backup og meta

အိပ်နေသောသင်၏ ကလေးကို လုံခြုံစိတ်ချရအောင် ဘယ်လိုသိပ်မလဲ။

ကလေးများအိပ်နေစဉ်အတွင်း ရုတ်တရက်မမျှော်လင့်ဘဲ သေဆုံးခြင်းများပြားလာသည်နှင့်အမျှ ကလေးအိပ်စက်ခြင်းသည် မိဘများအတွက် စိတ်ပူစရာတစ်ခု ဖြစ်လာခဲ့သည်။ တရားခံမှာ SIDS ဟုခေါ်သော တစ်နှစ်အောက်ကလေး ရုတ်တရက် သေဆုံးခြင်းဟု ခေါ်သည်။ အချို့ကိစ္စရပ်များတွင် သေဆုံးခြင်း၏ အကြောင်းအရင်းများမှာ အသက်ရှူကြပ်ခြင်း၊ လည်ပင်းအစ်ခြင်းများကြောင့် ဖြစ်နိုင်သည်။

အိပ်နေသောသင်၏ ကလေးကို လုံခြုံစိတ်ချရအောင် ဘယ်လိုသိပ်မလဲ။

၁။ မွေးကာစ ကလေးငယ်များအားလုံးကို ပက်လက်အိပ်နိုင်စေရန် နေရာချပေးသင့်သည်။

ခဏအိပ်သည်ဖြစ်စေ၊ တစ်ညလုံးအိပ်သည်ဖြစ်စေ သင့်ကလေးငယ်များကို ပက်လက်လှန်လျက်သာ အိပ်ခိုင်းစေသင့်သည်။ သုတေသနပြုသူများ၏ လေ့လာချက်များအရ ပက်လက်လှန်အိပ်သော ကလေးများသည် အိပ်နေစဥ ်သေဆုံးနိုင်ခြေ သိသိသာသာလျော့ကျကြောင်း သိရသည်။ ဘေးစောင်းအိပ်သော ကလေးများသည် အစာအိမ် အလွယ်တကူခေါက်ကာ လေဝင်လမ်းကြောင်းကို ပိတ်စို့နိုင်သည်။ သို့သော်လည်း အကယ်၍ သင့်ကလေးသည် အိပ်နေစဉ် အနေအထားအမျိုးမျိုးကို သူဘာသာသူ သက်တောင့်သက်သာ ပြောင်းလဲနိုင်လျှင် ကလေးကို ပက်လက်လှန်အိပ်ဖို့ တောက်လျှောက် ပြန်ပြောင်းပေးစရာမလိုပါ။

၂။ မျက်နှာပြင်တင်းရင်းသော အိပ်ရာ၊စောင်၊ ခေါင်းအုံးများကို သာသုံးပါ။

သင်သည်ချည်ဖြင့်ပြုလုပ်ထားသော စောင်များသို့မဟုတ် ချည်စများ ဝယ်ခြင်းဖြင့် သင့်ကလေးကို သင့်လျော်သောအပူချိန်တွင် သိပ်နိုင်ပါသည်။ သို့မဟုတ် သင့်သည် သင့်ကလေးကို အလွန်အေးနေလား၊အလွန်ပူနေလား ဂရုစိုက်စောင့်ကြည့်ပြီးတော့ စောင်ခြုံသင့်လျှင်စောင်ခြုံပေး၊ ဖယ်ပေးသင့်လျှင် ဖယ်ပေးရပါမည်။ သင်သည်သင့်ကလေး၏ အိပ်ရာနှင့် ကွက်တိဖြစ်မည့် အိပ်ရာခင်းများ၊ စောင်များကို ရွေးချယ်ဝယ်ယူသင့်ပါသည်။ သင့်ကလေး အသက်တစ်နှစ်မရောက်မီတွင် ငှက်မွေးဖြင့်ပြုလုပ်သောဂွမ်းကပ်များ၊ ခေါင်းအုံးများကို ကလေးများ၏အိပ်ရာပေါ်တွင် မသုံးပါနှင့်။ အဘယ်ကြောင့်ဆိုသော် ထိုအရာသည် အပူချိန်မြင့်တက်စေသည်။ လေအဝင်အထွက်ကို ကန့်သတ်ပေးပြီး သင့်ကလေး ကိုယ်လက်ဆန့်သောအခါတွင် သက်တောင့်သက်သာ မဖြစ်စေသောကြောင့်ဖြစ်သည်။

၃။ သင့်ကလေးကို အသက်တစ်နှစ်အထိ သင်နှင့်တစ်ခန်းတည်းတွင် ထားပါ။

သင့်ကလေးကိုစောင့်ကြည့်နေဖို့အတွက် သင်သည် ကလေး၏အိပ်ရာ၊ပုခက်စသည်တို့ကို သင်အိပ်သောနေရာနှင့် တစ်ခန်းတည်းတွင် အနည်းဆုံးအသက်ခြောက်လအထိ ထားပါ။ တစ်နှစ်အထိထားနိုင်ပါကပိုပြီးကောင်းပါသည်။ သင့်ကလေးနှင့် တစ်ခန်းတည်းနေခြင်းသည် ရုတ်တရက် ကလေးသေဆုံးခြင်းနှုန်း ကို လျော့ကျစေပါသည်။ သင့်ကလေးနှင့် တစ်အိပ်ရာတည်းအိပ်ခြင်းသည် မကောင်းပါဘူး။ အဘယ်ကြောင့်ဆိုသော် သင်သည် အိပ်ပျော်နေစဉ်အတွင်းတွင် ကလေးအားမမျှော်လင့်ဘဲနှင့် ထိခိုက်ဒဏ်ရာရစေနိုင်သောကြောင့်ဖြစ်သည်။ သင့်ကလေးနှင့် တစ်ခန်းတည်းနေခြင်းသည် သင့်ကလေးကိုအလွယ်အကူနို့တိုက်နိုင်ရန်လည်း ကူညီပေးပါသည်။

၄။ သင့်ကလေးအိပ်သော အနီးတဝိုက်တွင် အန္တရာယ်ရှိသောပစ္စည်းများမထားပါနှင့်။

နူးညံ့သောပစ္စည်းများသို့မဟုတ် ခေါင်းအုံး၊ ကြီးမားသောစောင်များ၊ကစားစရာများ၊ ဂွမ်းကပ်များ၊ အမွေးပါသောစောင်များ စသည့် မလိုအပ်သောအရာများသည် သင့်ကလေးကို အသက်ရှူကြပ်ခြင်း၊ပိတ်လှောင်မိခြင်း၊ လည်ပင်းအစ်ခြင်း တို့်ကို ဖြစ်ပွားစေနိုင်သည်။ သင်သည် သင့်ကလေးအအေးမိမည်ကိုစိုးရိမ်ပါက စောင်တစ်လွှာတည်းသာခြုံပေးပါ။

မိဘများအနေဖြင့် ကလေးများအိပ်နေရင်တော်မှ ကလေးများ၏လုံခြုံစိတ်ချရမှုသည် သင့်အပေါ်တွင် တာဝန်ရှိပါသည်။ အကယ်၍သင့်ကလေးသည် သက်တောင့်သက်သာ နှစ်နှစ်ခြိုက်ခြိုက် အိပ်နေပါက သင်သည်လည်း စိတ်ချစွာ အနားယူနိုင်ပါသည်။ သင့်ကလေး၏ အိပ်သောနေရာကို အနည်းငယ် ပိုဂရုစိုက်ခြင်းအားဖြင့် ရုတ်တရက်ကလေးသေဆုံးခြင်း (SIDS) မှ ကယ်တင်နိုင်ပါသည်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How Safe is Your Baby’s Sleep?. http://www.parents.com/baby/safety/nursery/how-safe-is-your- babys-sleep/.

Accessed December 16, 2016.

Keep Your Baby Safe During Sleep. https://healthfinder.gov/HealthTopics/Category/parenting/safety/keep-your-baby- safe-during- sleep.

Accessed December 16, 2016.

8 Sleep Safety Tips for Your Baby. http://www.workingmother.com/content/8-sleep- safety-tips- your-baby.
Accessed December 16, 2016.

ယခုပုံစံ

10/08/2022

Dr. Kaung Thar မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးအသားအရေ ချွေးမစားစေဖို့ ဘယ်လိုကူညီပေးနိုင်သလဲ              

ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Kaung Thar မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/08/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ