backup og meta

ကလေးခေါင်းသန်းရှိရင် လုပ်သင့်သည့်အချက် ၃ ချက်

ဦးခေါင်းက သန်းတွေ ဟာ ကလေးအများစုမှာတွေ့ရတတ်ပြီး ခေါင်းယားတာမျိုး၊ မျက်ခုံးတွေနဲ့ မျက်တောင်တွေယားတာမျိုးဖြစ်စေတတ်ပါတယ်။ သူတို့ဟာ အန္တရာယ်မများပေမယ့် ဖြေရှင်းဖို့တော့ အတော်ခက်တဲ့ကိစ္စပါ။ တကယ်လို့သင့်ကလေးမှာ သန်းရှိတယ်ဆိုရင် သင်ဘာလုပ်မလဲ။

ဒီအကြံပြုချက် ၅ချက်ကို လိုက်နာကြည့်လိုက်ပါ။

ကလေးခေါင်းမှာ သန်းရှိမရှိ သေချာကြည့်ပါ။

ပထမဆုံး သင့်ကလေးမှာ သန်းတွေရှိနေတယ်ဆိုတာ အတည်ပြုပါ။ သင့်ကလေးရဲ့ လက္ခဏာတွေကို စစ်ဆေးနိုင်ပြီး သူ့ကိုလည်း စစ်ဆေးခံခိုင်းပါ။

လက္ခဏာတွေကတော့

သန်းတွေဟာ သေးငယ်ပေမယ့် သာမန်မျက်စိနဲ့ မြင်နိုင်ပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေကတော့

ကလေးဟာ ခေါင်းမှာ မနေနိုင်မထိုင်နိုင်ယားတာကို ခံစားမိနေမယ်။ ယားယံခြင်းကတော့ သန်းစကူးပြီ၊ သန်းစရှိပြီဆိုတာနဲ့ စတင်တာမဟုတ်ပါဘူး။ သင့်ကလေး စတင်ယားလာဖို့အချိန်နဲ့ သူတို့ခေါင်းကို စကုတ်ဖို့အချိန်က ရက်သတ္တပတ် အနည်းငယ်လောက် ကြာနိုင်ပါတယ်။

သင့်ကလေးက ခေါင်းမှာ အကောင်တွေ သွားနေသလို ခံစားချက်တွေရှိလာမယ်။

ကလေးရဲ့ လည်ပင်း၊ ခေါင်းနဲ့ ပုခုံးတွေမှာ အဖုတွေတွေ့လာနိုင်ပါတယ်။ အဖုတွေက သေးငယ်နီရဲပြီး ပြည်တည်နေနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အလွန်အကျွံကုတ်ခြင်းက ဘက်တီးရီးယားပိုးဝင်စေနိုင်ပြီး ပဋိဇီဝဆေးတွေသောက်သုံးရနိုင်ပါတယ်။

သင်က သန်းဥတွေကိုလည်း တွေ့နိုင်ပါသေးတယ်။ သန်းဥတွေဟာ သေးငယ်တဲ့ အဖြူရောင်၊ အဝါရောင်၊ အညိုရောင်အစက်လေးတွေပါ။ ဒီသန်းဥတွေကတော့ ဖယ်ရှားရခက်ခဲပါလိမ့်မယ်။

စစ်ဆေးခြင်း

သင်ကသင့်ကလေးခေါင်းမှာ သန်းတွေနဲ့ သန်းဥတွေကိုတွေ့နေတယ်ဆိုရင်တောင်မှ သေချာကြည့်ဖို့ လိုအပ်ပါသေးတယ်။ သင့်ကလေးရဲ့ခေါင်းကို နေရောင်အောက်မှာ ဒါမှမဟုတ် သင့်အိမ်ရဲ့ အလင်းဆုံးနေရာမှာကြည့်ပါ။ ပိုပြီးသိသာထင်ရှားဖို့ မှန်ဘီလူးသုံးချင်လည်းရပါတယ်။

ဆံပင်တွေကို အလွှာသေးသေးလေးတွေ ခွဲလိုက်ပါ။

  • သန်းနဲ့သန်းဥတွေကိုရှာပါ။
  • ခေါင်းတစ်ခေါင်းလုံးကိုကြည့်ပါ။
  • လည်ပင်း၊နား သို့မဟုတ် ပုခုံးတွေမှာ အဖုတွေရှာကြည့်ပါ။
  • တကယ်လို့သင့်ကလေးရဲ့ခေါင်းကခြောက်သွေ့နေချိန်မှာ သန်းနဲ့သန်းဥတွေမတွေ့ဘူးဆိုရင် ရေစိုနေတဲ့အချိန်မှာ ပြန်ရှာပါ။ ဘီးစိပ်(သန်းချဘီး)ကိုသုံးပါ။
  • ကလေးခေါင်းကိုသန့်စင်တဲ့ရေနဲ့ဆွတ်ပါ။
  • ဆံပင်ထဲကို ပျော့ဆေးထည့်ပြီး စိုစွတ်နေပါစေ။
  • ဘီးစိပ်နဲ့ ဆံပင်အရင်းမှအဖြားထိဖြီးချပါ။ ဦးရေပြားကို သတိထားပါ။
  • သန်းနဲ့ သန်းဥတွေကို ဘီးမှာတွေ့နိုင်ပါတယ်။

ကလေးရဲ့ကျောင်းက ဆရာ၊ဆရာမတွေနဲ့ သူနာပြုတွေနဲ့အတူလည်း စစ်ဆေးနိုင်ပါတယ်။ တကယ်လို့ သင့်ကလေးမှာ သန်းရှိနေတယ်ဆိုရင် အခြားကလေးတွေကို ကာကွယ်နိုင်စေဖို့အတွက် ဆရာ/မတွေနဲ့ သူနာပြုတွေကိုပြောပြပါ။

မိသားစုထဲက လူတိုင်းကို စစ်ဆေးပါ။

သန်းဟာ လူတစ်ယောက်ကနေ တစ်ယောက်ကို ပြန့်ပွားနိုင်ပါတယ်။ ဒါကြောင့် သန်းရှိတဲ့လူတိုင်းကို ကုသပါ။ သင့်ကလေးကို မကုခင် အခြားသော မိသားစုဝင်တွေကိုလည်း စစ်ဆေးပါ။ ရင်းနှီးတဲ့သူငယ်ချင်းတွေကို သန်းရှိ၊ မရှိစစ်ခိုင်းပါ။ သန်းရှိတဲ့သူ အသုံးပြုတဲ့ စောင်တွေ၊ အဝတ်အစားတွေ၊ ခေါင်းအုံးတွေနဲ့ အရုပ်တွေကိုလည်း လျှော်ဖွပ်ဆေးကြောပါ။

သန်းတွေကိုဖယ်ရှားပါ။

သင့်ကလေးကို တတ်နိုင်သမျှ အမြန်ဆုံး ကုသပါ။ Permethrin ၁%ပါဝင်တဲ့ lotionတွေ ခေါင်းလျှော်ရည်တွေ သို့မဟုတ် cream rinse တွေကိုလည်း သန်းတွေကို ဖယ်ရှားဖို့ အသုံးပြုနိုင်ပါတယ်။ ဒါတွေကိုတော့ ဆေးဆိုင်မှာ ဝယ်ယူရရှိနိုင်ပါတယ်။

ဒီပစ္စည်းတွေလည်း အလုပ်မဖြစ်ဘူးဆိုရင်တော့ ဆရာဝန်က OTC ဆေး (ဆေးဆိုင်မှာ အလွတ်ဝယ်ယူနိုင်တဲ့ဆေး) ဒါမှမဟုတ် ညွှန်ကြားချက်ပါမှ ရနိုင်တဲ့ဆေးတွေကို ညွှန်းပေးပါလိမ့်မယ်။ အသုံးပြုပုံအတိုင်း အညွှန်းအတိုင်းတော့ သေချာလိုက်နာပေးဖို့ လိုမှာပါ။

သန်းတွေပြန်မလာဖို့ (အားလုံးရှင်းသွားစေဖို့) သန်းဥတွေကိုလည်း ရှင်းလင်းဖို့လိုပါတယ်။ အချို့သော ဆံပင်အတွက် ထုတ်ထားတဲ့ ထုတ်ကုန်တွေဟာ သန်းဥတွေကို ဆံပင်မှာတွယ်ကပ်နေစေတဲ့ ကောင်တွေကို ဖယ်ရှားပေးပါတယ်။ ပြီးရင်တော့ ဘီးစိပ်ကိုသုံးပါ။

သတ္တုအသွားနဲ့ ဘီးစိပ်က ပိုပြီး သန်မာပြီး ပုံမှန် ပလတ်စတစ် သို့မဟုတ် သစ်သားဘီးစိပ်တွေထက် ပိုအလုပ်ဖြစ်ပါတယ်။ ဘီးစိပ်နဲ့ လွယ်လွယ်ကူကူဖြီးလို့ရအောင် သံလွင်ဆီသုံးပေးပါ။

ခေါင်းသန်းတွေကတော့ ကလေးတွေမှာ အဖြစ်အများဆုံးပါပဲ။ သူတို့ဟာ သင့်ကလေးကို ဒုက္ခမပေးပေမယ့် စိတ်အနှောက်အယှက်ဖြစ်စရာပါပဲ။ သင့်ကလေးခေါင်းမှာ သန်းတွေ့လိုက်ပြီဆိုရင်တော့ သူတို့ကို အလျင်အမြန်ဖယ်ရှားကုသဖို့ လိုပါလိမ့်မယ်။ အဓိကအချက်ကတော့ သန်းတွေဟာ ကလေးတစ်ယောက်ကနေ တစ်ယောက်ကို ကူးလာနိုင်တယ်ဆိုတာပါပဲ။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

1. Head lice. https://medlineplus.gov/ency/article/000840.htm. Accessed March 14, 2017.
2. Head lice. http://kidshealth.org/en/parents/head-lice.html#. Accessed March 14, 2017.
3. How to tell if your child has head lice. https://www.babycenter.com/0_how-to-tell-if-your-child-has-head-lice_66430.bc. Accessed March 14, 2017.
4. How to get rid of lice in your child’s hair. https://www.babycenter.com/0_how-to-get-rid-of-lice-in-your-childs-hair_11443.bc. Accessed March 14, 2017.
5. What to Do When Your Child Has Lice. http://www.webmd.com/children/features/what-do-when-your-child-has-head-lice#1. Accessed March 14, 2017.

ယခုပုံစံ

10/08/2022

Wathun Myat Chal မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးဖွံ့ဖြိုးကြီးထွားတာကို အထောက်အကူပြုနိုင်တဲ့ ပျော်ရွှင်စရာလှုပ်ရှားမှုများ

ကလေးငယ်ကို ဉာဏ်ရည်မြင့်မားစွာနဲ့ကြီးပြင်းလာစေနိုင်မယ့် အချက်များ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Wathun Myat Chal မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement