အဓိပ္ပါယ်ဖွင့်ဆိုချက်
Skier’s thumb (စကိတ်စီးသူများတွင်ဖြစ်တတ်သည့် လက်မအရွတ်တွင် ဒဏ်ဖြစ်ခြင်း) ကဘာလဲ။
စကိတ်စီးသူများတွင်ဖြစ်တတ်သည့် လက်မအရွတ်တွင် ဒဏ်ဖြစ်ခြင်း ဆိုတာဘာလဲ
လက်မရှိအရိုးများကို ချိတ်ဆက်ပေးထားသော တစ်ရှုးအပျော့အား ထိခိုက်ဒဏ်ရာရခြင်းကိုဆိုလိုသည်။ ဆေးပညာအရ ထိုတစ်ရှူးပျော့အား အရွတ်ပြားဟုခေါ်သည်။ ပြင်းထန်ပါက အရွတ်ပြားသည် လုံးဝစုတ်ပြဲသွားပြီး ခွဲစိတ်ပြုပြင်ရသည်အထိဖြစ်သွားနိုင်သည်။ ထိုအရွတ်ပြား၏ ခိုင်မာမှုသည်အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရွတ်ပြားသည် လက်မ၏ ဆုပ်ကိုင်ခြင်းတာဝန်ကို ထမ်းဆောင်သည့်အတွက် ဖြစ်သည်။
Skier’s thumb (စကိတ်စီးသူများတွင်ဖြစ်တတ်သည့် လက်မအရွတ်တွင် ဒဏ်ဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ
စကိတ်စီးရင်းရသောဒဏ်ရာများကြောင့် အများအားဖြင့်ဖြစ်ပွားသည်။8-10% သော စကိတ်စီးရင်းဖြစ်ပွားသည့် မတော်တဆမှုများတွင် တွေ့ရှိရသည်။ ဖြစ်နိုင်ချေများကို လျှော့ချပြီး ကာကွယ်နိုင်သည်။ ပိုမိုသိရှိလိုပါက ဆရာဝန်နှင့်တွေ့ဆုံမေးမြန်းပါ။
လက္ခဏာများ
Skier’s thumb (စကိတ်စီးသူများတွင်ဖြစ်တတ်သည့် လက်မအရွတ်တွင် ဒဏ်ဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ
မည်သည့်လက္ခဏာရပ်များတွေ့ရသနည်း။
အဖြစ်များသောလက္ခဏာများမှာ
- လက်မ၏အောက်ခြေဖြစ်သော လက်မနှင့် လက်ညှိးကြားကွက်လပ်နေရာတွင် နာကျင်နေခြင်း
- လက်မရောင်ရမ်းခြင်း
- လက်မနှင့်လက်ညှိုးကြားမှ မညှစ်နိုင်ခြင်း၊မဆုပ်ကိုင်နိုင်ခြင်း(သို့) ညှစ်ရန်အားနည်းနေခြင်း
- လက်မဘက်တွင်ရှိသော လက်ညိုးမျက်နှာပြင်အား ထိတွေ့လျှင်နာကျင်နေခြင်း
- လက်မပေါ်ရှိအရေပြားသည် ပြာနေခြင်း (သို့) မဲနေခြင်း
- လက်မအား လှုပ်ရှားမှုပြုလုပ်ပါက ပို၍နာခြင်း
- လက်ကောက်ဝတ်တွင် နာကျင်ခြင်း
အထက်ပါလက္ခဏာရပ်များအပြင် အခြားရှိနိုင်သေးသည်။ စိုးရိမ်ရပါက ဆရာဝန်နှင့် တွေ့ဆုံပြသပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။