backup og meta

ကလေး လေထခြင်းကို အပ်စိုက်ကုထုံးဖြင့် ကုသခြင်း

HealthDay News မှာလတ်တလောပါလာတဲ့ ဆောင်းပါးအရ နေ့ရောညပါ ကလေး လေထတာကို စိတ်ညစ်နေတဲ့ မိဘတွေအတွက် အားတက်စရာ သတင်းတခုကို သိလိုက်ရပါတယ်။ ဒီဆောင်းပါးအလိုအရ ကလေးလေထတဲ့ ပြဿနာကို အပ်စိုက်တာက ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။

ကလေး လေထခြင်းကို အပ်စိုက်ကုထုံးဖြင့် ကုသခြင်း

လေထတယ်ဆိုတာဘာလဲ။

လုံးဝ ကျန်းမာနေတဲ့ ကလေးက တနေ့ကိုအချိန်သုံးနာရီကျော်နဲ့ သုံးရက်ဆက်တိုက်ထက်ပို ငိုရင် ဒါကိုလေထတယ်လို့ ခေါ်ပါတယ်။ ဘာလို့ဒီလိုငိုရတယ်ဆိုတာ တိကျတဲ့ အကြောင်းရင်း မသိရှိရပါဖူး။ မွေးကင်းစ ကလေးတွေရဲ့ ၂၀%ဟာ လေထလေ့ရှိတယ်လို့ ဆိုပါတယ်။ မိဘတွေမှာ အင်မတန် စိတ်ဆင်းရဲရပါတယ်။ ဒါကို ကုသဖို့ နည်းလမ်းလည်း မရှိသေးပါဖူး။ ကလေးလေထရင် ပုံမှန်လုပ်လေ့ရှိကြတာကတော့ ကလေးကို ချော့သိပ်တာ၊သားချော့တေးဆိုပြတာ ဒါမှမဟုတ် ရေနွေးလေးနဲ့ ရေချိုးပေးတာတောင် ပါ ပါသေးတယ်။

ကံကောင်းတာက အပ်စိုက်ကုသနည်း တခုလုံးရှိနေတာပါပဲ။ ကလေးလေး လေထပြီး ငိုနေတာတိတ်သွားစေဖို့ အပ်တချောင်းကနေ ငါးချောင်းလောက်အထိပဲ လိုပါတယ်။ သုတေသနပြုချက်တခုအရ အပ်စိုက်ကုထုံးနဲ့ကုထားတဲ့ ကလေး သုံးပုံနှစ်ပုံဟာ လေလုံးဝမထတော့ဖူးလို့ သိရပါတယ်။ ကျန်တဲ့ သုံးပုံတပုံကတော့ ဘာမှ ထူးခြားမှု မရှိပါဖူးတဲ့။

အပ်စိုက်ကုတယ်ဆိုတာဘာလဲ။

အပ်စိုက်ကုတာဟာ တရုတ်ပြည်ကနေ သန္ဓေတည်လာခဲ့တာဖြစ်ပြီး သူ့နာမည်အတိုင်းပဲ လူ့ခန္ဓါကိုယ်က တချို့နေရာတွေကို အပ်စိုက်ပြီး ကုသတာပါ။ အဆိုပါနေရာတွေကို အပ်စိုက်နေရာတွေလို့ ခေါ်ပါတယ်။ တရုတ်ရိုးရာ အယူအဆအရ ခန္ဓါကိုယ်ထဲမှာ အသက်စွမ်းအင်ကို ပေးတဲ့ အားအင်တမျိုးရှိပြီး လူတယောက် ကျန်းမာဖို့အတွက်ဆိုရင် ဒီအားအင်တွေဟာ ခန္ဓါကိုယ်ထဲမှာ လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာနိုင်ဖို့ လိုပါသတဲ့။ ခုနကပြောတဲ့ အပ်စိုက်နေရာလေးတွေ ပိတ်ဆို့နေရင် အားအင်တွေဟာ လွတ်လွတ်လပ်လပ် မသွားနိုင်တော့ပါဖူး။ အနောက်တိုင်း ဆေးပညာရှုထောင့်အရ ဒီလိုအပ်စိုက်တာဟာ ဗဟိုအာရုံကြောအဖွဲ့အစည်းပေါ် သက်ရောက်မှုရှိနိုင်ပြီး နာကျင်ခြင်းကို သက်သာစေတဲ့ ဓါတုဗေဒပစ္စည်းလေးတွေ ထုတ်ပေးစေတာ ဖြစ်မယ်လို့ ယူဆပါတယ်။

အပ်စိုက်တာက လေထတဲ့ ကလေးတွေကို ဘယ်လိုသက်သာစေတာလဲ။

စမ်းသပ်မှုတခုမှာ သုတေသန ပညာရှင်တွေက နှစ်ပတ်သားကနေ ရှစ်ပတ်သား ကလေးငယ် ၁၄၇ယောက်ကို အုပ်စုသုံးစုခွဲလိုက်ပါတယ်။ ပထမ အုပ်စုက ကလေးတွေကို အနည်းဆုံးအပ်စိုက်ကုသမှုအဖြစ် ခန္ဓါကိုယ်တနေရာထဲမှာ နှစ်စက္ကန့်ကနေ ငါးစက္ကန့်အထိ အပ်တချောင်းစိုက်ပါတယ်။ ဒုတိယ အုပ်စုက ကလေးတွေကို စနစ်ကျတဲ့ အပ်စိုက်ကုသမှုအဖြစ် အပ်၅ချောင်းကို နေရာ ငါးနေရာမှာစက္ကန့် ၃၀စိုက်ပါတယ်။ အပ်စိုက်တာကို ပိုအာနိသင်ပြနိုင်ဖို့အတွက် လျှပ်စစ်လှုံ့ဆော်မှုကိုလည်း ခပ်နည်းနည်း ပေးထားပါသေးတယ်။ တတိယ အုပ်စုကိုတော့ လုံးဝအပ်မစိုက်ပါဖူး။ အုပ်စု သုံးခုလုံးကို အနည်းဆုံး ငါး၅ရက်လောက် နွားနို့မတိုက်ရပါဖူး။

နှစ်ပတ်ကြာပြီးတဲ့အခါမှာ အုပ်စုသုံးခုလုံးဟာ တိုးတက်မှုတွေ ရှိနေပါတယ်။ အထူးသဖြင့် ပထမအုပ်စုပေါ့။ ပထမ အုပ်စုမှာ ၁၆ယောက်ပဲ လေထပါတော့တယ်။ ဒုတိယ အုပ်စုမှာ ၂၁ယောက်လေထဆဲဖြစ်ပြီး နောက်ဆုံးအုပ်စုမှာတော့ ၃၁ယောက်တောင် လေထနေတုန်းရှိပါသေးတယ်။

ဘာတွေသိထားရမလဲ။

အမေရိကန်ပြည်ထောင်စု မိုင်ယာမီမှာရှိတဲ့ Nicklaus ကလေးဆေးရုံက Doctor Alisa Muniz Crim ကတော့ အပ်စိုက်ကုထုံးဟာ ကလေးတွေအတွက် စိတ်ချရပါတယ်လို့ ဆိုပါတယ်။ ကိုယ့်ရင်သွေးလေး လေထလို့ မိဘတွေ ပူပန်သောကရောက်နေရင် အပ်စိုက်ကုသမှုကို စမ်းကြည့်သင့်ပါတယ်။ ဒါပေမယ့် ကျွမ်းကျင်တဲ့ ပညာရှင်ကို ဂရုတစိုက် ရွေးချယ်ဖို့တော့လိုပါတယ်။ ရွေးချယ်လိုက်တဲ့ ပညာရှင်ဟာ အတွေ့အကြုံရှိသူ (အထူးသဖြင့် မွေးကင်းစကလေးငယ်လေးတွေနဲ့ လေထတာကို ကုသရာမှာ အတွေ့အကြုံရှိသူ) ဖြစ်ရပါမယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ စမ်းသပ်သုတေသနပြုမှုမှာ အနှစ် နှစ်ဆယ်အထက် အတွေ့အကြုံရှိတဲ့ အပ်စိုက်ပညာရှင်တွေကို ဖိတ်ခေါ်ပြီး ပြုလုပ်ထားတာပါ။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Colicky Baby? You Might Give Acupuncture a Try.
http://www.webmd.com/parenting/baby/news/20170116/for-a-colicky-baby-you-might-give-acupuncture-a-tr

 

ယခုပုံစံ

02/06/2022

Dr. Thiha Phyo Myint မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးအသားအရေ ချွေးမစားစေဖို့ ဘယ်လိုကူညီပေးနိုင်သလဲ              

ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ


Dr. K Zin Thwe · · · ပြန်လည်သုံးသပ်သူ Dr. Thiha Phyo Myint မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 02/06/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ