သားသမီးတွေအတွက်ဆိုရင် အမြဲတမ်း အကောင်းဆုံးဆိုတဲ့ အရာတွေကိုမှ ပေးစွမ်းချင်တယ်ဆိုတာ မိဘတွေရဲ့ စေတနာပါ။ ကိုယ်ဝန်ဆောင်ချိန်ကာစလို့ ကလေးမွေးပြီး ကျန်းမာစွာ ကြီးပြင်းလာတဲ့အထိ အရိပ်တကြည့်ကြည့်နဲ့ ပြုစုစောင့်ရှောက်ပေးဖို့တတ်သူတွေပါ။ ကိုယ့်ကလေး ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာဖို့မှာ အာဟာရဟာ အလွန်ကြီးမားတဲ့နေရာက ပါဝင်နေတယ်ဆိုတာကို မိဘတွေသိနားလည်ဖို့လိုအပ်ပါတယ်။