backup og meta

ဆယ်ကျော်သက်များစားသောက်မှုပုံစံအတွက် အချက် ၃ချက်

ဆယ်ကျော်သက်များစားသောက်မှုပုံစံအတွက် အချက် ၃ချက်

ဆယ်ကျော်သက်အရွယ်ရောက်လာတဲ့ ကလေးတယောက်ကို အစားကျွေးရတာ ခက်ခဲပါတယ်။ သူတို့ဟာ ကိုယ်အလေးချိန်အတွက် အမြဲစိတ်ပူပန်နေတတ်ပြီး တတ်နိုင်သလောက် ကိုယ်အေလေးချိန်ကို လျှော့ချင်တတ်ကြပါတယ်။ ဒါပေမယ့် အဲဒီအရွယ်ဟာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများစွာ ရှိတာမို့ ကျန်းမာရေးနဲ့ ညီညွတ်ပြီး သင့်တင့်မျှတတဲ့ အစားအသောက်ကို ကျွေးတာ ပိုကောင်းပါတယ်။

ကျန်းမာရေးနှင့် ညီညွတ်အောင် စားခြင်း

ဆယ်ကျော်သက်အရွယ်တွေဟာ အသင့်စား သရေစာတွေကို သဘောကျတတ်ကြပါတယ်။ ကျန်းမာရေးနဲ့ညီအောင် စားတယ်ဆိုတာ အသင့်စား စားစရာအားလုံးကို ရှောင်လိုက်တာတော့ မဟုတ်ပါဘူး။ အစားမျိုးစုံကို မျှမျှတတဖြစ်အောင်စားပြီး အချိုများနဲ့အစာတွေ အမြန်စာတွေကို လျှော့ချလိုက်ခြင်းပဲ ဖြစ်ပါတယ်။ အစားအစာမှာ ပါဝင်တဲ့ ပရိုတိန်းဓါတ်၊ ကစီဓါတ်၊ အဆီဓါတ် စတာတွေဟာ ကိုယ်ခန္ဓါအတွက် လိုအပ်တဲ့ စွမ်းအင်ရင်းမြစ်ပဲ ဖြစ်ပါတယ်။

– ပရိုတိန်းဓါတ်ဟာ ကိုယ်ခန္ဓါရဲ့ ၅၀%ခန့် ရှိပါတယ်။ ဆယ်ကျော်သက်တွေအကြိုက် စားစရာတွေဖြစ်တဲ့ အမဲသား၊ ကြက်၊ ကြက်ဆင်၊ ဝက်၊ ငါး၊ ဥများနဲ့ ဒိန်ခဲတွေဟာ ပရိုတိန်းဓါတ် ကြွယ်ဝပါတယ်။

– ကစီဓါတ်ဟာ ကိုယ်ခန္ဓါရဲ့ အဓိကစွမ်းအင် ရင်းမြစ် ဖြစ်ပါတယ်။ ကစီဓါတ်အားလုံးဟာ စွမ်းအင်ကို ပေးပေမယ့် အားလုံးဟာ မတူညီပါဘူး။ အာဟာရပညာရှင်များရဲ့ အကြံပြုချက်အရဆယ်ကျော်သက်များဟာ သူတို့လိုအပ်တဲ့ ကယ်လိုရီရဲ့ ၅၀-၆၀%ကို အမျိုးမျိုးသော ကစီဓါတ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ ပဲတောင့်၊ ပဲစေ့၊ စိမ်းစိုတဲ့ အသီးအရွက် စတာတွေကနေ ရရှိနိုင်ပါတယ်။ သကြားလုံး၊ ချိုချဉ်၊ ဆိုဒါ၊ အားဖြည့်သောက်စရာများမှလည်း ရရှိနိုင်ပါတယ်။

– အဆီဓါတ်ဟာတော့ စားစရာရဲ့ ၃၀%ထက် မကျော်သင့်ပါဘူးဆယ်ကျော်သက်တွေဟာ အဆီဓါတ်ကို ရှောင်ကြပါတယ်။ တကယ်တော့ အဆီဓါတ်ဟာစွမ်းအင်နဲ့ အဆီမှာပျော်ဝင်နိုင်တဲ့ ဗီတာမင် အေ၊ ဒီ၊ အီး၊ ကေ စတာတွေရဲ့ အရေးကြီးတဲ့ ရင်းမြစ်ဖြစ်ပါတယ်။

မနက်စာကို အလွတ်မခံပါနဲ့

သင့်ရဲ့ကလေးဟာ မနက်စာကို မစားတဲ့အခါ မိသားစုတခုလုံး စားကြတဲ့ စားသောက်ဝိုင်းစီစဉ်ပြီး သင့်ကလေးကို မိသားစုနဲ့ ပူးပေါင်း စားသောက်လာအောင် စည်းရုံးပါ။

ကျန်းမာရေးနဲ့ပိုညီညွတ်သော သရေစာစိတ်ကူး

ဆယ်ကျော်သက်များဟာ သူတို့ကြီးထွားနိုင်ဖို့ စွမ်းအင် အများအပြား လိုအပ်ပြီး နေ့လယ်ပိုင်းတွေမှာလည်း စားတတ်ကြပါတယ်။ အဲ့ဒီအချိန်တွေမှာ သင့်ရဲ့ကလေးကို ဟမ်ဘာဂါနဲ့ ကိုလာရည်အစား တခြားကျန်းမာရေးအတွက် ပိုသင့်တော်မယ့် သရေစာတွေ စားခိုင်းသင့်ပါတယ်။ သစ်သီးခြောက်တွေ၊ လတ်ဆတ်တဲ့ အသီးအနှံတွေဟာ လူကို လန်းဆန်းစေရုံမက အာဟာရလည်း ဖြစ်စေပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Eating tips for teenagers. https://www.betterhealth.vic.gov.au/health/healthyliving/eating-tips-for-teenagers. Accessed September 28, 2016.

Carbohydrates: Simple versus Complex. http://www.nutritionmd.org/nutrition_tips/nutrition_tips_understand_foods/carbs_versus.html. Accessed September 28, 2016.

Healthy eating for teens. http://www.nhs.uk/Livewell/Goodfood/Pages/healthy-eating-teens.aspx. Accessed September 28, 2016.

A Teenager’s Nutritional Needs. https://www.healthychildren.org/English/ages-stages/teen/nutrition/Pages/A-Teenagers-Nutritional-Needs.aspx. Accessed September 28, 2016.

ယခုပုံစံ

15/06/2022

Dr. Thant Zin မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးများ နွေရာသီမှာ အာဟာရမချို့တဲ့စေဖို့

မိခင်နို့ မတိုက်ဖြစ်တဲ့ ၆လအောက်ကလေးတွေကို ဘာတိုက်နိုင်သလဲ



Dr. Thant Zin မှ ရေးသားသည်။ · 15/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement