backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ခြေကျင်းဝတ်နာကျင်ခြင်း။ သိထားရမည့် ရာဂါလက္ခဏာများ


Phyo Wai Yan မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ခြေကျင်းဝတ်နာကျင်ခြင်း။ သိထားရမည့် ရာဂါလက္ခဏာများ

ကျောနဲ့ လည်ပင်းတို့လိုပဲ ခြေကျင်းဝတ်လည်း နာကျင်မှုတွေခံစားရနိုင်ပါတယ်။ ခြေကျင်းဝတ်နာကျင်လာပြီဆိုရင် လမ်းလျောက်ဖို့တောင် မပြောနှင့် ခြေထောက်လှုပ်ဖို့တောင် ခက်ခဲပါတယ်။ ဒါပေမဲ့လည်း နာကျင်တယ်ဆိုတဲ့ လက္ခဏာတစ်ခုထဲ မဟုတ်ပါဘူး။ ထိုပြဿနာသင်ခံစားနေရပြီလားဆိုတာသိဖို့ အောက်ပါ ရောဂါလက္ခဏာတို့ဖြင့် တိုက်စစ်ကြည့်နိုင်ပါတယ်။

အဖြစ်များသော ရောဂါလက္ခဏာများ

ခြေကျင်းဝတ်နာကျင်ခြင်းရဲ့ အဖြစ်များတဲ့ လက္ခဏာက နာကျင်ခြင်း ဖြစ်သော်လည်း ရောင်ရမ်းခြင်း၊ ထုံကျင်ခြင်းနဲ့ တစ်စစ်စစ်ဖြစ်ခြင်းလိုမျိုး အခြားလက္ခဏာများလည်း ရှိပါသေးတယ်။

နာကျင်ခြင်းကတော့ အဖြစ်များဆုံးပါ။

ခြေကျင်းဝတ်နာနေတဲ့လူတွေမှာ နာကျင်ခြင်းအများဆုံးဖြစ်တာပါ။ တိကျတဲ့နေရာတစ်နေရာတည်းမှာ နာကျင်နိုင်သလို ခြေကျင်းဝတ်တစ်ခုလုံးမှာလည်း နာကျင်နိုင်ပါတယ်။ လမ်းလျောက်ခြင်း၊ စက်ဘီးစီးခြင်းနဲ့ အခြားသော ခြေကျင်းဝတ် အသုံးပြုရတဲ့ လုပ်ငန်းဆောင်တာကြောင့် နာကျင်ခြင်း ပိုဆိုးသွားနိုင်ပါတယ်။ ခြေကျင်းဝတ်ပေါ်မှာ အလေးချိန်တောင် မသက်ရောက်သင့်ပါဘူး။

ရောင်ရမ်းခြင်းလည်း ရံဖန်ရံခါဖြစ်တတ်ပါတယ်။

ခြေကျင်းဝတ်မှာ ထိခိုက်ဒဏ်ရာရတဲ့အခါမှာ ရောင်ရမ်းလာပါတယ်။ ခြေကျင်းဝတ်မှာရှိတဲ့ တစ်ရှုးတွေပျက်စီးသွားပြီး သွေးတွေ၊ ပြည်တွေနဲ့ ပြည့်နှက်ကာ ရောင်းရမ်းလာပါတယ်။ ခြေကျင်းဝတ်နာကျင်ခြင်းက မပြင်းထန်ဘူးဆိုရင် ရောင်ရမ်းနေတာက နာရီအနည်းငယ် ဒါမှမဟုတ် ရက်အနည်းငယ်အတွင်းမှာ ပျောက်ကင်းသွားနိုင်ပါတယ်။

အညိုအမဲစွဲခြင်းတွေလည်း တွေ့နိုင်ပါတယ်။

ရောင်ရမ်းခြင်း၊ အညိုအမဲစွဲခြင်းတို့ကို ထိခိုက်ဒဏ်ရာရပြီး ချက်ချင်း ဒါမှမဟုတ် ရက်အနည်းငယ်ကြာပြီးတဲ့အခါမှာ တွေ့နိုင်ပါတယ်။ အညိုအမဲစွဲတာကို “Black and Blue” လို့လဲခေါ်ပါတယ်။ အရေပြားအရောင်ကျွတ်ခြင်းကြောင့် ဖြစ်ပေါ်လာတာပါ။ ခြေကျင်းဝတ်ထိခိုက်ဒဏ်ရာရပြီးသွားတဲ့အခါမှာ ထိမိခိုက်မိတဲ့ အရေပြားအရောင် ပြောင်းလဲသွားပါတယ်။

သွေးဆဲလ်တွေ ပျက်စီးသွားပြီး အရေပြားမျက်နှာပြင်အနီးသို့ ရောက်ရှိသွားခြင်းအားဖြင့် နာကျင်နေတဲ့ ခြေကျင်းဝတ်တစ်ဝိုက်မှာ မူမမှန်တဲ့ အရေပြားပုံစံတွေ ဖြစ်ပေါ်လာစေပါတယ်။ အညိုအမဲတွေဟာ ကုသစရာမလိုဘဲ ရက်အနည်းငယ်အတွင်မှာ ပျောက်ကင်းသွားနိုင်ပါတယ်။

ထုံကျင်ခြင်းလည်း ခံစားရနိုင်ပါတယ်။

ပြင်းထန်တဲ့ အခြေအနေတွေမှာ ထုံကျင်ခြင်း၊ တစစ်စစ်ခံစားရခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အာရုံကြောအမြစ်တွေကို သက်ရောက်နေလို့ပဲ ဖြစ်ပါတယ်။ ထုံကျင်တာတွေက ခြေထောက်တို့နဲ့ ခြေချောင်းတို့ထိ ပြန့်နှံ့သွားနိုင်ပါတယ်။

စမ်းမှနာတာမျိုးနဲ့ တောင်းတင်းခြင်းတွေကတော့ အဖြစ်နည်းပါတယ်။

ယင်းတို့က အဖြစ်နည်းသော်လည်း ခြေကျင်းဝတ်နာကျင်နေတဲ့အခါမှာတော့ ဖြစ်နိုင်ခြေရှိပါတယ်။ ခြေကျင်းဝတ်တောင့်တင်းနေပြီး လှုပ်လို့မရ ဖြစ်စေပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်ပြသင့်သလဲ။

ခြေကျင်းဝတ်ပြဿနာက တော်တော်လေး စိတ်ဒုက္ခပေးနိုင်သော်လည်း ပထမဆုံးတော့ အိမ်မှာပဲ အနားယူကုသကြည့်သင့်ပါတယ်။ ဒါပေမယ့်လည်း ဘယ်အချိန်မှာ ဆရာဝန်ပြရမလဲဆိုတာ သိဖို့ အရေးကြီးပါတယ်။

ဆေးပညာဆိုင်ရာ အကူအညီတောင်းခံရန်အတွက်

ရောဂါလက္ခဏာတွေ ပြင်းထန်နေမယ်၊ အောက်ပါလက္ခဏာတွေထဲက အနည်းဆုံးတစ်ခု ခံစားနေရမယ်ဆိုရင် ဆေးရုံ ဒါမှမဟုတ် ကျန်းမာရေးစောင့်ရှောက်ရေးစင်တာတို့ကို သွားရောက်ပြသသင့်ပါတယ်။

· နာကျင်ခြင်း ပိုမိုပြင်းထန်လာပြီး ခြေကျင်းဝတ် ရောင်လာခြင်း

· နာကျင်နေတဲ့ နေရာတွေမှာ အနာတွေတွေ့ခြင်း ဒါမှမဟုတ် ခြေကျင်းဝတ်ပုံစံက နဂိုဖြင့် လားလားမှ မတူတော့ခြင်း။

· ပိုးနေသည်ဟု ထင်ရခြင်း။ 37.8 ˚C လောက် အဖျားအနည်းငယ်ရှိနေမယ်။ နာကျင်နေတဲ့ နေရာမှာ နီလာမယ်။၊ ထိရင်စိတ်ဒုက္ခတော်တော်ဖြစ်ပါမယ်။ ပူလည်းပူလာပါလိမ့်မယ်။

· လမ်းလျောက်ခြင်းလိုမျိုး လှုပ်ရှားမှုတွေလည်း မပြုလုပ်နိုင်တော့ပါဘူး။ မတ်တတ်ရပ်ခြင်းလိုမျိုး ခြေကျင်းဝတ်ပေါ်မှာ အလေးချိန်သက်ရောက်တဲ့ အလုပ်တွေလည်း မလုပ်နိုင်တော့ပါဘူး။

ဆရာဝန်ဖြင့် ပြသဖို့အတွက်

သင့်ခြေကျင်းဝတ်ကို အိမ်မှာကုသဖို့ ဆရာဝန်က သောက်ရန်ဆေးအညွှန်းတွေနဲ့ လုပ်ဆောင်ရန်ညွှန်ကြားချက်တွေ ပေးပါလိမ့်မယ်။ ဒါပေမဲ့လည်း ရက်အနည်းငယ်ကြာတာတောင် တိုးတက်မှုမရှိဘူး၊ သီတင်းပတ်များစွာလောက် ကြာရှည်နေမယ်ဆိုရင် ဆရာဝန်နှင့် ပြသဖို့ လိုအပ်ပါတယ်။ သင့်အခြေအနေကို ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ကာ အဖြေရှာနိုင်ပါတယ်။

ခြေကျင်းဝတ်နာကျင်ခြင်းကို ဘယ်လိုရှာဖွေအတည်ပြုနိုင်မလဲ။

ဆရာဝန်နှင့်ပြသတဲ့အခါမှာ ခြေကျင်းဝတ်ကို စစ်ဆေးကာ ဘာကဖြစ်စေတာလဲဆိုတာ အတည်ပြုပါလိမ့်မယ်။

ဆေးစစ်မှုမှတ်တမ်းများ

ပထမဦးဆုံး သင့်ရဲ့ လက္ခဏာတွေ၊ ဆေးမှတ်တမ်းတွေ အထူးသဖြင့် ခြေကျင်းဝတ်နဲ့ ပတ်သက်တဲ့ အကြောင်းတွေကို အဓိကမေးမြန်းပါလိမ့်မယ်။ အထူးသဖြင့် အောက်ပါတို့ကို မေးမြန်းပါလိမ့်မယ်။

· ရောဂါလက္ခဏာတွေက ဘာတွေလဲ။

· အဲဒီလက္ခဏာတွေ ရှိနေတာ ဘယ်လောက်ကြာပြီလဲ။

· ချော်လဲဖူးလား။ ပြုတ်ကျဖူးလား။ မတော်တဆမှုတွေ ဖြစ်ဖူးလာ။

· ခြေကျင်းဝတ် သက်သာအောင်၊ ပျောက်ကင်းအောင် ဘယ်လို လုပ်ဆောင်ခဲ့သလဲ။

· အရင်ကကော ခြေကျင်းဝတ်နာကျင်ဖူးလား။

အခြားမေးခွန်းတွေလည်း မေးမြန်းပါလိမ့်မယ်။ ရိုးရိုးသားသားဖြေဖို့ မမေ့ပါနှင့်။ သင်ခြေကျင်းဝတ်အတွက် အရေးကြီးပါတယ်။

ကိုယ်ကာယပိုင်းစစ်ဆေးခြင်း

ဆရာဝန်က သင့်ရဲ့ဆေးမှတ်တမ်းတွေ ကြည့်ရှုပြီးတဲ့အခါမှာ စွမ်းဆောင်ရည်တွေ ကြည့်ရှုဖို့ ကိုယ်ကာယစစ်ဆေးချက်အချို့ ပြုလုပ်ပါလိမ့်မယ်။ ခြေကျင်းဝတ်မှာ နာကျင်ခြင်းတွေ၊ ရောင်ရမ်းခြင်းတွေ ရှိလား၊မရှိဘူးလား ရှာဖွေမှာပါ။ သင့်ခြေထောက်ကို လက်ဖြင့် လှုပ်ကြည့်ပါလိမ့်မယ် ဒါမှမဟုတ် သင့်ဘာသာ လှုပ်ခိုင်းပါလိမ့်မယ်။ ပြီးနောက် လှုပ်ရှားနိုင်မှု အကွာအဝေးတွေ၊ ခြေကျင်းဝတ် လှုပ်နိုင်စွမ်းတွေကို စစ်ဆေးပါလိမ့်မယ်။ နာကျင်တာတွေရှိလား၊ ထုံကျင်မှုတွေရှိလားလည်း စပ်းသပ်ပါလိမ့်မယ်။

ပုံရိပ်ဖော်ခြင်းနည်းပညာ

ခြေကျင်းဝတ်တွေ စစ်ဆေးဖို့ ပုံရိပ်ဖော်ခြင်းနည်းပညာကို အကြံပြုထားပါတယ်။ ရောဂါဖြစ်နေတဲ့နေရာရဲ့ အသေးစိတ်သတင်းအချက်အလက်တွေ ပေးပါလိမ့်မယ်။ ဓါတ်မှန်ရိုက်ခြင်း၊ အရိုးစကင်ဖတ်ခြင်း၊ စီတီရိုက်ခြင်းနဲ့ သံလိုက်လှိုင်းဖြင့် ပုံရိပ်ဖော်ခြင်း နည်းပညာတို့ကို အသုံးပြုနိုင်ပါတယ်။ ဓါတ်မှန်ရိုက်ခြင်းကတော့ ခြေကျင်းဝတ်ရဲ့ တည်ဆောက်ပုံတွေကြည့်ဖို့ အသုံးများတဲ့ နည်းလမ်းတစ်ခုပါပဲ။

ခြေကျင်းဝတ်နာကျင်ခြင်းဟာ ထိခိုက်ဒဏ်ရာရခြင်း ဒါမှမဟုတ် အဆစ်ရောင်ရောဂါတို့ကြောင့် ခဏခဏဖြစ်ပွားနိုင်ပါတယ်။ ဒါပေမဲ့လည်း ရောဂါလက္ခဏာတွေနဲ့ ဘယ်အချိန်မှာ ဆရာဝန်တွေနဲ့ ပြသသင့်လဲဆိုတာ သိရှိရင်တော့ ကုသပျောက်ကင်းနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Translated by

Phyo Wai Yan

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Phyo Wai Yan မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement