backup og meta

စပွန်ဆာ ဆောင်းပါး 

နူးညံ့လွန်းတဲ့ ထိရှလွယ်ဘေဘီလေးတို့အသားအရေအတွက် ကလေးသုံးထုတ်ကုန်ဘယ်လိုရွေးချယ်မလဲ

မေမေတို့ရေ… ဖွံ့ဖြိုးကာစ ကလေးငယ်တွေရဲ့အသားအရေက သိပ်ကိုနုနယ်လွန်းပါတယ်။ ထိခိုက်လွယ်၊ ဓာတ်မတည့်ဖြစ်လွယ်တတ်လို့ သူတို့လေးတွေရဲ့အရေပြားကို ထိတွေ့မယ့်ဘယ်အရာကိုမဆို သေချာဂရုစိုက်ရွေးချယ်ရပါတယ်။ အဝတ်အထည်အသားတောင် ဂရုစိုက်ရွေးချယ်ရတာ အရေပြားနုနုလေးမှာ သုံးမယ့် ကလေးသုံးထုတ်ကုန်တွေဆို ပိုပြီးအရေးကြီးပါတယ်။ ဥပမာ ရေချိုးဆပ်ပြာ၊ baby oil၊ အစိုဓာတ်ထိန်းခရင်မ်တွေလိုမျိုးဆို အနူးညံ့ဆုံး၊ ဘေးအကင်းဆုံးဖြစ်ဖို့လိုတယ်နော်။

ဒီလိုရွေးချယ်မယ်ဆို အရင်ဆုံးထည့်စဉ်းစားသင့်တဲ့အချက်တွေက ဘာတွေဖြစ်မလဲ ဆက်ပြီးဖတ်ကြည့်ရအောင်…

Paraben နဲ့ Phthalates မပါဖို့

အသားအရေထိန်းသိမ်းမှုပစ္စည်းတွေမှာ တာရှည်ခံအောင် Paraben နဲ့ Phthalates တို့ကို ထည့်သွင်းအသုံးပြုတာ များပါတယ်။ Paraben ကဟော်မုန်းစနစ်ရဲ့လုပ်ဆောင်ချက်ကို အနှောင့်အယှက်ဖြစ်စေတဲ့အပြင်သွေးလည်ပတ်မှုအတွင်း စိမ့်ဝင်ရောက်ရှိနိုင်တဲ့အတွက် ခန္ဓါကိုယ်ရဲ့ပုံမှန်လုပ်ဆောင်ချက်တွေကို ထိခိုက်စေနိုင်ပါတယ်။ ကလေးငယ်လေးတွေရဲ့ အရေပြားက တုံ့ပြန်လွယ်လွန်းတာကြောင့် ကလေးအတွက် အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေရွေးချယ်တဲ့အခါ paraben နဲ့ phthalate လိုမျိုး ဓာတုပစ္စည်းတွေ မပါတာကိုရွေးပါ။

Hypoallergenic ဖြစ်တဲ့အမျိုးအစားကို ရွေးဖို့

Hypoallergenic ဖြစ်တယ်ဆိုတာ ဓာတ်မတည့်ဖြစ်လွယ်၊ ထိခိုက်လွယ်တဲ့ အသားအရေအပါအဝင် ဘယ်အသားအရေမဆို အသုံးပြုလို့ ဘေးကင်းပါတယ် ဆိုတဲ့အဓိပ္ပာယ်ပါ။ ဒါ့ကြောင့် ဘေးဖြစ်စေမယ့် ဓာတုပစ္စည်းကင်းပြီး Hypoallergenic ဖြစ်တဲ့ အမျိုးအစားကို ဦးစားပေးရွေးချယ်ပါ။

အမွှေးနံ့မပြင်းတာကို ရွေးဖို့

သိပ်ကိုမွှေးကြိုင်ပြီး အနံ့လေးကစွဲနေတယ်ဆိုတာကို လူတိုင်းသဘောကျလောက်ပေမယ့်  နူးညံ့တဲ့ကလေးအသားအရေအတွက်တော့ ကောင်းတဲ့အချက်မဟုတ်ပါဘူး။ ဓာတ်မတည့်ဖြစ်လွယ်၊ အသားအရေပြဿနာဖြစ်လွယ်တဲ့ကလေးမှာ ဒီလိုအမွှေးနံ့ပြင်းဖို့ ထည့်သွင်းထားတဲ့ဓာတုပစ္စည်းကြောင့် ဒုက္ခရောက်ရနိုင်ပါတယ်။ ဒါ့ကြောင့် သဘာဝပစ္စည်းကိုအခြေခံထားတဲ့ အနံ့မပါတာ သို့မဟုတ် ရနံ့သင်းသင်းလေးတွေကိုပဲ ရွေးပါ။

အယ်လ်ကိုဟောမပါတာကို ရွေးဖို့

အယ်လ်ကိုဟောက အသားအရေကို ခြောက်သွေ့လွယ်စေလို့ လူကြီး skin care တွေမှာတောင် ရှောင်ပြီး ရွေးချယ်ရတာပါ။ ထိခိုက်လွယ်တဲ့ ကလေးတွေအတွက်ဆို ပိုပြီးမသင့်တော်ပါဘူး။ ဒါ့ကြောင့် ကလေးတွေရဲ့ အသားအရေကို ထိန်းသိမ်းပေးဖို့အတွက် ကလေးသုံးထုတ်ကုန်ရွေးချယ်တဲ့အခါ အယ်လ်ကိုဟောမပါဖို့ သတိထားကြည့်ပါ။

ပါဝင်ပစ္စည်းတွေကို ဖတ်ကြည့်ဖို့

နောက်တစ်ချက်ကတော့ ကုန်ပစ္စည်းရဲ့ ပါဝင်ပစ္စည်းတွေကဘေးကင်းရဲ့လားဆိုတာ ကြည့်ရပါမယ်။ အပေါ်မှာပြောခဲ့သလိုပဲ phthalates နဲ့ parabens လို တာရှည်ခံနဲ့ ဓာတုပစ္စည်းတွေမပါတဲ့ ကုန်ပစ္စည်းကိုရွေးဖို့လိုပါတယ်။ သဘာဝပစ္စည်းကို အခြေခံထားတဲ့ နူးညံ့တဲ့ ကလေးသုံးထုတ်ကုန်တွေကို ဦးစားပေးရွေးပါ။

လက်တွေ့စမ်းသပ်မှုရလဒ်နဲ့ အရည်အသွေးကို အဓိကစဉ်းစားဖို့

ကုန်ပစ္စည်းတစ်ခုဟာ ကလေးတွေအတွက်သုံးရင်ဘေးကင်းစိတ်ချရမှုအာမခံနိုင်ဖို့အတွက် ဘယ်လိုတုံ့ပြန်မှုဖြစ်နိုင်ခြေအတွက်မဆို ဂရုတစိုက်စမ်းသပ်စစ်ဆေးရမှာဖြစ်ပါတယ်။ ကိုယ့်ကလေးအတွက် သုံးမယ့် ကုန်အမှတ်တံဆိပ်က နိုင်ငံတကာ အသိအမှတ်ပြုတံဆိပ်ဖြစ်ဖို့၊ အရည်အသွေးကိုစိတ်ချရဖို့၊ လက်တွေ့စမ်းသပ်မှုရလဒ်တွေကောင်းနေဖို့ လိုပါတယ်။

ဒီလောက်ဆို ဘေဘီလေးအသားအရေအတွက် စိတ်ချရမယ့်အမျိုးအစားကို ရွေးချယ်နိုင်ဖို့ အတွေးအကြံကောင်းတွေ ရစေမယ်လို့ မျှော်လင့်ပါတယ်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.babycentre.co.uk/a25011409/choosing-baby-skincare-products

Accessed Date Oct 23, 2019.

http://www.webmd.com/parenting/baby/what-baby-skin-care-products-do-you-need-your-newborn

Accessed Date Oct 23, 2019.

 

ယခုပုံစံ

07/07/2022

Yun Sandi Nan Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးအသားအရေ ချွေးမစားစေဖို့ ဘယ်လိုကူညီပေးနိုင်သလဲ              

ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 07/07/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ