တံတွေးဂလင်းတွေက တံတွေးတွေပြုလုပ်ပြီး သင့်ပါးစပ်ထဲကို ပြွန်တွေကတစ်ဆင့် ရောက်စေပါတယ်။ တံတွေးက ဝါးစားတဲ့အခါမျိုချတဲ့အခါအတွက် အစာကိုစွတ်စိုအောင်ပြုလုပ်ပေးပြီး အစာကိုချေဖျက်ပေးတဲ့အပြင် ပိုးတွေကိုပဋိပစ္စည်းတွေအားဖြင့် သတ်ပေးပြီး ခံတွင်းကိုသန့်စင်ပေးပါတယ်။
သင့်မေးရိုးအောက်နဲ့အနောက်မျာ နားရှေ့ကတံတွေးထွက်သောပါးကြိတ်၊ လျှာအောက်နဲ့မေးရိုးအောက်ဆိုပြီး တံတွေးဂလင်း၃စုံရှိပါတယ်။ တံတွေးဂလင်းသေးသေးလေးတွေကိုလည်း နှုတ်ခမ်း၊ ပါးစောင်အတွင်းနဲ့ လည်ချောင်းနဲပခံတွင်းတစ်လျှောက်တွေ့ရပါတယ်။ တံတွေးဂလင်းကင်ဆာက နားရှေ့မှာရှိတဲ့ဂလင်းကို အများဆုံးဖြစ်တတ်ပါတယ်။
အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
တံတွေးဂလင်းကင်ဆာ ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့
တံတွေးဂလင်းအနီး အဖုအကျိတ်ထွက်ြခ်ငးက တံတွေးဂလင်းအကျိတ်ရဲ့ တွေ့များဆုံးလက္ခဏာတစ်ခုဖြစ်ပါတယ်။ ကင်ဆာလို့တော့ မဆိုလိုပါဘူး။ တံတွေးဂလင်းအကျိတ်အများစုက ကင်ဆာမဟုတ်တတ်ကြပါဘူး။ ကင်ဆာမဟုတ်တဲ့အခြေအနေအများစုကနေ တံတွေးဂလင်းပြွန်အတွင်း ကူးစက်ပိုးဝင်ခြင်းဒါမှမဟုတ် ကျောက်တည်ခြင်းအပါအဝ် တံတွေးဂလင်းကိုရောင်စေပါတယ်။
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။
တံတွေးဂလင်းကင်ဆာ ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေကိုတော့ သေချာမပြောနိုင်သေးပါဘူး။ ဆရာဝန်တွေက တံတွေးဂလင်းမှာရှိတဲ့ဆဲလ်အချို့က မျိုးရိုးဗီဇမှာထွန်းခြင်းဖြစ်တဲ့အခါမျာ ကင်ဆာဖြစ်တယ်လို့သိထားကြပါတယ်။ ထွန်းခြင်းက ဆဲလ်တွေကိုလျင်မြန်စွာ ကြီးထွားကွဲပွားစေပါတယ်။ ထွန်းထားတဲ့ဆဲလ်တွေက အခြားဆဲလ်တွေသေဆုံးချိန်မှာ ဆက်လက်ရှင်သန်နေကြပါတယ။် စုပုံလာတဲ့ဆဲလ်တွေက အကျိတ်ဖြစ်ပြီးအန်းအနားတစ်ရှူးတွေကို ထိုးဖောက်ဝင်ရောက်ပါတယ်။ ကင်ဆာဆဲလ်တွေက ခန`ဓါကိုယ်အနှံ့ပြန့်သွားနိုင်ပါတယ်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
တံတွေးဂလင်းကင်ဆာကို အတည်ပြုဖို့နည်းလမ်းများ
အဖြေရှာအတည်ပြုပြီးတာနဲ့ ဆရာဝန်က ကင်ဆာအဆင့်ကိုဆုံးဖြတ်ပါလိမ့မယ။် ကင်ဆာအဆင့်ပေါ်မူတည်ပြီး ကုသမှုကိုဆုံးဖြတ်ရပြီး ရောဂါရဲ့ရှေ့အလားအလာကို ခန့်မှန်းနိုင်ပါတယ်။
ကုသမှုက တံတွေးဂလင်းကင်ဆာအမျိုးအစား၊ အရွယ်အစားနဲ့ အဆင့်သတ်မှတ်ချက်အပေါ်မူတည်ပြိး သင့်ရဲ့ကျန်းမာရေးအခြေအေနေပေါ်မှာလည်း မူတည်ပါတယ်။ ကုသမှုကအများအားဖြင့် ခွဲစိတ်ခြင်းဖြစ်ပါတယ်။ ရောင်ခြည်ကုထုံးပါချင်လည်းပါနိုင်ပါတယ်။
ခွဲစိတ်ကုသခြင်း
ရောင်ခြည်ကုထံုး
ဓါတ်မှ်မကဲ့သို့သော ရောင်ခြည်အပြင်းစားအသုံးပြုပြီး ကင်ဆာဆဲလများကိုသတ်ခြင်းဖြစ်ပါတယ်။ ကုသနေစဉ်အတွင်း သင်ကလှဲနေစဉ်မှာ စက်တစ်ခုကသင့်ဘေးနားမှာ ရွေ့နေပြီး သင့်ခန`ဓါကိုယ်ရဲ့လိုအပ်တဲ့နေရာတွေကို ရောင်ခြည်အပြင်းစားတွေနဲ့ ကျရောက်စေမှာဖြစ်ပါတယ်။ ခွဲစိတ်ကုသပြီးကျန်ခဲ့တဲ့ကင်ဆာဆဲလ်တွေကို သတ်ဖို့ ရောင်ခြည်ကုထုံးဓါတ်ကင်ခြင်းကို အသုံးပြုပါတယ်။ အကျိတ်ကအရမ်းကြီးနေရင် သို့ ခွဲစိတ်ဖို့အတွက်အန္တရာယ်များလွန်းတဲ့နေရာတွေမျာ ရှိနေတယ်ဆိုရင် ခွဲစိတ်ခြင်းကမဖြစ်ုနိင်ပါဘူး။ ဓါတ်ကင်ခြင်းတစ်ခုတ်ညးကိုသာ ကုသမှုအတွက်သုံးနိုင်ပါတယ်။
ဓါတုကုထုံး
ကင်ဆာဆဲလ်တွေကို ဆေးအသုံးပြုသတ်ခြင်းဖြစ်ပါတယ်။ နေရာတော်တော်ဝေးဝေးထိပျံ့သွားတဲ့ တံတွေးဂလင်းကင်ဆာနောက်ဆုံးအဆင့်တွေမှာ သုံးပါတယ်။ ဓါတုကုထုံးက တံတွေးဂလင်းကင်ဆာကုသမှုအတွက် သိပ်တော့မသုံးပါဘူး။ သုတေသီတွေက အသုံးဝသင်မှုကိုရှာဖွေနေဆဲဖြစ်ပါတယ်။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် တံတွေးဂလင်းကင်ဆာ
ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။