backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

သင့်ကလေးကို ဘာလို့ ငါးကြီးဆီတိုက်ကျွေးသင့်သလဲ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သင့်ကလေးကို ဘာလို့ ငါးကြီးဆီတိုက်ကျွေးသင့်သလဲ

သင့်ကလေးဟာ အဆီများများပါတဲ့ ငါးတွေ (ဥပမာ ဆယ်လ်မွန်ငါး၊ဆာဒင်းငါး စသည်)ကို တစ်ပတ်နှစ်ခါလောက်တောင် မစားချင်ဖူးဆိုရင် သူတို့ကို ငါးကြီးဆီ နေ့စဉ်တိုက်ကျွေးသင့်ပါတယ်။

ကလေးတွေက ငါးကြီးဆီ ဘာလို့စားသင့်သလဲ။

ငါးကြီးဆီမှာ ပါဝင်တဲ့ omega-3 fatty acid (အထူးသဖြင့် DHA နဲ့EPA)တွေဟာ ကလေးရဲ့ ဦးနှောက်နဲ့ အမြင်အာရုံဖွံ့ဖြိုးမှုမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေတယ်လို့ ယုံကြည်ရပါတယ်။ ရေအေးမှာနေတဲ့ ငါးတွေ (တစ်နည်းပြောရရင် အဆီများတဲ့ငါးတွေ)မှာ omega-3 fatty acid တွေ ပမာဏမြင့်မားစွာ ပါဝင်ပါတယ်။ ယေဘုယျအားဖြင့် ကလေးတွေအနေနဲ့ အာဟာရဓာတ်တွေကို အစားအစာကနေ ရယူတာ အကောင်းဆုံးဖြစ်ပါတယ်။

ဒါပေမယ့် သူတို့တွေစားတဲ့ ငါးတွေဟာ လုံလောက်တဲ့ omega-3 fatty acid ပမာဏကို ပေးနိုင်ချင်မှ ပေးနိုင်ပါလိမ့်မယ် (အထူးသဖြင့် မာကျူရီဓာတ်မြင့်မားစွာ ပါဝင်တဲ့ငါးတွေကို မစားနိုင်တဲ့ အခြေအနေမှာပေါ့)။

အသက်၂နှစ်မှ ၈နှစ်အတွင်းရှိ ကလေးတွေအနေနဲ့ တစ်ပတ်ကို ၉၃၃၁ ဂရမ်ကနေ ၁၈၆၆၂ ဂရမ်ပမာဏရှိတဲ့ ငါးသို့မဟုတ် ပင်လယ်စာတွေ စားသင့်ပြီး အသက် ၉နှစ်နဲ့အထက် ကလေးတွေကတော့ ၂၄၈၈၃ဂရမ် ကနေ ၃၁၁၀၃ ဂရမ် ပမာဏစားသင့်တယ်လို့ ပညာရှင်တွေက အကြံပြုထားပါတယ်။ တကယ်လို့ သင့်ကလေးကို ဖြည့်စွက်အားဆေးတွေ တိုက်ကျွေးမယ်လို့ စဉ်းစားရင် ဖြည့်စွက်စာတွေဟာ တကယ့်ငါးကို စားတာလောက်တော့ အကျိုးရှိမှာ မဟုတ်ဖူးဆိုတဲ့အချက်ကို သိထားသင့်ပါတယ်။

omega-3 ဖြည့်စွက်အားဆေးတွေကို အရည်ပုံစံ၊ ဝါးစားနိုင်တဲ့ အလုံးပျော့ပျော့လေးတွေပုံစံ ဒါမှမဟုတ် ဂျဲလ်ပျော့ပျော့ပုံစံလေးတွေအနေနဲ့ ရရှိနိုင်ပါတယ်။omega-3 ဖြည့်စွက်အားဆေးတွေမှာ မာကျူရီ (ပြဒါးဓာတ်) မပါဝင်ပါဘူး။omega-3 ဖြည့်စွက်အားဆေး အများအပြားဟာ ငါးဆီပေါ် အခြေခံပြီး ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် အဆီတစ်ရှူးတွေမှာ မာကျူရီဓာတ်မပါဝင်တဲ့အတွက် အဆိုပါ ဖြည့်စွက်အားဆေးတွေမှာ မာကျူရီဓာတ် မပါသလောက်ပါပဲ။

အခြား omega-3 ဖြည့်စွက်အားဆေးတွေကို ရေညှိကနေလည်း ထုတ်လုပ်ပါသေးတယ်။ အဆိုပါ ဆေးတွေဟာ မာကျူရီဓာတ်မပါသလို ငါးရဲ့ အနံ့အရသာလည်း မပါဝင်တဲ့အတွက် သက်သတ်လွတ်သမားတွေနဲ့တောင် သင့်တော်ပါတယ်။ တစ်ခုပဲ သတိထားဖို့ရှိတာက သင်ရွေးချယ်လိုက်တဲ့ omega-3 ဖြည့်စွက်အားဆေးတံဆိပ်မှာ PCBs ကဲ့သို့သော အဆိပ်အတောက်တွေကို ဖယ်ရှားပြီးသား အဆီတွေကိုသာ အသုံးပြုထားဖို့ ဖြစ်ပါတယ်။

omega-3 ဖြည့်စွက်အားဆေးတွေကို ရွေးချယ်တဲ့အခါ ဘာတွေသိထားသင့်သလဲ။

ငါးအသည်းထက်စာရင် အသားကနေ ထုတ်လုပ်ထားတဲ့ အားဆေးတံဆိပ်ကို ရွေးချယ်ပါ။ ဘာလို့လည်းဆိုတော့ ငါးအသည်းမှာ အဆိပ်အတောက်တွေပါဝင်နေနိုင်တဲ့အပြင် ဗီတာမင် အေပမာဏလည်း မြင့်မားစွာ ပါဝင်နေနိုင်တာကြောင့် ကလေးတွေအတွက် မကောင်းပါဘူး။ Microalgae လို့ခေါ်တဲ့ ရေညှိကနေ ထုတ်လုပ်ထားသော အဆီတွေပါဝင်တဲ့ ဖြည့်စွက်အားဆေးတွေကတော့ သက်သတ်လွတ်သမားတွေအတွက်လည်း အထူးသင့်တော်ပါတယ်။

ဆေးညွှန်းမှာပါတဲ့ အသုံးပြုရမယ့်ပမာဏကို သေချာစွာ ဖတ်ရှုလေ့လာရမှာဖြစ်ပြီး သတ်မှတ်ထားတဲ့ ပမာဏထက် လုံးဝပိုမတိုက်ရပါဘူး။ ငါးကြီးဆီတွေ အများကြီးစားမိရင် ဗိုက်အောင့်ဗိုက်နာခြင်း၊ဝမ်းလျှောခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

  • ကလေးတွေအတွက် အရည်ပုံစံက အကောင်းဆုံး ဖြစ်ပါတယ်။ ဆေးတောင့်ပုံစံတွေဟာ နင်လွယ်တဲ့အတွက် အသက်သုံးနှစ်အောက်ကလေးတွေအတွက် မသင့်တော်ပါဘူး။ ဆေးရည်ပုံစံကို ပုလင်းဒါမှမဟုတ် အထုပ်ငယ်လေးတွေနဲ့ ရရှိနိုင်ပါတယ်။
  • ဖြည့်စွက်အားဆေးကို ထမင်းစားချိန်မှာ တိုက်ကျွေးရမှာဖြစ်ပြီး ပမာဏအနည်းငယ်နဲ့ စတင်ရပါမယ်။ ပြီးတော့မှ သတ်မှတ်ထားတဲ့ ပမာဏရောက်အောင် တဖြည်းဖြည်း တိုးသွားရမှာပါ။ တကယ်လို့ သင့်ကလေးက ဖြည့်စွက်အားဆေးတွေကို မကြိုက်ဖူးဆိုရင် ဆေးကို နွားနို့ဒါမှမဟုတ် အချိုရည်လေးတွေနဲ့ ရောပြီး တိုက်နိုင်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement