတိုက်ချိန် ၃မိနစ်သည်အသင့်တော်ဆုံးအချိန် ဖြစ်သည်ဟုသွားဆရာဝန်များကဆိုကြသည်။ သွားတိုက်ချိန် တွင်၃မိနစ်စာသီချင်းဆိုခြင်းဖြင့်ကလေးများပျော်ရွှင်နိုင်ပါ တယ်။

၄။ သွားနှင့်ပတ်သက်သောပုံပြင်နှင့် ဗွီဒီယိုများ

သွားနှင့်ပတ်သက်သောပုံပြင်များကိုအိပ်ရာမဝင်ခင်ပြောပြခြင်း ခံတွင်းကျန်းမာရေးနှင့်ပတ်သက်သောရုပ်ရှင်များပြသခြင်းဖြင့် ကလေးများသည်ကောင်းမွန်သောသွားတိုက်နည်းအလေ့အထရရှိပြီး သွားတိုက်ခြင်းအကျိုးကျေးဇူးကိုသိလာနိုင်ပါတယ်။

၅။ ဆုပေးပါ။

ကောင်းမွန်သောသွားတိုက်နည်းအလေ့အထရရှိနိုင်ရန်ခံတွင်း သန့်ရှင်းရေးလုပ်ပြီးတိုင်းလှပသောstickerပေးခြင်းဖြင့်ဆုချီးမြှင့် လိုက်ပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေး ပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Sandar Lin မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/08/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။