plantar fasciitis (ခြေဖနောင့်နာခြင်း)ဆိုတာဟာ ခြေထောက်ရောင်ပြီး ဖနောင့်နာတဲ့ အခြေအနေကို ပြောခြင်းဖြစ်ပါတယ်။ plantar fascia ဆိုတာက ခြေထောက်အရိုးအောက်မှာရှိတဲ့ သားရေပင်လို တစ်ရှူးအပြားတွေကို ခေါ်ပါတယ်။
၎င်းတို့ကို ခြေမနှင့် ဖနောက်အနားက အရိုး၏် အစွန်ဖျားကို တွဲနှောင်ထားပါ တယ်။ plantar fascia ရောင်တဲ့အခါ လူနာဟာ ဖနောက်အနားမှာ စူးသလို နာကျင်မှုကိုခံစားရပြီး အထူးသဖြင့် မနက်ပိုင်းစောစော လမ်းထလျှောက်ချိန် ပိုခံစားရပါတယ်။
ခြေဖနောင့်နာခြင်း ရောဂါဟာ အသက် ၄၀ နှင့် ၆၀ ကြား အမျိုးသားတွေမှာ အဖြစ်များပါတယ်။ ဒီရောဂါဟာ အားကစားသမားတွေနှင့် အပြေးများတဲ့ လူတွေမှာ အဖြစ်များပါတယ်။
ထို့ပြင် ကိုယ်အလေးချိန်များပြီး ဖော့ခံအထောက်အကူမျိုး ပါတဲ့ ဖိနပ်မစီးလျှင်လည်း ဖြစ်တတ်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ခြေဖနောင့်နာခြင်း ရဲ့ ရောဂါလက္ခဏာတွေကတော့ ဖနောင့်မှာ ပြင်းထန်စွာ နာကျင်ကိုက်ခဲခြင်း သို့ အိပ်ရာထပြီးချင်း လမ်းထလျှောက်တဲ့ အခါမှာ နာခြင်းတို့ဖြစ်ကြပါတယ်။ လမ်းလျှောက်တာကြာလာတဲ့ အခါ သက်သာလာပါတယ်။ ပိုဆိုးလာတဲ့ အခြေအနေမျိုးများတော့လမ်းလျှောက်တိုင်း နာကျင်နေပါမယ်။ တစ်ခါတလေ နာကျင်မှုက ဖနောင့်ကနေ ခြေချောင်းလေးတွေ အထိခံစားရခြင်း နှင့် ဖိနောင့်ရောင်ခြင်း (သို့ )အညိုမဲ စွဲခြင်းတွေပါ ဖြစ်နိုင်ပါတယ်။
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခု ရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲ ဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။
ခြေဖနောင့်နာခြင်း ကို ဖြစ်စေတာကတော့ ခြေထောက်ကြွက်သား ထိခိုက်မိခြင်းပဲ ဖြစ်ပါတယ်။ လမ်းလျှောက်တဲ့ အခါ၊ ပြေးတဲ့အခါ၊ နှင့် အချိန်အကြာကြီး မတ်တတ်ရပ်ခြင်းကြောင့် ခြေထောက်ကို ထိခိုက်စေပြီး နာကျင်စေပါတယ်။ တို့အပြင် အထောက်အပံ့ဖော့ မပါတဲ့ ဖိနပ်တွေကို ကြာရှည်စီးခြင်းကလည်း ခြေဖနောင့်နာခြင်း ကို ဖြစ်စေတဲ့ အကြောင်းရင်းတစ်ရပ်ပဲ ဖြစ်ပါတယ်။
ခြေဖနောင့်နာခြင်းဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်
အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်မှာ ခြေဖနောင့်နာခြင်း မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ဆရာဝန်တွေက သင့်ရောဂါလက္ခဏာတွေကို မေးမြန်းခြင်း နှင့် ခြေထောက်လက်တွေ့စမ်းသပ်မှုတွေလုပ်ပြီး ရောဂါအဖြေရှာ အတည်ပြုနိုင်ပါတယ်။ တကယ်လို့ ရောဂါက မသေချာဖူးဆိုလျှင် ဆရာဝန်က သင့်မှာ တခြားရောဂါတွေ ရှိနေနိုင်လားဆိုတာ ကို အောက်ပါစမ်းသပ်မှုတွေ လုပ်ပြီး စစ်ဆေးနိုင်ပါတယ်။
ခြေဖနောင့်နာခြင်း အား ကုသရာမှာ အသုံးများတဲ့ နည်းတွေကတော့
ထိုနည်းလမ်းများနှင့် မသက်သာလျှင် ပလက်စတစ်ဆာဂျင်၊ ပြန်လည်သန်စွမ်းရေး အထူးကု သို့ ခြေထောက်အထူးကုတစ်ယောက်နဲ့ သွားပြသင့်ပါတယ်။ ပြန်လည်သန်စွမ်းရေးအထူးကုက လေ့ကျင့်ခန်းတွေ (သို့) နှိပ်နယ်ခြင်းတွေ လုပ်နိုင်ဖို့ လမ်းပြပေးပါတယ်။ အကြောပြင်ဆရာတွေက ခြေထောက်ကို ကွေးခြင်းနှိပ်ခြင်းများ ပြုလုပ်ပေးခြင်းဖြင့် သင်လှုပ်ရှားရာမှာ အနာသက်သာစေပါတယ်။
ညဘက်ခြေစည်း စည်းထားခြင်းဖြင့်လည်း ခြေထောက်ကို တစ်ညလုံးအနားရစေပြီး ဖနောင့်အရွတ်တွေမထိအောင် ကာကွယ်ပေးတဲ့ အတွက် အနာသက်သာစေပါတယ်။ ဖနောင့်ထဲသို့ စတီးရွိုက်ဆေး ထိုးခြင်းဖြင့်လည်း အနာသက်သာစေပါတယ်။
တကယ်လို့ ဆက်ပြီး နာနေဦးမယ်ဆိုလျှင် ဆရာဝန်တွေက ခြေထောက်နဲ့ ခြေချင်းဝတ်ကို ပတ်တီးစည်းခြင်း၊ အာရုံကြော လှုံ့ဆော်ပေးခြင်း နှင့် အပ်စိုက်ကုသခြင်းများ ပြုလုပ်ပါလိမ့်မယ်။ ခွဲစိပ်မှုတွေ လည်း ပြုလုပ်နိုင်ပါတယ်။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ခြေဖနောင့်နာခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
• ခြေထောက်ကို အနားပေးပါ။ ကိုယ်အလေးချိန်လျှော့ချ၍ သင့်တော်တဲ့ ဖိနပ်တွေ စီးပါ။
• သင့်အရေပြားလုံး၀ ပြန်ကောင်းသွားမှသာ လေ့ကျင့်ခန်းပြန်လုပ်ပါ။
• ကုသမှုတွေပြုလုပ်နေရင်း ရောဂါလက္ခဏာတွေက မသက်သာလျှင် ဆရာဝန်နဲ့ ပြပါ။
ခဏခဏ အကြောလျှော့ပါ အထူးသဖြင့် လေ့ကျင့်ခန်းမလုပ်ခင် အကြောလျှော့ခြင်းက ခါးနာတာကို ကာကွယ်ပေးပါတယ်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။