backup og meta

မေမေတစ်ယောက်အတွက် ဂုဏ်ယူစရာအကောင်းဆုံးက ဘာလဲ...................

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မေမေတစ်ယောက်အတွက် ဂုဏ်ယူစရာအကောင်းဆုံးက ဘာလဲ...................

    လူတစ်ယောက်စီမှာ ဂုဏ်ယူစရာအကောင်းဆုံး ကိစ္စ အမျိုးမျိုးရှိစမြဲပါ။ ဒီလိုပါပဲ မေမေတွေမှာလည်း ဂုဏ်ယူစရာအကောင်းဆုံး ကိစ္စရပ်တစ်ခု ရှိပါတယ်။ ဒါကတော့ မေမေကိုယ်တိုင် ပျိုးထောင်ထားတဲ့ ဘေဘီလေးက အကောင်းဆုံး ကြီးပြင်းလာတာပါ။

    ကိုယ်တိုင် စိုက်ပျိုးထားတဲ့ ပန်းပင်လေးတွေ အကောင်းဆုံး ဖူးပွင့်လာရင် ပီတိဖြစ်မဆုံးဟုတ်။ ဒီလိုပါပဲ ကိုးလလွယ်လို့ ဆယ်လဖွားထားရတဲ့ ဘေဘီလေးက အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးလာတယ်ဆိုရင် မေမေတို့အတွက် ဒါ့ထက် ဂုဏ်ယူစရာကောင်းတဲ့ ကိစ္စက ရှိပါ့ဦးမလား….

    ဒီလို မျိုး ဘေဘီလေးက အကောင်းဆုံး ကြီးပြင်းလာလို့ လူတိုင်းက ကလေးက ထွားလိုက်တာ။ ဉာဏ်လည်းကောင်းတယ်နော်လို့ ပြောလိုက်တိုင်း အရမ်းကို ဂုဏ်ယူဝမ်းသာနေတဲ့ မေမေရဲ့ ပီတိက မျက်နှာမှာ အတိုင်းသားပေါ်နေစမြဲပါ။

    ဒီလို ချီးမွမ်းမှုတွေက ဒီအတိုင်း ပြီးသွားသလားဆိုတော့ မဟုတ်သေးပါဘူး။ ချီးမွမ်းမှုတွေရဲ့ နောက်မှာ မေးခွန်းတွေ ပါလာစမြဲပါ။ ဒါတွေကတော့ ဘေဘီလေးကို

    • ဘာတွေ ကျွေးမွေးလဲ။
    • ဘယ်လို လှုပ်ရှားမှုတွေ လုပ်ဆောင်ပေးလဲ။
    • ဘယ်လိုဂရုစိုက်ပေးလဲ။
    • မေမေရဲ့ ဘေဘီလေးကို ပျိုးထောင်ပေးတဲ့ ကိုယ်ပိုင်မူလေးတွေ ဘာတွေလဲ။ ဆိုတာပေါ့။

    ဘေဘီလေး ကျန်းမာစွာ ကြီးပြင်းမှုက မေမေတစ်ယောက်အတွက် ဂုဏ်ယူမဆုံးနိုင်တဲ့ ကိစ္စပါ။

    ဘေဘီလေးတစ်ယောက် ကောင်းမွန်စွာ ကြီးပြင်းလာစေတာက မေမေတစ်ယောက်အတွက် အအောင်မြင်ဆုံး ကိစ္စ တစ်ရပ်ပါ။ ဒီလို အောင်မြင်စေဖို့ဆိုရင်

    အာဟာရ ပြည့်ဝအောင်ကျွေးပါ။

    ဘေဘီလေးကို နေ့စဉ် စားသုံးမှုမှာ အရိုးနဲ့ ကြွက်သားတွေ သန်မာစေဖို့ ကိုယ်ခံအားကောင်းစေဖို့ လိုအပ်မယ့် ပရိုတင်း၊ ကယ်လ်ဆီယမ်၊ ဗီတာမင် C၊ အမြင်အာရုံ ကောင်းစေဖို့ ဗီတာမင် A၊ အစာခြေစနစ် ကျန်းမာစေဖို့ အမျှင်ဓာတ် စတာတွေကို ပြည့်ဝအောင် ပြင်ဆင်ပေးရပါမယ်။

    ဒါတွေကို ဘယ်ကနေရလဲဆိုတော့ ဘေဘီလေး နေ့စဉ် စားသုံးနေတဲ့ အဆီမပါတဲ့ အနီရောင်အသား၊ အရေခွံနဲ့ အဆီမပါတဲ့ ကြက်သား၊ အသီးအရွက်တွေ၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး စတာတွေကနေရရှိပါတယ်။

    ဘေဘီလေးကို ငယ်စဉ်ကတည်းက ပြုပြင်ထားတဲ့ အစားအစာတွေ၊ အသင့်စားတွေကို မကျွေးပါနဲ့။ ဒီလို မကျွေးတာက ကလေးကို အချိုကဲ၊ အငန်ကဲတဲ့ ပြဿနတွေကနေ ကာကွယ်ပေးရာ ရောက်သလို ကျန်းမာတဲ့ စားသောက်မှုပုံစံကို ပျိုးထောင်ပေးရာ ရောက်ပါတယ်။

    ရေများများတိုက်ပါ

    ဘေဘီလေးကိုအသက်၂နှစ်အထိ မိခင်နို့တိုက်ပါ။ အသက် ၆ လပြည့်တဲ့အခါ ရေကျက်အေး၊ ရေသန့်စတာတွေ စတိုက်လို့ရပါပြီ။ ဒီလိုကနေ အရွယ်ရောက်လာတဲ့အခါ နွားနို့၊ သဘာဝ အသီးဖျော်ရည်၊ ရေစတာတွေပဲ တိုက်ပါ။

    ကလေးကို အချိုရည်တွေ၊ မုယောအားဖြည့်သောက်စရာတွေ မတိုက်ပါနဲ့။ ဒါတွေက အချိုကဲတာကြောင့် ကလေးကို အဝလွန်တာ အပါအဝင် အချိုကြောင့်ဖြစ်နိုင်တဲ့ အခြား ကျန်းမာရေး ပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် ကလေးကို ရေပဲ များများတိုက်ပါ။

    ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးပါ။

    ကလေူကို ငယ်စဉ်ကတည်းက သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုလေးတွေ လုပ်တတ်အောင် အကျင့်လေး လုပ်ပေးပါ။ ဒီလို လုပ်ပေးတာက ကလေးကို အဝလွန်တာကနေ ကာကွယ်ပေးနိုင်သလို ဉာဏ်ရည်ထက်မြက်စေဖို့လည်း ထောက်ပံ့ပေးနိုင်ပါတယ်။

    ဒါကြောင့် ကလေး သီချင်းလေးတွေနဲ့ကတာ၊ လမ်းလျှောက်တာ၊ စက်ဘီးစီးတာလိုမျိုး ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။

    အချိန်ပေးပါ။

    ကလေးကို အချိန်ပေးတာက မိဘနဲ့ ချစ်ခင်မှုကို တိုးစေသလို ကလေးကို ရဲရင့်ပြီး ယုံကြည်မှုရှိတဲ့ ဘေဘီလေးအဖြစ် ပျိုးထောင်ပေးနိုင်ပါတယ်။ ဒါကြောင့် ကလေးကို အချိန်ပေးပြီး စကားပြောပေးတာ သူပြောတာလေးတွေကို နားထောင်ပေးတာမျိုး လုပ်ပေးပါ။

    ကလေးက ထွားလိုက်တာ၊ တော်လိုက်တာလို့ ချီးမွမ်းခံရတဲ့ မေမေတိုင်းက အခုပြောခဲ့တဲ့ အဆင့်လေး တစ်ဆင့်ချင်းစီကို အကောင်းဆုံး ကျော်ဖြတ်ခဲ့တာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement