ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Knee Osteoarthritis (ဒူးဆစ်ရောင်ခြင်း ) ကို ဘယ်လိုအတည်ပြုပါသလဲ
ဆရာဝန်က သင်ခံစားနေရသော ဝေဒနာများကို မေးမြန်းခြင်း၊ သင့်ကို စစ်ဆေးခြင်းတို့ပြုလုပ်ပါလိမ့်မည်။ ထို့ပြင် အောက်ပါ လက္ခဏာများကို စစ်ဆေးပါလိမ့်မည်။
- ဒူးနာခြင်း
- ဒူးထဲတွင် တကျွတ်ကျွတ်မြည်ခြင်း
- ဒူးဆစ်ရောင်ခြင်း
- အရည်များစုနေခြင်း
- ဒူးမခိုင်ခြင်း
- ဒူးကိုထောက်ပံ့ထားသော ကြွက်သားများ ကျုံလှီနေခြင်း
စစ်ဆေးပြီး သောအခါ အောက်ပါ စမ်းသပ်မှုများ ပြုလုပ်ပါလိမ့်မည်။
ဓါတ်မှန်ရိုက်ခြင်း သည် ဒူးဆစ်ရောင်ခြင်းကို သိရန် အသုံးဝင်ဆုံးသော နည်းဖြစ်ပါသည်။ ဓါတ်မှန်တွင် အရိုးအတက်များ၊ အရိုးဆစ်များကျဉ်းနေခြင်းနှင့် အဆစ်များတွင် ကယ်လ်ဆီယမ်များ များနေခြင်းတို့ကို မြင်နိုင်ပါသည်။
- သံလိုက် ဓါတ်မှန်ရိုက်ခြင်း
သံလိုက် ဓါတ်မှန်သည် ရိုးရိုးဓါတ်မှန်တွင် မမြင်ရသော အရိုးနုများ၊အရွတ်များနှင့် ကြွက်သားမျာကို ကောင်းမွန်စွာ မြင်ရပါသည်။
ဒူးဆစ်ရောင်ခြင်းကို သွေးစစ်ချက်အဖြေများဖြင့် မသိနိင်သော်လည်း အခြားသော ရောဂါများကို ဖယ်ထုတ်နိုင်စေရန် သွေးစစ်ရပါသည်။
Knee Osteoarthritis (ဒူးဆစ်ရောင်ခြင်း ) ကို ဘယ်လိုကုသပါသလဲ
ဒူးဆစ်ရောင်ခြင်းကို ကုသရခြင်း၏ ရည်ရွယ်ချက်မှာ နာကျင်မှုများကို သက်သာစေရန်နှင့် လှုပ်ရှားမှုများကောင်းစေရန် ဖြစ်ပါသည်။
ကုသမှုများတွင် အောက်ပါ အချက်များ အားလုံးပါဝင်ပါသည်။
- ကိုယ်အလေးချိန် လျှော့ခြင်း
ကိုယ်အလေးချိန် အနည်းငယ်ကျဆင်းသွားလျှင်ပင် ဒူးနာသက်သာစေနိုင်ပါသည်။
လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် ဒူးနားရှိကြွက်သားများကို သန်မာစေပြီး ဒူးဆစ်များကို ပိုခိုင်စေကာ နာကျင်မှုများကို သက်သာစေပါညသည်။ ထို့ပြင် ဒူးများလည်း ပိုပြီ လှုပ်ရှားမှုများ ကောင်းလာမည်ဖြစ်ပါသည်။
- အနာသက်သာဆေးများ ၊အရောင်ကျဆေးများ {acetaminophen (Tylenol), ibuprofen (Advil, Motrin), ornaproxen sodium (Aleve)}
ထိုဆေးများသည် ဆေးဆိုင်တွင် အလွယ်တကူဝယ်ယူနိုင်သော ဆေးများ ဖြစ်ပါသည်။ သို့သော် ထိုဆေးများကို ဆရာဝန်မညွှန်ကြားဘဲ ၁၀ ရက်ထက်ပိုသောက်ခြင်း မပြုရပါ။ ဘေးထွက်ဆိုးကျိုးများ ခံစားရနိုင်သောကြောင့် ဖြစ်ပါသည်။ ထိုဆေးများနှင့် မသက်သာလျှင် ဆရာဝန်နှင့် သွားပြကာ ညွှန်ကြားသောဆေးများကို သောက်သင့်ပါသည်။
- စတီးရွိုက်ထိုးဆေးများထိုးခြင်း၊ ဒူးထဲသို့ Hyaluronic အက်ဆစ်ထိုးခြင်း
ယင်းတို့သည် အစွမ်းထက်သော အရောင်ကျဆေးများ ဖြစ်ပါသည်။ Hyaluronic အက်ဆစ်သည် အဆစ်များအတွက် ချောဆီ အနေဖြင့်လည်း အလုပ်လုပ်ပေးပါသည်။
capsaicin ပါသော လိမ်းဆေးများ လိမ်းခြင်း၊ အပ်စိုက်ကုထုံးနှင့် glucosamine and chondroitin ပါသော အားဖြည့်ဆေးများသောက်ခြင်းတို့ ပါဝင်ပါသည်။
ဒူးစည်းတွင် ဒူးအပေါ်သို့ သက်ရောက်လာသော အားများကို ဖယ်ပေးသော အမျိုးအစားနှင့် ဒူးတစ်ခုလုံးကို ထောက်ပံ့ပေးသော အမျိုးအစားဟူ၍ ၂ မျိုးရှိပါသည်။
- ကိုယ်ကာယ လှုပ်ရှားမှုများ ပြုလုပ်ခြင်း
ယင်းသည် ဒူးနာခြင်းကြောင့် နေ့စဉ်အလုပ်များ မလုပ်နိုင်သူများတွင် အသုံးဝင်သည့် နည်းလမ်း ဖြစ်ပါသည်။ ကာယလေ့ကျင့်ခန်းများသည် ကြွက်သားများကို သန်မာစေပြီး အဆစ်များကို လှုပ်ရှားမှုများ ကောင်းစေပါသည်။ ကောင်းမွန်သော နည်းပြများက သင့်ကို နေ့စဉ်အလုပ်များကို နာကျင်မှု သက်သာစွာ လုပ်ဆောင်နိုင်ရန် သင်ပြပေးပါလိမ့်မည်။
အထက်ပါကုထုံးများနှင့်အဆင်မပြေလျှင် ခွဲစိတ်ကုသနိုင်ပါသည်။
နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ
နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့် ဒူးဆစ်ရောင်သူများအတွက် ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။
ဒူးဆစ်ရောင်ခြင်းကို ဖြစ်စေနိုင်သော အကြောင်းအမျိုးမျိုးရှိပါသည်။ မည်သည့်အကြောင်းကြောင့် ဖြစ်စေ လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ ကိုယ်အလေးချိန် ထိန်းသိမ်းခြင်းတို့ဖြင့် ရောဂါ လက္ခဏာများကို လျော့ကျစေနိုင်ပါသည်။
လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် နာကျင်မှုများကို သက်သာစေနိုင်သလို ဝေဒနာများ ထပ်မဖြစ်လာအောင်လည်း ကူညီပေးပါသည်။
သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။