backup og meta

သင့်ကလေးဖွံဖြိုးတိုးတက်မှုကို ဘယ်လိုအားပေးကူညီမလဲ

သင့်ကလေးဖွံဖြိုးတိုးတက်မှုကို ဘယ်လိုအားပေးကူညီမလဲ

ကိုယ်ခန္ဓါ ဖွံ့ဖြိုးမှုဟာ ကိုယ်ခန္ဓါက တိကျတဲ့ လုပ်ငန်းဆောင်တာတွေ လုပ်နိုင်စေဖို့ မတူညီတဲ့ လှုပ်ရှားမှုတွေကို ညှိနှိုင်းဆောင်ရွက်နိုင်ခြင်း၊ ထိန်းချုပ်နိုင်ခြင်း လို့ အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါတယ်။ ဖွံ့ဖြိုးမှုမှာ အပိုင်းနှစ်ပိုင်းခွဲခြားနိုင်ပြီး gross motor skills နဲ့ fine motor skills တွေပဲ ဖြစ်ပါတယ်။

Gross motor skills တွေဟာ ကိုယ်ခန္ဓါရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ လက်၊ ခြေထောင် လှုပ်ရှားမှုတွေကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည်ဖြစ်ပြီး fine motor skills ကတော့ လက်ချောင်း၊ ခြေချောင်း၊ တံတောင်ဆစ် အစရှိတာတွေက ပြုလုပ်တဲ့ သေးငယ်တဲ့ လှုပ်ရှားမှုတွေပဲဖြစ်ပါတယ်။

ငယ်ရွယ်စဉ်မှာ ကိုယ်ခန္ဓါဖွံ့ဖြိုးမှုဟာ အရေးပါတာကြောင့် ကလေးရဲ့ ကိုယ်ခန္ဓါ ဖွံ့ဖြိုးမှုကို တိုးတက်စေတဲ့ လှုပ်ရှားမှုလေးမျိုးကို စမ်းကြည့်သင့်ပါတယ်။

၁။ စာရေးခြင်းနဲ့ ပုံဆွဲခြင်း။

စာရေးခြင်းနဲ့ ပုံဆွဲခြင်းဟာ ကလေးရဲ့ fine motor skills တွေ ဖြစ်တဲ့ ဆုပ်ခြင်း၊ ကိုင်ခြင်း၊ လက်ချောင်းလှုပ်ရှားမှုတွေကို တိုးတက်စေပါတယ်။ သူတို့ရဲ့ ဖန်တီးနိုင်စွမ်းအားကိုလည်း မြှင့်တင်ပေးပါတယ်။

သူတို့ပိုမို ပျော်ရွှင်အောင် ဆွဲတဲ့ ပစ္စည်းကိရိယာတွေဖြစ်တဲ့ အမှုန် မထွက်တဲ့မြေဖြူ၊ ပြန်ဆေးနိုင်တဲ့ ပန်းချီဆေး၊ အရောင် ချယ် markers တွေကို ပေးထားနိုင်ပါတယ်။

၂။ ပစ်ခြင်းနဲ့ ဖမ်းခြင်း။

ဘောလုံးကို ပစ်ခြင်းနဲ့ ဖမ်းခြင်းဟာ မျက်လုံးနဲ့ လက်ရဲ့ ထိန်းညှိလုပ်ဆောင်မှုကို တိုးတက်စေနိုင်ပါတယ်။ အကောင်းဆုံးရလဒ် ရရှိဖို့ သင့်ကလေးကို ပစ်ခြင်းနဲ့ ဖမ်းခြင်း ပြုလုပ်နေစဉ်မှာ လက်နှစ်ဖက်ကို တစ်လှည့်စီ အသုံးပြုစေသင့်ပါတယ်။

အရွယ်၊ အရောင်မတူညီတဲ့ ဘောလုံးတွေကို အခေါက်တိုင်း ပြောင်းလဲပေးပြီး ဂိမ်းကို ခက်အောင် လုပ်နိုင်ပါတယ်။

၃။ အဝတ်အစား ဝတ်ခြင်း၊ ချွတ်ခြင်း။

အသက် ၂ နှစ်ကနေ ၄ နှစ်ကြား ကလေးတွေဟာ သူတို့ရဲ့ အဝတ်အစားနဲ့ ဖိနပ်ကို ဝတ်နိုင် ချွတ်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ဟာ အင်္ကျီကြယ်သီးတပ်ခြင်း၊ ကြိုးချည်ခြင်း၊ ဇစ်တပ်ခြင်း၊ ဖြုတ်ခြင်းတွေမှာတော့ ရုန်းကန်ရနိုင်ပါတယ်။

သင့်ကလေးကို ဘယ်လိုသေချာ ဝတ်စားရမလဲဆိုတာ သင်ထားပေးခြင်းရဲ့ အဓိက ရည်ရွယ်ချက်ဟာ စိတ်ရှည်ဖို့၊ ဇွဲရှိဖို့ပဲဖြစ်ပါတယ်။ သူတို့ကို သင်က စတင်အဝတ်အစားဝတ်ပေးပြီး နောက်ဆုံးတစ်ဆင့်ကို ချန်ထားသင့်ပါတယ်။ ပြီးရင်တော့ သူတို့ ပိုလုပ်နိုင်လာတာနဲ့ အမျှ တစ်ဆင့်ပြီးတစ်ဆင့် လုပ်စေသင့်ပါတယ်။

ကြီးမားတဲ့ အရုပ်တွေဟာ ကလေးတွေအတွက် အင်္ကျီဝတ်ခြင်း၊ ချွတ်ခြင်းကို ပြုလုပ်နိုင်တဲ့ လေ့ကျင့်စရာ အရုပ်တွေပဲဖြစ်ပါတယ်။ ဒါပေမယ့် သေးငယ်တဲ့ ကြယ်သီး၊ ကြိုးတွေ ပေးခြင်းဟာ ကလေးငယ် မျိုချပြီး နင်ခြင်းကို ဖြစ်စေတာမို့ ရှောင်ရှားသင့်ပါတယ်။

၄။ တက်ခြင်း၊ ထိန်းညှိခြင်း။

တက်ခြင်းနဲ့ ထိန်းညှိခြင်းဟာ ကြွက်သားနဲ့ အရိုးတွေကို သန်မာစေရုံသာမက အဟန့်အတားကို ရှောင်နိုင်ခြင်း၊ အမြင်အာရုံနဲ့ လှုပ်ရှားမှုကို ထိန်းညှိနိုင်ခြင်းတွေကြောင့် ဦးနှောက်ကို လှုံ့ဆော်မှုများစွာ ပြုလုပ်ပါတယ်။

မိဘအတော်များများက ဒီလိုအပြုအမူတွေဟာ ကလေးတွေအတွက် အန္တရာယ်ရှိတယ်လို့ ယူဆတာကြောင့် ပေးမလုပ်ကြပါဘူး။

ဒါပေမယ့် သင့်ကလေး လှေကားတက်ချိန်မှာ ဂရုစိုက်သင့်ပြီး သူတို့တက်တဲ့ လှေကားဟာလည်း သူတို့ရဲ့ကိုယ်ခန္ဓါ အလေးချိန်ကို ခံနိုင်ရည်ရှိသင့်ပါတယ်။ ကလေးကို ကစားကွင်း ခေါ်မသွားနိုင်တဲ့အခါ အခန်းအတွင်းမှာတင် တက်နိုင်တဲ့ လှေကားနဲ့ မိုးရွာတဲ့နေ့မှာ အိမ်မှာဆော့ကစားနိုင်တဲ့ ကိရိယာတွေကို ဝယ်ပေးထားနိုင်ပါတယ်။

အထက်ဖော်ပြပါ လှုပ်ရှားမှုတွေအပြင် သင့်ကလေးရဲ့ ကိုယ်ခန္ဓါ ဖွံ့ဖြိုးမှုကို တိုးတက်စေတဲ့ အခြားလေ့ကျင့်ခန်းတွေ ရှိပါသေးတယ်။ ဒီလေ့ကျင့်ခန်းတွေကတော့ ခုန်ခြင်း၊ ပြေးခြင်း၊ တွန်းခြင်း၊ ဆွဲခြင်း၊ အစရှိသည်တို့ ဖြစ်ပါတယ်။ လှုပ်ရှားမှုတိုင်းဟာ ကလေးရဲ့ ကိုယ်ခန္ဓါတိုးတက်မှုကို အားပေးတာကြောင့် မလှုပ်ရှားမှုတွေဖြစ်တဲ့ TV ကြည့်ခြင်း၊ ဗီဒီယို ဂိမ်းကစားခြင်းတွေကို ကန့်သတ်သင့်ပါတယ်။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

– How to encourage your toddler’s physical development http://www.babycentre.co.uk/a557046/how-to-encourage-your-toddlers-physical-development Accessed February 5, 2017

ယခုပုံစံ

07/06/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr . Phyu Mon Latt မှ ရေးသားသည်။ · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement