backup og meta

Knee Osteoarthritis (ဒူးဆစ်ရောင်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်

Knee Osteoarthritis (ဒူးဆစ်ရောင်ခြင်း ) ကဘာလဲ။

ဒူးဆစ်ရောင်ခြင်း သည် အသက်ကြီးလာသောကြောင့် ဒူးဆစ်များ ဒဏ်ဖြစ်ခြင်းသာဖြစ်ပါသည်။

အဆစ်များ၊ အရိုးနုများ သည် ဒူပေဒဏ်ပေ ခံနိုင်ရန် သဘာဝတရားကပေးထားသော လက်ဆောင်များဖြစ်ပါသည်။

ဒူးဆစ်ရောင်ခြင်းသည် ထိုအရာများ ချို့ယွင်းသွားသောကြောင် အရိုးအဆစ်များ ပွတ်တိုက်မှုအားများပြီး ဖြစ်လာရခြင်း ဖြစ်ပါသည်။

Knee Osteoarthritis (ဒူးဆစ်ရောင်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ

ဒူးဆစ်ရောင်ခြင်း သည် အလွန်အဖြစ်များသော အဆစ်ရောင် ဝေဒနာဖြစ်ပါသည်။ အမျိုသားများ၏ ၁၀% နှင့် အသက် ၆၀ ကျော် အမျိုးသမီးများ၏ ၁၃% သည် ဒူးဆစ်ရောင်ခြင်းကို ခံစာရပါသည်။ အသက်ကြီးလာသောကြောင့် အဝလွန်သောကြောင့် ဖြစ်သော ဒူးဆစ်ရောင်ခြင်းများက ပိုများပါသည်။

သို့သော် ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

လက္ခဏာများ

Knee Osteoarthritis (ဒူးဆစ်ရောင်ခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ဒူးဆစ်ရောင်ခြင်း၏ အဓိက လက္ခဏာများမှာ

နာကျင်ခြင်း

လှုပ်ရှားလိုက်လျှင် သို့မဟုတ် တနေကုန် လှုပ်ရှားပြီး အချိန်များတွင် နာကျင်ပြီး အနားယူလိုက်လျှင် သက်သာသွားပါသည်။

တောင့်တင်းခြင်း

အနားယူပြီး ပြန်လှုပ်လျှင် ဒူးများတောင့်တင်းနေတတ်ပြီး လှုပ်ရှားလိုက်လျှင် ပြေလျော့သွားပါသည်။

တကျွတ်ကျွတ်မြည်ခြင်း

အဆစ်များ လှုပ်ရှားလိုက်သောအခါ တကျွတ်ကျွတ်မြည်ခြင်း ဖြစ်ပါသည်။

ရောင်ရမ်းပြီး မာနေခြင်း

အရိုးအတက် ထွက်ခြင်းကြောင့် ရောင်ရမ်းပြီး မာနေခြင်းဖြစ်ပါသည်။

ရောင်ရမ်းခြင်း

အဆစ်များတွင် အရည်များ စုပုံနေခြင်းကြောင့် ရောင်ရမ်းခြင်းဖြစ်ပါသည်။

အခြားသော လက္ခဏာများမှာ

  • ဒူးနားရှိကြွက်သားများ အားနည်းလာခြင်းနှင့် အဆစ်များ မူမမှန်ခြင်း
  • အရင်လောက် ဒူးဆစ်များ မလှုပ်ရှားနိုင်ခြင်း
  • ဒူးများခွင်လာခြင်း၊ ကွေးလာခြင်း
  • ဒူးနားရှိကြွက်သားများ သိမ်လာခြင်း

ဒူးဆစ်ရောင်ခြင်း ဆိုးရွားပြင်းထန်ပါက ညဘက်များတွင်ပါ အိပ်ရာမှ လန့်နိုးလာနိုင်ပါသည်။

တခါတရံတွင် ဒူးနာခြင်းများသည် လှုပ်ရှားမှုများပြုလုပ်ခြင်းနှင့် သက်ဆိုင်သော်လည်း တခါတရံတွင် အကြောင်းရင်း မရှိလည်း နာတတ်ပါသည်။

စိုစွတ်သော၊ ဖိအားနည်းသော ရာသီဥတုများတွင် ဒူးပိုနာတတ်ကြောင်း အချို့သူများက ပြောပါသည်။ အကြောင်းမှာ ဒူးထဲရှိ အာရုံကြောများသည် လေထုဖိအားအပြောင်းအလဲတွင် နာကျင်စေသောကြောင့် ဖြစ်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်တွင်ဖော်ပြထားသော လက္ခဏာများအပြင် ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

လူတယောက်နှင့် တယောက် ရောဂါ၏တုံပြန်ပုံခြင်းမတူညီသည့်အတွက် မိမိ၏အခြေအနေကို သိရှိကာထိရောက်စွာကုသနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

အကြောင်းရင်းများ

Knee Osteoarthritis (ဒူးဆစ်ရောင်ခြင်း ) ကိုဘာတွေကဖြစ်စေသလဲ

အမျိုးမျိုးသော အကြောင်းများကြောင့် ထိုရောဂါဖြစ်လာနိုင်ပါသည်။ လူတိုင်းနီးပါး ဒူးနာလာနိုင်ပါသည်။ အသက်ကြီးသောကြောင့် အဖြစ်အများဆုံး ဖြစ်ပါသည်။ အခြားသော အကြောင်းများမှာ

  • အသက်

အသက်ကြီးလာသည်နှင့် အမျှ အရိုးနုများသည် အနာကျက်နှုန်းနှေးလာသောကြောင့် ဖြစ်ပါသည်။

  • ကိုယ်အလေးချိန်

ကိုယ်အလေးချိန်များလာလျှင် အဆစ်များ အထူးသဖြင့် ဒူးဆစ်များတွင် ဒဏ်ဖြစ်ပါသည်။ ကိုယ်အလေးချိန် တစ်ပေါင်တက်လာလျှင် ဒူးသည် ၃ / ၄ ပေါင်စာကို ပိုထမ်းထားရပါသည်။

  • မျိုးရိုး
  • လိင်

အသက် ၅၅ နှစ် အထက် အမျိုးသမီးများသည် အမျိုးသားများထက် ဒူးပိုနာနိုင်ပါသည်။

  • မကြာခဏ ထိခိုက်မိခြင်း၊ ဒဏ်ဖြစ်ခြင်း

ယင်းသည် မိမိလုပ်ရသော အလုပ်နှင့် သက်ဆိုင်ပါသည်။ ဒူးထောက်ခြင်း၊ ထိုင်ထပြုလုပ်ခြင်း၊ အလေးမခြင်း (၅၅ပေါင်အထက်)များသည် ဒူးဆစ်များအပေါ်သို့ ဖိအားများ တိုက်ရိုက်သက်ရောက်သည့်အတွက် ဒူးနာစေပါသည်။

  • အားကစားသမားများ

ဘောလုံး၊ တင်းနစ် နှင့် တာဝေးအပြေးသမားများသည် ဒူးနာနိုင်ချေများ ပါသည်။ ထို့ကြောင့် အားကစားသမားများသည် ဒဏ်ရာများမရအောင် အထူးဂရုစိုက်ပြီး အဆစ်များကို သန်မာစေသော လေ့ကျင့်ခန်းများကို ပြုလုပ်ပေးခြင်းဖြင့် ဒူးနာခြင်းကိုဖြစ်နိုင်ချေနည်းစေပါသည်။ ဒူးနာရှိကြွက်သားများ အားနည်းနေပါက ဒူးပိုနာစေနိုင်ပါသည်။

  • အခြားသော ကျန်းမာရေး အခြေအနေများ

ရူမတွိုက် အဆစ်ရောင်ရောဂါသည် အဆစ်ရောင်ခြင်းတွင် ဒုတိယ အဖြစ်များဆုံးဖြစ်ပြီး ယင်းသည် ဒူးဆစ်များကိုရောင်ရမ်း နာကျင်စေပါသည်။ ထို့ပြင် သံဓါတ်များခြင်း၊ ကြီးထွားဟော်မုန်းများခြင်းတို့သည်လည်း ဒူးနာခြင်းကို ဖြစ်နိုင်ချေများစေပါသည်။

ဖြစ်နိုင်ခြေများ

Knee Osteoarthritis (ဒူးဆစ်ရောင်ခြင်း ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အာရုံမစူးစိုက်နိုင်ခြင်းရောဂါ ကို ဖြစ်နိုင်ချေများစေသော အကြောင်းများစွာအနက် အဖြစ်အများဆုံးသော အကြောင်းမျာမှာ အောက်ပါတို့ဖြစ်သည်။

  • အသက် ၄၀နှင့် အထက်တွင် ကြွက်သားများ အားနည်းလာခြင်းနှင့် အနာကျက်နှုန်းများ နှေးလာခြင်း
  • အမျိုးသမီးများတွင် ဒူးပိုနာတတ်ပြီး ပိုပြင်းထန်တတ်သည်။
  • ကိုယ်အလေးချိန်လွန်ကဲခြင်းသည် ဒူးနာခြင်းကို တဖြေးဖြေးပိုဆိုးလာစေပါသည်။
  • မိဘများနှင့် မောင်နှမများတွင် အလားတူရောဂါများ ဖြစ်ဖူးလျှင်
  • ဒူးကို ထိခိုက်ဖူးလျှင် (ဒူးပြဲပြီး အရိုးနုထိခိုက်ခြင်း ဖြစ်ဖူးလျှင်)
  • ဒူးကို ခွဲစိတ်ကုသဖူးလျှင် (ဒူးရှိ အရိုးနုများကို ဖယ်ရှားခြင်း၊ အရိုးနုတွယ်ဆက် အရွတ်များကို ပြုပြင်ခြင်း)
  • ပြင်းထန်သော အားစိုက်ထုတ်ရသော အလုပ်များ လုပ်ခြင်း (လယ်စိုက်ခြင်း၊ မိုင်းတွင်းတူးခြင်း)
  • အဆစ်များကို ထိခိုက်စေသော အခြားရောဂါများရှိခြင်း (ရူမတွိုက် အဆစ်ရောင်ရောဂါ၊ ဂေါက်ရောဂါ)

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Knee Osteoarthritis (ဒူးဆစ်ရောင်ခြင်း ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်က သင်ခံစားနေရသော ဝေဒနာများကို မေးမြန်းခြင်း၊ သင့်ကို စစ်ဆေးခြင်းတို့ပြုလုပ်ပါလိမ့်မည်။ ထို့ပြင် အောက်ပါ လက္ခဏာများကို စစ်ဆေးပါလိမ့်မည်။

  • ဒူးနာခြင်း
  • ဒူးထဲတွင် တကျွတ်ကျွတ်မြည်ခြင်း
  • ဒူးဆစ်ရောင်ခြင်း
  • အရည်များစုနေခြင်း
  • ဒူးမခိုင်ခြင်း
  • ဒူးကိုထောက်ပံ့ထားသော ကြွက်သားများ ကျုံလှီနေခြင်း

စစ်ဆေးပြီး သောအခါ အောက်ပါ စမ်းသပ်မှုများ ပြုလုပ်ပါလိမ့်မည်။

  • ဓါတ်မှန်ရိုက်ခြင်း

ဓါတ်မှန်ရိုက်ခြင်း သည် ဒူးဆစ်ရောင်ခြင်းကို သိရန် အသုံးဝင်ဆုံးသော နည်းဖြစ်ပါသည်။ ဓါတ်မှန်တွင် အရိုးအတက်များ၊ အရိုးဆစ်များကျဉ်းနေခြင်းနှင့် အဆစ်များတွင် ကယ်လ်ဆီယမ်များ များနေခြင်းတို့ကို မြင်နိုင်ပါသည်။

  • သံလိုက် ဓါတ်မှန်ရိုက်ခြင်း

သံလိုက် ဓါတ်မှန်သည် ရိုးရိုးဓါတ်မှန်တွင် မမြင်ရသော အရိုးနုများ၊အရွတ်များနှင့် ကြွက်သားမျာကို ကောင်းမွန်စွာ မြင်ရပါသည်။

  • သွေးစစ်ခြင်း

ဒူးဆစ်ရောင်ခြင်းကို သွေးစစ်ချက်အဖြေများဖြင့် မသိနိင်သော်လည်း အခြားသော ရောဂါများကို ဖယ်ထုတ်နိုင်စေရန် သွေးစစ်ရပါသည်။

Knee Osteoarthritis (ဒူးဆစ်ရောင်ခြင်း ) ကို ဘယ်လိုကုသပါသလဲ

ဒူးဆစ်ရောင်ခြင်းကို ကုသရခြင်း၏ ရည်ရွယ်ချက်မှာ နာကျင်မှုများကို သက်သာစေရန်နှင့် လှုပ်ရှားမှုများကောင်းစေရန် ဖြစ်ပါသည်။

ကုသမှုများတွင် အောက်ပါ အချက်များ အားလုံးပါဝင်ပါသည်။

  • ကိုယ်အလေးချိန် လျှော့ခြင်း

ကိုယ်အလေးချိန် အနည်းငယ်ကျဆင်းသွားလျှင်ပင် ဒူးနာသက်သာစေနိုင်ပါသည်။

  • လေ့ကျင့်ခန်း လုပ်ခြင်း

လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် ဒူးနားရှိကြွက်သားများကို သန်မာစေပြီး ဒူးဆစ်များကို ပိုခိုင်စေကာ နာကျင်မှုများကို သက်သာစေပါညသည်။ ထို့ပြင် ဒူးများလည်း ပိုပြီ လှုပ်ရှားမှုများ ကောင်းလာမည်ဖြစ်ပါသည်။

  • အနာသက်သာဆေးများ ၊အရောင်ကျဆေးများ {acetaminophen (Tylenol), ibuprofen (Advil, Motrin), ornaproxen sodium (Aleve)}

ထိုဆေးများသည် ဆေးဆိုင်တွင် အလွယ်တကူဝယ်ယူနိုင်သော ဆေးများ ဖြစ်ပါသည်။ သို့သော် ထိုဆေးများကို ဆရာဝန်မညွှန်ကြားဘဲ ၁၀ ရက်ထက်ပိုသောက်ခြင်း မပြုရပါ။ ဘေးထွက်ဆိုးကျိုးများ ခံစားရနိုင်သောကြောင့် ဖြစ်ပါသည်။ ထိုဆေးများနှင့် မသက်သာလျှင် ဆရာဝန်နှင့် သွားပြကာ ညွှန်ကြားသောဆေးများကို သောက်သင့်ပါသည်။

  • စတီးရွိုက်ထိုးဆေးများထိုးခြင်း၊ ဒူးထဲသို့ Hyaluronic အက်ဆစ်ထိုးခြင်း

ယင်းတို့သည် အစွမ်းထက်သော အရောင်ကျဆေးများ ဖြစ်ပါသည်။ Hyaluronic အက်ဆစ်သည် အဆစ်များအတွက် ချောဆီ အနေဖြင့်လည်း အလုပ်လုပ်ပေးပါသည်။

  • အခြားကုသနည်းများ

capsaicin ပါသော လိမ်းဆေးများ လိမ်းခြင်း၊ အပ်စိုက်ကုထုံးနှင့် glucosamine and chondroitin ပါသော အားဖြည့်ဆေးများသောက်ခြင်းတို့ ပါဝင်ပါသည်။

  • ဒူးစည်း စည်းခြင်း

ဒူးစည်းတွင် ဒူးအပေါ်သို့ သက်ရောက်လာသော အားများကို ဖယ်ပေးသော အမျိုးအစားနှင့် ဒူးတစ်ခုလုံးကို ထောက်ပံ့ပေးသော အမျိုးအစားဟူ ၂ မျိုးရှိပါသည်။

  • ကိုယ်ကာယ လှုပ်ရှားမှုများ ပြုလုပ်ခြင်း

ယင်းသည် ဒူးနာခြင်းကြောင့် နေ့စဉ်အလုပ်များ မလုပ်နိုင်သူများတွင် အသုံးဝင်သည့် နည်းလမ်း ဖြစ်ပါသည်။ ကာယလေ့ကျင့်ခန်းများသည် ကြွက်သားများကို သန်မာစေပြီး အဆစ်များကို လှုပ်ရှားမှုများ ကောင်းစေပါသည်။ ကောင်းမွန်သော နည်းပြများက သင့်ကို နေ့စဉ်အလုပ်များကို နာကျင်မှု သက်သာစွာ လုပ်ဆောင်နိုင်ရန် သင်ပြပေးပါလိမ့်မည်။

  • ခွဲစိတ်ခြင်း

အထက်ပါကုထုံးများနှင့်အဆင်မပြေလျှင် ခွဲစိတ်ကုသနိုင်ပါသည်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့် ဒူးဆစ်ရောင်သူများအတွက် ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။

ဒူးဆစ်ရောင်ခြင်းကို ဖြစ်စေနိုင်သော အကြောင်းအမျိုးမျိုးရှိပါသည်။ မည်သည့်အကြောင်းကြောင့် ဖြစ်စေ လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ ကိုယ်အလေးချိန် ထိန်းသိမ်းခြင်းတို့ဖြင့် ရောဂါ လက္ခဏာများကို လျော့ကျစေနိုင်ပါသည်။

လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် နာကျင်မှုများကို သက်သာစေနိုင်သလို ဝေဒနာများ ထပ်မဖြစ်လာအောင်လည်း ကူညီပေးပါသည်။

သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Reference:
Knee osteoarthritis.http://www.webmd.com/osteoarthritis/guide/ostearthritis-of-the-knee-degenerative-arthritis-of-the-knee#1. Accessed November 10, 2016.
Knee osteoarthritis.http://www.healthline.com/health/osteoarthritis/knee-pain. Accessed November 10, 2016.
Knee osteoarthritis.http://www.arthritisresearchuk.org/arthritis-information/conditions/osteoarthritis-of-the-knee/outlook.aspx. Accessed November 10, 2016.

ယခုပုံစံ

05/07/2022

Dr. Kaung Thar မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဒူးဆစ်များ တောင့်တင်းသူများတွင် ပြုလုပ်သင့်သော လေ့ကျင့်ခန်း ၅ မျိုး

ဂေါက်ရိုက်ခြင်းနှင့် ဒူးနာခြင်း



Dr. Kaung Thar မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement