backup og meta

ကလေးငယ်တွေ ရေချိုးရတာနဲ့ခေါင်းလျှော်ရတာကို ပျော်သွားစေမယ့် အချက် ၁၀ ချက်

ကလေးငယ်တွေ ရေချိုးရတာနဲ့ခေါင်းလျှော်ရတာကို ပျော်သွားစေမယ့် အချက် ၁၀ ချက်

ဘေဘီပေါက်စလေးတော်တော်များများကရေဆော့ရတာကို ကြိုက်ပေမယ့်ရေချိုးရတာကိုတော့ သိပ်မကြိုက်တတ်ကြပါဘူး။ အချို့ကလေးတွေဆိုရင်ရေချိုးဖို့ ပျင်းတာမျိုးတောင်ရှိပါတယ်။ ခေါင်းလျှော်ဖို့ကတော့ ကလေးတိုင်းကြောက်တဲ့ ကိစ္စတစ်ခုလို့တောင်ပြောလို့ရမယ်ထင်ပါတယ်။ ဒီလိုရေချိုးဖို့မကြိုက်၊ ခေါင်းလျှော်ရမှာကိုကြောက်တတ်တဲ့ ကလေးလေးတွေကိုရေချိုးခေါင်းလျှော်ရတာပျော်အောင်လုပ်ပေးဖို့က လည်း မိဘတွေရဲ့တာဝန်တွေထဲကတစ်ခုပါပဲ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ရေချိုးရမှာကိုကြောက်တတ်တဲ့ ကလေးငယ်တွေခေါင်းလျှော်တိုင်း ငိုတဲ့ကလေးလေးတွေကို ဘယ်လိုမျိုး ရေချိုးခေါင်းလျှော်ပေးရင် အဆင်ပြေမလဲဆိုတဲ့ နည်းလမ်းလေးတွေကိုပြောပြပေးချင်ပါတယ်။

ကလေးငယ်တွေရေချိုးရတာပျော်စေဖို့

ကလေးအများစုကရေချိုးတဲ့အခါ သူတို့ မျက်လုံးတွေထဲကိုရေဝင်တာကိုကြောက်ကြတာပါ။ ဒါကြောင့်ကလေးကိုရေချိုးပေးတဲ့အခါ မျက်လုံးထဲရေဝင်တာမျိုးမဖြစ်စေဖို့အတွက်ရေချိုးပေးနေတဲ့အနီးမှာ တဘက်အခြောက်တစ်ထည်ကိုယူထားပေးရပါမယ်။ မျက်လုံးကိုရေဝင်တဲ့အခါ အလွယ်တကူသုတ်ပေးနိုင်စေဖို့ပါ။

ရေချိုးကန်ထဲကို အရုပ်ယူခွင့်ပေးလိုက်ပါ

ကလေးအများစုက သူတို့အရုပ်လေးတွေနဲ့အတူရေချိုးရတာကိုနှစ်သက်ကြပါတယ်။ ကိုယ်က သူကိုရေချိုးပေးသလို သူက သူ့အရုပ်လေးကိုရေချိုးပေးတာမျိုးလုပ်နေခွင့်ပေးလိုက်ပါ။ ဒီလိုလုပ်ပေးတာက ကလေးကိုရေချိုးပေးရလွယ်ကူစေမှာ အသေအချာပါပဲ။

ရေချိုးကန်ထဲမှာ အမြှုပ်လေးတွေဖြစ်အောင်လုပ်ပေးပါ

ဆပ်ပြာပူဖောင်းလေးတွေနဲ့ မဆော့ချင်တဲ့ ကလေးဆိုတာက ခပ်ရှားရှားပါ။ ကလေးကိုရေမချိုးပေးခင်မှာရေချိုးကန်ထဲမှာ ဆပ်ပြာမြှုပ်လေးတွေဖျော်ပေးထားလိုက်ပါ။ ကလေးက ဆပ်ပြာမြှုပ်လေတွေကိုမြင်တဲ့အခါရေချိုးရမှာကို စိုးရိမ်နေတဲ့ စိတ်တွေက ဆပ်ပြာမြှုပ်တွေ ဆီကိုအာရုံရောက်သွားတာကြောင့်မေ့မေ့ပျောက်ပျောက်ဖြစ်သွားပါလိမ့်မယ်။

ရေချိုးကန်ထဲမှာ အရောင်လေးတွေထည့်ဖော်ျပေးပါ

ကလေးငယ်ကိုရေချိုးပေးမယ့်ရေချိုးကန်ထဲမှာ အရောင်လှလှလေးတွေဖြစ်နေအောင် အစားအစာဆိုးဆေး နည်းနည်းထည့်ထားပေးလိုက်ပါ။ ကလေးက အရောင်လှလှလေးဖြစ်နေတဲ့ရေကိုမြင်တဲ့အခါရေချိုးချင်တာ ဒါမှမဟုတ်ရေကစားချင်တဲ့စိတ်မျိုးဖြစ်လာပါလိမ့်မယ်။ ဒီနည်းကလည်း ကလေးငယ်လေးတွေကိုရေချိုးပျော်အောင်လုပ်တဲ့နေရာမှာ အသုံးဝင်နိုင်ပါတယ်။

ကလေးကို သက်တောင့်သက်သာဖြစ်အောင်ထားပေးပါ

ကလေးကိုရေချိုးပေးတဲ့အခါ ကလေးကို သက်တောင့်သက်သာရှိအောင်လုပ်ပေးဖို့ကလည်းမေ့မထားသင့်တဲ့အချက်ပါပဲ။ရေရဲ့အပူချိန်ကစလို့ရေအတိမ်အနက်အထိအဆုံး အားလုံးကို အဆင်ပြေပြေဖြစ်အောင်လုပ်ပေးဖို့လိုပါမယ်။ရေအေးတာက ကလေးငယ်ကို ချမ်းတုန်တာတွေဖြစ်လာစေနိုင်တယ်ဆိုပေမယ့် ကလေးအများစုကရေအေးအေးလေးနဲ့ချိုးရတာကို နှစ်သက်ကြပါတယ်။ အသက် ၆ လအောက် ကလေးငယ်တွေကိုရေချိုးပေးမယ်ဆိုရင်တော့ သူတို့ကို ချိုးပေးမယ့်ရေဇလုံထဲကိုရေ ၃ လက်မထက်ပိုမထည့်ပါနဲ့။ ကလေးက ထိုင်တတ်တဲ့အရွယ်လောက်ရောက်ပြီဆိုရင်လည်း ကလေးခါးမြှုပ်ရုံလောက်ပဲရေကိုထည့်ရပါမယ်။

ကလေးနဲ့ရေအတူတူချိုးပေးပါ

ကလေးငယ်လေးတွေက သူတို့တစ်ယောက်တည်းရေချိုးရတာထက် မိဘတွေနဲ့အတူတူရေချိုးရတာကို နှစ်သက်ကြပါတယ်။ ကိုယ့်ရဲ့ရင်သွေးလေးကရေချိုးပေးရခက်နေမယ်ဆိုရင် အချိန်ပေးပြီး ကလေးနဲ့အတူတူရေချိုးတာမျိုးလုပ်ပေးပါ။ ဒီနည်းကလည်းရေချိုးပေးရခက်တဲ့ ကလေးတွေကိုရေချိုးပေးတဲ့နေရာမှာ အသုံးဝင်ပါလိမ့်မယ်။

ကလေးငယ်တွေ ခေါင်းလျှော်ရတာပျော်စေဖို့

ကလေးငယ်အများစုကခေါင်းလျှော်ရတာကိုကြောက်တတ်ကြပါတယ်။ တကယ်ကခေါင်းလျှော်တဲ့အခါ မျက်စိစပ်တာ၊ မျက်လုံးကိုအကြာကြီးမှိတ်ထားရတာနဲ့ ခေါင်းလျှော်တဲ့အခါရေမွှန်းတာတွေကိုကြောက်ကြတာပါ။ခေါင်းလျှော်ရမှာကိုကြောက်တဲ့ ကလေးငယ်လေးတွေကိုခေါင်းဘယ်လိုလျှော်ပေးရမလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်နော်။

ကလေးဆံသားနဲ့လိုက်ဖက်မယ့်ခေါင်းလျှော်ရည်ကိုရွေးချယ်ပါ

ကလေးအတွက် အသုံးပြုပေးနေတဲ့ခေါင်းလျှော်က အရမ်းပြင်းတာမျိုးမဖြစ်အောင်ဂရုစိုက်ရပါမယ်။ အရမ်းပျစ်ပြီး အနံ့အရမ်းပြင်းတဲ့ခေါင်းလျှော်ရည်မျိုးကို ကလေးအတွက် အသုံးမပြုပါနဲ့။ ကလေးကိုလျှော်ပေးတဲ့ခေါင်းလျှော်ရည်က မျက်စိစပ်တာမျိုး မဖြစ်စေတာသေချာဖို့လည်းလိုပါမယ်။

ရေချိုးခန်းမှာ မှန်ထားပေးပါ

ကလေးအများစုက သူတို့ရေချိုးနေတာ၊ခေါင်းလျှော်နေတာတွေကိုမှန်မှာမြင်နေရတာကို သဘောကျတတ်ကြပါတယ်။ ဒါကြောင့်ရေချိုးခန်းထဲမှာ မှန်ထားပေးပြီးခေါင်းလျှော်ပေးတဲ့အခါ ကလေးကိုမှန်ထဲက သူ့ပုံရိပ်ကိုမြင်အောင်လုပ်ပေးလိုက်ပါ။

ခဏခဏခေါင်းမလျှော်ပေးပါနဲ့

ကလေးလေးတွေကို နေ့တိုင်းခေါင်းလျှော်ပေးဖို့ မလိုပါဘူး။ တစ်ပတ်ကို တစ်ကြိမ်၊ နှစ်ကြိမ်လောက်ခေါင်းလျှော်ပေးတာနဲ့တင်တော်တော်လေးကိုလုံလောက်နေပါပြီ။ ခဏခဏခေါင်းလျှော်ပေးတာက ကလေးကျန်းမာရေးအတွက်လည်း မကောင်းသလို ကလေးကိုလည်းခေါင်းလျှော်ရမှာကြောက်သွားစေနိုင်ပါတယ်။

Vaseline သုံးပေးပါ

ခေါင်းလျှော်ရမှာကိုကြောက်တဲ့ ကလေးငယ်တွေကို Vaseline သုံးပေးလို့ရပါတယ်။ခေါင်းလျှော်မပေးခင်မှာ ကလေးရဲ့ နဖူးမှာ Vaseline သုံးပေးလို့ရပါတယ်။ နဖူးမှာ Vaseline သုံးလိုက်တဲ့အခါ မျက်လုံးထဲကိုရေမဝင်အောင် ကာကွယ်ပြီးသားဖြစ်သွားပါတယ်။

ကလေးကို မာန်မဲတာမျိုးမလုပ်ပါနဲ့

ကလေးကိုခေါင်းလျှော်ပေးတဲ့အခါ ကလေးကကြောက်လန့်ပြီးငိုတာမျိုးဖြစ်ခဲ့ရင် မာန်မဲတာမျိုး ဆူငေါက်တာမျိုးမလုပ်ပါနဲ့။ ကလေးကခေါင်းလျှော်ဖို့ကို ပိုကြောက်သွားနိုင်ပါတယ်။ ကလေးကိုခေါင်းပေါ်ကနေရေအဆက်မပြတ်လောင်းတာမျိုး မလုပ်မိဖို့လည်း သတိရပါ။ ကလေးကိုခေါင်းလျှော်ပေးနေချိန်မှာ စကားပြောပေးပါ။ပျော်စရာကောင်းတဲ့အကြောင်းလေးတွေပြောပြပေးနေပါ။ ဒီလိုလုပ်ပေးတာက ကလေးကိုအာရုံပြောင်းပေးရာရောက်ပါတယ်။

အခုပြောသလိုလေးတွေလုပ်ပေးတာအပြင် ကလေးကိုရေချိုးရင်း ပုံပြောပြတာ၊ အာလောက်လောက်ကစားပေးတာ၊ သီးချင်းဆိုပြတာ၊ နှိပ်နယ်ပေးတာမျိုးတွေလုပ်ပေးလို့ရပါသေးတယ်။ ကလေးကိုခေါင်းလျှော်ပေးတဲ့အခါမှာလည်း ခေါင်းပေါ်ကနေ ရေခွက်လိုက်လောင်းချမယ့်အစားရေပန်းကိုသုံးပြီးခေါင်းလျှော်ပေးတာမျိုးလုပ်ပေးကြည့်ပါ။ ဒါကလည်း အဆင်ပြေစေမယ့်နည်းလမ်းတွေပါပဲ။ရေချိုးရမှာခေါင်းလျှော်ရမှာကြောက်တဲ့ သားသားမီးမီးလေးတွေကို အခုဖော်ပြခဲ့တဲ့ နည်းလေးတွေသုံးပြီး ဒီနေ့ပဲရေချိုးခေါင်းလျှော်ပေးကြည့်လိုက်ပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.momjunction.com/articles/tips-to-wash-your-toddlers-hair_00330316/#gref

http://www.triplewash.com/your-baby-diaper-rash/tips-for-bath-time/

https://happyhooligans.ca/child-hates-bath-time-solutions/

ယခုပုံစံ

10/08/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးများ နွေရာသီမှာ အာဟာရမချို့တဲ့စေဖို့

မိခင်နို့ မတိုက်ဖြစ်တဲ့ ၆လအောက်ကလေးတွေကို ဘာတိုက်နိုင်သလဲ



Aye Thi Mon မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement