backup og meta

မိုးရာသီဝင်ချိန်တွင် ဖြစ်ပွားတတ်သည့် ရောဂါများကို ဘယ်လိုကာကွယ်ကြမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 14/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိုးရာသီဝင်ချိန်တွင် ဖြစ်ပွားတတ်သည့် ရောဂါများကို ဘယ်လိုကာကွယ်ကြမလဲ

    မုတ်သုံရာသီ နီးကပ်လာတာနဲ့အမျှ အနောက်တောင်လေတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့အတူ ပါလာတာကတော့ ရာသီအကူးအပြောင်းမှာ ဖြစ်တတ်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ ဖျားနာရောဂါပဲ ဖြစ်ပါတယ်။ ဒါတွေအပြင် အဖြစ်များတဲ့ တခြားရောဂါတွေကတော့ ငှက်ဖျားရောဂါ၊ လည်ချောင်းနာတာ၊ အအေးမိတုပ်ကွေးနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါတို့ ဖြစ်ကြပါတယ်။ ဒီတော့ မိုးရာသီဝင်ချိန်တွင် ဖြစ်ပွားတတ်သည့် ရောဂါများကို ဘယ်လိုကာကွယ်ကြမလဲ ။

    မိုးရာသီဝင်ချိန်တွင် ဖြစ်ပွားတတ်သည့် ရောဂါများကို ဘယ်လိုကာကွယ်ကြမလဲ

    မိုးရာသီဝင်ချိန်တွင် ဖြစ်ပွားတတ်သည့် ရောဂါများကို အခုလို ကာကွယ်နိုင်ပါတယ်။

    (၁) သောက်သုံးရေကို သန့်ရှင်းအောင် ဂရုစိုက်ပါ၊၊

    မိုးရာသီမှာ ရေအရင်းအမြစ်တွေက ညစ်ညမ်းလွယ်ပြီး မသန့်ရှင်းသော ရေကတဆင့် အသည်းရောင်အသားဝါရောဂါ၊ အထက်လှန်အောက်လျှောရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါတို့ ဖြစ်ပွားနိုင်ပါတယ်၊၊ ရေကနေတဆင့် ရောဂါတွေ မကူးစေဖို့ ရေကို ကျိုချက်သောက်တာ၊ သောက်ရေသန့်သောက်တာ၊ ရေသန့်ဆေးပြားထည့်ပြီး သန့်စင်တာတွေ လုပ်နိုင်ပါတယ်၊၊

    (၂) လက်သုတ်ပုဝါကို မိမိတစ်ဦးတည်း အသုံးပြုပါ၊၊

    ဘက်တီးရီးယားပိုးရောဂါများမှ ကင်းဝေးရန် လက်သုတ်ပုဝါကို သီးသန့်အသုံးပြုပါ။ တတ်နိုင်လျှင် တစ်ခါသုံးတစ်ရှူးကို သုံးပြီး စနစ်တကျ စွန့်ပစ်ပါ၊၊

    (၃) လက်ကိုင်ပုဝါဆောင်ပါ၊၊

    နှာစေးချောင်းဆိုးရင် လက်ကိုင်ပုဝါနဲ့ နှာခေါင်း၊ ပါးစပ်တို့ကို အုပ်ပေးပါ။ ဒီလိုလုပ်တာက မိမိကနေ သူများကို ရောဂါမကူးအောင် ကာကွယ်ပြီးသား ဖြစ်စေပါတယ်၊၊

    (၄) ခြင်မကိုက်အောင်နေပါ

    ငှက်ဖျားရောဂါပိုး သယ်ဆောင်လာသော ခြင်သည် ညနေဘက်တွင် ကိုက်လေ့ရှိပါတယ်၊၊ သွေးလွန်တုပ်ကွေးဖြစ်စေတဲ့ ခြင်ကတော့ နေ့အလင်းရောင် ကောင်းကောင်းရချိန်မှာ ကိုက်တတ်ပါတယ်၊၊ ဒါကြောင့် ခြင်ကိုက်မခံရအောင် ဘယ်အချိန်မှာ အိပ်အိပ် ခြင်ထောင်ထောင်ပါ၊၊ ခြင်အောင်းနိုင်တဲ့ နေရာတွေကို ရှင်းပါ၊၊ ခြင်နိုင်ဆေး လိမ်းထားပါ၊၊

    (၅) ရောဂါဖြစ်ပါက စောစီးစွာကုသမှုခံယူပါ

    မိုးရာသီမှာ ဖျားနာတာ၊ ကိုယ်လက်ကိုက်တာ၊ နှာစေးချောင်းဆိုးတာတွေအတွက် ဆေးဆိုင်ကနေ အလွယ်တကူရနိုင်တဲ့ ဆေးတွေနဲ့ မသက်သာပါက နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ မဖြစ်အောင် ဆရာဝန်နှင့် ပြသပါ။

    (၆) ကျန်းမာရေးနဲ့ ညီညွတ်အောင် ရွေးချယ်စားသုံးပါ

    သန်ရှင်းလတ်ဆတ်စွာ ပြင်ဆင်ထားတဲ့ အစားအစာတွေက ကျန်းမာရေးအတွက် စိတ်ချရပါတယ်၊၊ မိုးတွင်းမှာ အပြင်စာ၊ လမ်းဘေးစာတွေထက် အိမ်မှာပဲ လတ်လတ်ဆတ်ဆတ် ချက်ပြုတ်စားသောက်တာက ကျန်းမာရေးအတွက် ပိုသင့်တော်ပါတယ်၊၊

    (၇) လူထူထပ်တဲ့ နေရာတွေကို ရှောင်ပါ

    လူထူထပ်တဲ့ နေရာတွေက ဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှု ပိုမိုလွယ်ကူတဲ့အတွက် ပွဲလမ်းသဘင်တွေကို တတ်နိုင်သမျှ ရှောင်ပါ၊၊ မဖြစ်မနေသွားရမယ်ဆို နှာခေါင်းစည်းတက်သွားပါ၊၊

    (၈) လက်သန့်ဆေးရည် အသုံးပြုပါ

    ရေနဲ့ ဆပ်ပြာကို သုံးပြီး မကြာခဏ လက်ဆေးပါ၊၊ ဒါမှမဟုတ် ရေမလို လက်သန့်ဆေးရည်ကို သုံးပါ၊၊

    သင့်တွင် ရင်သွေးငယ်များရှိပါက သင့်ကလေးငယ် အတွက် အောက်ပါတို့ကို လိုက်နာပါ။

    •  လက်သည်းညှပ်ပါ

    လက်သည်းရှည်တွေက အညစ်အကြေးနဲ့ ရောဂါပိုးတွေ ခိုအောင်းရာနေရာ ဖြစ်တဲ့အတွက် ကလေးငယ်များကို လက်သည်းပုံမှန် ညှပ်ပေးပါ။

    •  မိုးရွာနေချိန်မှာ ကလေးငယ်တွေကို အိမ်တွင်းမှာသာထားပါ

    မိုးရေထဲမှာ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးများ ပါဝင်တတ်ပါတယ်။ အထူးသဖြင့် မိုးဦးလေဦးတွင် ရွာသော မိုးမစိုမိစေရန် ကလေးငယ်ကို ဂရုစိုက်ပေးပါ။

    ကလေးငယ်တွေက လက်ဆေးရတာကို မကြိုက်ကြပါဘူး၊၊။ မိဘတွေအနေနဲ့ လက်ဆေးခြင်းကို သေချာပြသပေးပြီး လက်ဆေးတတ်တဲ့ အကျင့်ပါအောင် ပျိုးထောင်ပေးပါ။

    ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ရောဂါတွေက အရွယ်ရောက်ပြီး သူတွေအတွက် ကြီးမားတဲ့ ပြဿနာပေမယ့် ကလေးငယ်တွေအတွက် ကြီးမားတဲ့ ကျန်းမာရေးပြဿနာဖြစ်စေနိုင်တာကြောင့် အထူးဂရုစိုက် စောင့်ရှောက်ရန်လိုအပ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 14/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement