backup og meta

မျှဝေပါ။

မိခင်နို့တိုက်ကျွေးခြင်းနှင့် ပက်သက်သော ယုံကြည်မှု (၅) ရပ်

မိခင်နို့တိုက်ကျွေးခြင်းဟာကလေး၏ကျန်းမာရေးကိုပိုမိုကောင်းမွန်စေပြီး အသက်ရှင်နှုန်း ပိုမိုတိုးတက်စေသည်ဆိုတာကိုကျွန်ုပ်တို့ အားလုံးသိရှိကြပြီးဖြစ်ပါသည်။ မိခင်နို့ဟာ အာဟာရများစွာရရှိရာနေရာ ဖြစ်သည့်အပြင်ကလေး၏ ကြီးထွားဖွံ့ဖြိုးမှုအတွက်အရေးပါသော နေရာတွင်လည်း ပါဝင်ဆောင်ရွက်ပေးပါသည်။ မိခင်နို့သည်ကလေး၏ကိုယ်ခံအားတိုးတက်စေပြီး ဉာဏ်ရည်ပိုမိုကောင်းမွန်စေကာ အစာစားချင်စိတ်ပိုမိုဖြစ်ပေါ်စေသည်။ မိခင်နို့တိုက်ကျွေးခြင်းနှင့်ပက်သက်ပြီး လူအများ၏ယုံကြည်မှု(၅)ရပ်ကို ဖော်ပြပေးလိုက်ပါသည်။

၁။ မိခင်နို့တိုက်ကျွေးခြင်းသည် ရင်သားများကိုအန္တရာယ်ဖြစ်စေသည်။

အမျိုးသမီးအများစုသည်မိခင်နို့တိုက်ကျွေးပါက သူတို့၏ရင်သားများ ဆွဲဆောင်မှု လျော့ကျသွားမည်ဟုထင်ကြပါသည်။ တကယ်တော့ သင့်ကလေးကို သင်၏မိခင်နို့တိုက်ကျွေးခြင်းဟာ ရင်သားပိုးဝင်ခြင်းမှ ကာကွယ်ပေးပါသည်။ အကယ်၍သင့်ကလေးကိုနို့မတိုက်ပါက မိခင်နို့ များသည်နို့ချောင်းပြွန်များထဲတွင် ပိတ်ဆို့သွားပြီး ဘက်တီးရီးယားပိုးမွှားများ ပေါက်ပွားလာကာ သင်၏ရင်သားတစ်ရှူးများ အတွင်း ရောင်ရမ်းမှုကိုဖြစ်ပေါ်စေပါသည်။ ထို့အပြင် ရေရှည် နို့ချိုတိုက်ကျွေးခြင်းအားဖြင့် ရင်သားကင်ဆာနှင့် သားဥအိမ်ရောဂါများကို ကာကွယ်ပေးပါသည်။ ထို့အပြင်မိခင်နို့ချိုတိုက်ကျွေးခြင်းဖြင့် သင်၏ကလေးနှင့် ရင်းနှီးချစ်ခင်မှုပိုမိုရရှိစေပါသည်။

၂။ မိခင်နို့တိုက်တဲ့ကလေးတွေဟာ ကြီးထွားနှုန်းနှေးကွေးသည်။

မကြာသေးမီက လေ့လာတွေ့ရှိချက်များအရ ပထမသုံးနှစ်အတွင်းမိခင်နို့တိုက်ကျွေးသောကလေးများသည် အသက်ကြီးလာပါက အစာစားချင်စိတ် ပိုမိုဖြစ်ပေါ်စေပါသည်။ မိခင်နို့တိုက်ကျွေးသောကလေးများသည် ကိုယ်ခံအားပိုမိုကောင်းမွန်ပြီး အစာချေစနစ်ပိုမိုကောင်းမွန်ပါသည်။ ကြိုတင်ညှစ်ထုတ်ထားသော နို့ရည်သည်မိခင်နို့မှ တိုက်ရိုက်စို့သောနို့ရည်နှင့်အနည်းငယ်ကွဲပြားမှုရှိပါသည်။ ထို့အပြင် နို့ဘူးတိုက်သော ကလေးများသည် အစာချေစနစ်၏ အားနည်းမှု ကြောင့် ဗိုက်ပြည့်လျှင်ပြည့်ခြင်းမသိရှိနိုင်ဘဲ အစားများဆက်စားကာ ကိုယ်အလေးချိန်တက်ခြင်း ပြဿနာများ ကြုံတွေ့ရတတ်ပါသည်။

၃။ မိခင်နို့ဟာအချိန်တိုင်းအတူတူပဲ။

မိခင်နို့ဟာ မိခင်တစ်ယောက်နဲ့တစ်ယောက်မှာ မတူညီပါဘူး။ မိခင်နို့ဟာ ကလေး နို့စို့တဲ့ ရက်ပေါ်မူတည်ပြီး ပုံမှန်ပြောင်းလဲနေပါတယ်။ နို့ရည်ကို ညှစ်ထုတ်ပြီးအခန်းအပူချိန်တွင်ရှစ်နာရီကျော်ထားထားသော မိခင်နို့နဲ့ ကလေးချက်ချင်းစို့သော မိခင်နို့ရည်နဲ့ပင် ဂုဏ်သတ္တိများ မတူညီပါ။ သင့်ကလေးကို နို့တိုက်သည့်အဆင့်ပေါ်မူတည်ပြီးလည်း မိခင်နို့ကတောက်လျှောက်ပြောင်းလဲနေပါသည်။ ကလေး နို့စစို့သည့်အချိန်တွင် မိခင်နို့တွင် လက်တို့စ်နှင့် အသားဓါတ်များ အဓိကပါဝင်ပြီး နို့တိုက်၍ပြီးကာနီးအချိန်တွင်တော့အဓိကအားဖြင့်အဆီနှင့်ကယ်လိုရီများပါဝင်ပါသည်။

၄။ မိခင်တိုင်း၏နို့ရည် ဟာအတူတူပဲ။

လူအများစုသည်မိခင်တစ်ယောက်နှင့်အခြားမိခင်တစ်ယောက်၏နို့ရည်များပါဝင်ဖွဲ့စည်းပုံချင်း အတူတူပဲဟုမှားယွင်းသော အယူအစများရှိခဲ့ကြပါသည်။ တကယ်တော့နို့ရည်တွင်ပါဝင်သောအာဟာရများ သည်မိခင်ကိုယ်တိုင်စားသုံးသော အစာအာဟာရများပေါ်တွင်မူတည်ပါသည်။ ဥပမာပြောရလျှင်ဗီတာမင်နှင့်အာဟာရများလုံလောက်စွာ မစားသုံးသောကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များ၏ နို့တွင် ကလေးအတွက် ကောင်းမွန်သော အာဟာရများ မပါဝင်နိုင်ပါ။ ထို့ကြောင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များသည် ကျန်းမာရေးနှင့်ညီညွတ်သော အစာအာဟာရများကို မျှတစွာ စားသင့်ပါသည်။

၅။ နို့ရည်များကိုအေးခဲထားခြင်းသည်အာဟာရတန်ဖိုးလျော့ကျစေသည်။

ဤအယူအဆသည်မှားပါသည်။ အကယ်၍သင်ဟာသင့်ကလေးကိုအချိန်မှန်နို့တိုက်ဖို့အတွက်အဆင်မပြေဘူး ဆိုပါကသင်၏နို့ရည်ကိုညှစ်ထုတ်ပြီး ရေခဲသေတ္တာထဲတွင်အေးခဲထားနိုင်ပါသည်။ ပုံမှန်ရေခဲသေတ္တာထဲတွင် သင်၏နို့ရည်ကိုလေးလအထိစိတ်ချစွာအေးခဲထားနိုင်ပါသည်။ Deep Freezer(ရေခဲခံစက်ထဲတွင်တော့) သုညဒီဂရီတွင်နို့ရည်ကိုခြောက်လအထိထိန်းသိမ်းထားနိုင်ပါသည်။

တစ်ကမ္ဘာလုံးမှာရှိတဲ့စစ်တမ်းများအရ ခြောက်လအထိမိခင်နို့တိုက်ကျွေးသည့် ကလေးငယ်ဟာ လေးဆယ်ရာခိုင်နှုန်း အောက်သာရှိပါသည်။ ကံကောင်းသည့် အချက်က မိခင်နို့၏ အရေးပါပုံနှင့် ကလေးငယ်များအတွက်ရော မိခင်များအတွက်ပါ ကျန်းမာရေးအတွက် မိခင်နို့၏အရေးပါမှုကို ပိုမိုသိရှိလာသည်နှင့်အမျှ မိခင်နို့တိုက်ကျွေးနှုန်းက တဖြည်းဖြည်းနှင့် မြင့်တက်လာပြီဖြစ်ပါသည်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

10 FACTS ON BREASTFEEDING.
http://www.who.int/features/factfiles/breastfeeding/facts/en/index4.html. Accessed November 7,2016.
20 Incredible Facts About Breast Milk.

http://www.nursingschools.net/blog/2010/12/20-incredible-facts-about-breast-milk/.

Accessed November 7, 2016.15

Cool Facts about Breastfeeding. http://www.health-foundations.com/blog/2013/11/19/15-cool-facts-about-breastfeeding.

Accessed November 7, 2016.10 FACTS ON BREASTFEEDING.

ယခုပုံစံ

03/06/2022

Dr. Kaung Thar မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Poe Ei Win မှ ပြင်ဆင်ခဲ့ပါသည်။

avatar

Dr. K Zin Thwe · · · ပြန်လည်သုံးသပ်သူ Dr. Kaung Thar မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 03/06/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement