backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

မတ်တတ်ပြေး နဲ့ မူကြိုအရွယ် ကလေး တစ်ယောက် ဖွံ့ဖြိုးမှု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

မတ်တတ်ပြေး နဲ့ မူကြိုအရွယ် ကလေး တစ်ယောက် ဖွံ့ဖြိုးမှု

မတ်တတ်ပြေး နဲ့ မူကြိုအရွယ် ကလေး တစ်ယောက် ဘယ်လိုဖွံ့ဖြိုးလာသလဲ။ ကလေးလေးရဲ့ အသက်  ၁နှစ် ကနေ ၅ နှစ်တာကာလအတွင်းမှာ အရပ်အမောင်းရော ကိုယ်အလေးချိန်ပါ ပြောင်းလဲလာပါပြီ။ ပုံပန်းသဏ္ဍာန်လေးလည်း ပြောင်းလဲလာတော့မှာပါ။ ကလေးက တစ်နှစ်ကို ၃ လက်မလောက် အရပ်တက်လာမှာ ဖြစ်သလို ကိုယ်အလေးချိန်ကလည်း တစ်နှစ်ကို ၄ ပေါင်ခွဲလောက်စီကို တိုးလာတော့မှာပါ။

ကလေးက သူ့ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်မှုတွေကို စတင် လုပ်ဆောင်နေပါပြီ။ အရိုးတွေ၊ ဦခေါင်းခွံနဲ့၊ မျက်နှာတွေ ကြီးထွားဖွံ့ဖြိုးလာပါပြီ။ ဒီကာလမှာ မျက်နှာဝိုင်းဝိုင်းလေးကနေ မျက်နှာကျပုံစံ အမျိုးမျိုး ပြောင်းလာတော့မှာပါ။ အကြောင်းကတော့ သားသားမီးမီးတို့ရဲ့ နဖူး၊ နှာခေါင်း၊ မေးစေ့တွေက ထင်းထင်းလာပါပြီ။ မေးရိုးတွေကျယ်လာပြီး သွားတွေလည်း စုံလာပြီ။ ပခုံးလေးကျဉ်းလာပြီး ဗိုက်ကလေးက ချပ်ရပ်လာပြီ။ ကိုယ်နေဟန်ထား ပုံကျလာပါပြီ။ မေမေနဲ့ ပိုတူလား၊ ဖေဖေနဲ့ တူတာလား ဆိုတာကို သိသိသာသာ သိရတော့မယ့် ကာလအပိုင်းအခြားပါ။

မတ်တတ်ပြေး နဲ့ မူကြိုအရွယ် ကလေး က ဘယ်လိုဖွံ့ဖြိုးလာမှာလဲ

မတ်တတ်ပြေး နဲ့ မူကြိုအရွယ် ကလေး တစ်ယောက် ဖွံ့ဖြိုးမှု ကို အတူတူ ကြည့်လိုက်ရအောင်နော်။ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုက အစောပိုင်းနှစ်တွေကလို လအလိုက် မြင်ရတော့မှာ မဟုတ်ပါဘူး။ နှစ်အလိုက်မှ မြင်ရတော့မှာပါ။ ကြီးထွားမှုကာလ နှေးသွားတဲ့ သဘောပေါ့။

ဒီကာလမှာ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု နှေးသွားတယ်ဆိုပေမယ့် ကလေးရဲ့ လှုပ်ရှားနိုင်စွမ်း၊ သိမြင်မှု စွမ်းရည်နဲ့ ဘာသာစကား စွမ်းရည်ကတော့ တော်တော်သိသိသာသာ တိုးတက်လာမှာပါ။ လေးဖက်ထောက်လေး သွား ဖင်ရွှေ့ဖင်ရွှေ့လေး သွားနေရင်းက ကလေးက ပြေးနိုင်လာတော့မယ်၊ ခုန်ပေါက်ဆော့တတ်လာတော့မယ်။ မပီကလာ ပီကလာ ပြောရင်းကနေ ကလေးပုံပြင်တွေကို ပြန်ပြောပြတတ်လာတော့မှာပါ။

# လူမှုဆက်ဆံရေးနဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု

လူမှုဆက်ဆံရေးနဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု အနေနနဲ့ ကလေးက

  • အရုပ်တွေကို အခြားသူတွေနဲ့ အတူတူ မျှဝေဆော့တတ်ပြီ
  • ရိုးရှင်းတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာတတ်ပြီ [တစ်ခုချင်းစီ ပြောတာ မဟုတ်ဘဲ စီကာစဉ်ကာ ပြောတာမျိုးကိုပါ]
  • အမှန်၊ အမှား ခွဲတတ်ပြီ
  • အခြားသူတွေနဲ့ သူတို့ကိုယ် သူတို့ နှိုင်းယှဉ်တတ်ပြီ
  • အခြားကလေးတွေနဲ့ သူငယ်ချင်းလုပ်ဖို့ မိတ်ဖွဲ့တတ်ပြီ
  • ကိုယ်တိုင်မဟုတ်တဲ့ ဇာတ်ရုပ်တစ်နေရာကနေ ပါဝင်ပြီး ကစားတတ်ပြီ [ဥပမာ – သားသားက flash ဆိုတာမျိုးပေါ့]

# ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု

ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု အနေနဲ့ ကလေးက

>> ၁ နှစ် ကနေ ၂ နှစ်လောက်ရောက်ပြီဆိုရင်

  • လမ်းလျှောက်တတ်ပြီ
  • တွယ်တက်တတ်ပြီ
  • ပြေးနိုင်ပြီ
  • အတွယ်မပါဘဲ ၄ – ၅ လှမ်းလောက် ကိုယ့်ဘာသာ လှမ်းတတ်ပြီ
  • ဇွန်း၊ ခရင်း သုံးတတ်ပြီ
  • ခွက်ကို ကိုယ်တိုင်ကိုင်ပြီး သောက်တတ်ပြီ။

>> ၃ နှစ် ကနေ ၄ နှစ်လောက်ရောက်ပြီဆိုရင်

  • အတားအဆီးတွေကို ရှောင်ပြီး ပြေးတတ်ပြီ
  • ခြေထောက်တစ်ဖက်ထဲထောက်ပြီး ဟန်ချက်ညီအောင် ရပ်တတ်ပြီ
  • အရုပ်တွေကို တွန်းတာ ဆွဲတာ၊ လှည့်တာတွေ လုပ်ပြီး ဆော့တတ်ပြီ
  • ဘောလုံးကို ပစ်တတ် ဖမ်းတတ်ပြီ
  • အတုံးလေးတွေနဲ့ အိမ်ဆောက်တမ်း တော့တတ်ပြီ
  • ရွှံ့စေးတွေနဲ့ ပုံဖော်ပြီး ဆော့တတ်ပြီ
  • ကိုယ်တိုင် အဝတ်ဝတ်တတ် အဝတ်လဲတတ်ပြီ။

>> ၄ နှစ် ကနေ ၅ နှစ်လောက်ရောက်ပြီဆိုရင်

  • ကြက်ခြေခတ် ခတ်တတ်ပြီ၊ စက်ဝိုင်းတွေ ဆွဲတတ်ပြီ
  • အကြိမ်ရေ များများ ခုန်တတ်ပြီ
  • လှေကား တက်တတ် ဆင်းတတ်ပြီ
  • သင်ပေးမယ်ဆို ကျွမ်းပါထိုးတတ်ပြီ
  • ကတ်ကြေးကို အထိအခိုက်မရှိ သုံးတတ်ပြီ
  • လိုင်းလေးတွေကို ညီညီလေး ဖြတ်တတ်ပြီ
  • လေးထောင့်ပုံလေးတွေ ကြက်ခြေခတ်လေးတွေကို ကူးဆွဲတတ်ပြီ
  • အက္ခရာစာလုံးလေးတွေကို ဆေးခြယ်တတ်ပြီ
  • လူပုံလေး ဆွဲတတ်ပါပြီ။

မတ်တတ်ပြေး နဲ့ မူကြိုအရွယ် ကလေး တစ်ယောက် ဖွံ့ဖြိုးမှု

# သိမြင်မှု စွမ်းရည်ဆိုင်ရာ ဖွံ့ဖြိုးမှု 

သိမြင်မှု စွမ်းရည်ဆိုင်ရာ ဖွံ့ဖြိုးမှု အနေနဲ့ ကလေးက

  • တူရာလေးတွေ စုတတ်ပြီ
  • လိုက်ဖက်ရာလေးတွေကို တွဲပေးတတ်ပြီ
  • ဘာလို့လဲ၊ ဘယ်လိုဖြစ်တာလဲဆိုမျိုးတွကို မေးတတ်ပြီ
  • နာမည်နဲ့ အသက် ပြောပြတတ်ပြီ
  • အချိန်ကြာတဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်လှုပ်ရှားနိုင်လာပြီ
  • နားထောင်မှုနဲ့ လေ့လာစူးစမ်းမှုတွေကို စသင်ယူနေပြီ
  • ပြီးခဲ့တာနဲ့ လက်ရှိမှာ ဖြစ်ပျက်နေတာတွေကို သတိထားတတ်လာပြီ
  • စီကာစဉ်ကာ ခိုင်းတာတွေကို ၂ ခု တွဲ ကနေ ၄ ခုလောက်ထိ ဆက်တိုက် လုပ်ဆောင်တတ်ပြီ
  • စာလုံးလေးတွေ ဆက်တတ်ပြီ
  • အရောင်လေးတွေကို နာမည် ပြောရင်း လက်ညှိုးထောက်ပြတတ်ပြီ
  • လုပ်ငန်းစဉ်တွေနဲ့ လုပ်ဆောင်ဖို့ ညွှန်ကြားမှုတွေကို နားလည် လိုက်နာတတ်ပြီ
  • ၁ ကနေ ၅ အထိ ရေတတ်ပြီ
  • လမ်းနာမည်တွေ မြို့နာမည်တွေ အချို့ ပြောတတ်ပြီ။

# ဘာသာစကား စွမ်းရည်ဆိုင်ရာ ဖွံ့ဖြိုးမှု

ဘာသာစကား စွမ်းရည်ဆိုင်ရာ ဖွံ့ဖြိုးမှု အနေနဲ့ ကလေးက

>> ၁ နှစ် ကနေ ၂ နှစ်ရောက်လာပြီဆိုရင်

  • ရိုးစင်းတဲ့ ညွှန်ကြားချက်လေးတွေကို လိုက်နာတတ်ပြီ
  • အစစာလုံးလေးတွေ ပြောတတ်ပြီ
  • ပစ္စည်းလေးတွေရဲ့ နာမည်ကို တော်တော်လေး ပြောနိုင်ပြီ
  • စာလုံး ၁ လုံး ၂ လုံးပါတဲ့ စာကြောင်းလေးတွေကို ပြောတတ်ပြီ
  • သီချင်းလေးတွေကို နားထောင်တတ်ပြီ။

>> ၃ နှစ် ကနေ ၄ နှစ်လောက်ရောက်ပြီဆိုရင်

  • ကျောင်းမှာ ဒါမှမဟုတ် သူငယ်ချင်းတွေ အိမ်မှာ ဘာတွေ လုပ်ခဲ့တယ်။ ဘယ်လို ကစားကြတယ် ဆိုတာကို ပြောတတ်ပါပြီ
  • မိသားစုဝင်တွေတင် မဟုတ်ဘဲ အခြားသူတွေကပါ သူ့တို့လေးတွေရဲ့ စကားကို နားလည်အောင် ပြောပြတတ်ပြီ
  • စကားလုံး ၄ လုံးထက်ပိုတဲ့ စကားတွေကို ပြောတတ်ပြီ
  • ရိုးရှင်းတဲ့ မေးခွန်းတွေကို နားလည်ပြီ။

>> ၄ နှစ် ကနေ ၅ နှစ်လောက်ရောက်ပြီဆိုရင်

  • အခြားသူတွေ နားလည်အောင် စကားပြောနိုင်စွမ်းက 90-100 ရာခိုင်နှုန်းလောက် ရှိလာပြီ
  • တိတိကျကျ မေးတတ် ပြောတတ်လာပြီ
  • ပုံပြင်တွေကို ​ပြန်ပြောပြတတ်ပါပြီ
  • ပုံပြင်ထဲကအကြောင်းတွေကို မေးတဲ့ ရိုးရှင်းတဲ့ မေးခွန်းတွေကို ပြန်ဖြေတတ်ပါပြီ။

ဘာတွေ လုပ်ပေးမလဲ

ဒီကာလမှာ မေမေဖေဖေတို့အနေနဲ့ ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှုအတွက် အနည်းဆုံး တစ်နှစ်ကို တစ်ကြိမ် စစ်ဆေးတာ၊ ကာကွယ်ဆေး ထိုးပေးတာတွေကို ပုံမှန်လုပ်ပေးတာမျိုး လုပ်ပေးဖို့ လိုပါမယ်။

ဒီနှစ်တွေမှာ ကလေးက မူကြိုတက်ရတော့မှာ ဖြစ်သလို ကလေးကို ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်စေဖို့နဲ့ ကြီးထွားဖွံ့ဖြိုးမှုတွေ စဉ်ဆက်မပြတ် ရှိနေစေဖို့အတွက် ဖေဖေမေမေတို့အနေနဲ့ သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ ကျန်းမာတဲ့ အလေ့အထလေးတွေကို သင်ကြားပေးဖို့လည်း လိုပါမယ်။

ကလေးကို အရင်ကထက် ပိုပြီး အာရုံစိုက်ပေးဖို့ လိုပါမယ်။ မေးခွန်းတွေ အများကြီး မေးတာကို စိတ်ရှည်လက်ရှည် ဖြေပေးဖို့လည်း ပြင်ဆင်ထားပါ။ ကလေးရှေ့မှာ စံပြဖြစ်အောင် နေပေးပါ။ ကလေးက အပြုအမူတွေကို အတုယူတတ်နေပါပြီ။

ကလေးကို စာဖတ်ပြတာတွေ လုပ်ပေးပါ။ ဘာသာစကား စွမ်းရည် တိုးတက်စေဖို့ စကားကို သေချာ ပြည့်စုံအောင် ပြောပြပေးပါ။ ကလေးက စကားလုံးသုံးတာ မှားနေရင် ပြင်ပေးပါ။ အပြုအမူကို ယဉ်ကျေးစေဖို့ ဂရုစိုက်ပေးပါ။

မတ်တတ်ပြေးအရွယ်က အလေ့အကျင့်ကောင်းတွေ မွေးမြူပေးသင့်တဲ့ အကောင်းဆုံး အရွယ်ပါ

ဒီကာလမှာ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု နှေးသွားတယ်ဆိုပေမယ့် ကလေးရဲ့ လှုပ်ရှားနိုင်စွမ်း၊ သိမြင်မှု စွမ်းရည်နဲ့ ဘာသာစကား စွမ်းရည်ကတော့ တော်တော်သိသိသာသာ တိုးတက်လာမှာပါ။
အမူအကျင့်ကောင်းလေးတွေ အလေ့အထကောင်းလေးတွေကို သင်ကြားပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement