backup og meta

ခံတွင်းကျန်းမာစေမယ့် အမူအကျင့် ၈ ခု

ခံတွင်းကျန်းမာစေမယ့် အမူအကျင့် ၈ ခု

သွားတိုက်မယ်၊ သွားပွတ်ကြိုးအသုံးပြုမယ်၊ ပလုတ်ကျင်းမယ်ဆိုတာတွေက မဖြစ်မနေလုပ်ကိုလုပ်ရမယ့် အခြေခံအကျဆုံးသွားနဲ့ခံတွင်းထိန်းသိမ်းမှုနည်းလမ်းတွေပေါ့။တစ်နေ့တာလုံးလူတွေနဲ့ပြောဆိုဆက်ဆံတဲ့အခါမှာအရေးပါတဲ့ ခံတွင်းကျန်းမာဖို့က အရေးကြီးပါတယ်။ ခံတွင်းကျန်းမာနေမှ ခံတွင်းနံ့ဆိုးကင်းစင်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးသလို ပတ်ဝန်းကျင်ကသူတွေအတွက်လည်း စိတ်အနှောင့်အယှက်ကင်းမှာပါ။

သွားနဲ့ခံတွင်းကျန်းမာရေးအတွက်နောက်ထပ်ဂရုပြုရမယ့်အချက်ကတော့ သွားနဲ့ခံတွင်းကိုထိခိုက်စေမယ့် အမူအကျင့်တွြေဖစ်တဲ့ဆေးလိပ်သောက်တာ အချိုတွအများကြီးစားတာ၊သွားနဲ့ခံတွင်းကို သန့်ရှင်းရေးမလုပ်တာမျိုးကိုရှောင်ရှားဖို့ပါ။ ဒီတော့ သွားနဲ့ခံတွင်းကျန်းမာစေဖို့မွေးမြူသင့်တဲ့ အကျင့်တွေရှိနေပါတယ်။ ဒီနေရာမှာမေးစရာရှိနေတာက သွားနဲ့ခံတွင်းကျန်းမာဖို့အတွက် သီးသန့်ဂရုစိုက်မွေးမြူရမယ့် အကျင့်တွေရှိနေတာလားပေါ့။ သွားနဲ့ခံတွင်းကျန်းမာစေမယ့် အမူအကျင့်တွေကရှိနေပါတယ်။

သွားနဲ့ခံတွင်းကျန်းမာစေမယ့် အမူအကျင့်တွေက

သွားနဲ့ခံတွင်းကျန်းမာစေဖို့မွေးမြူရမယ့် အမူအကျင့်တွေက အရမ်းကြီးမခက်လှပါဘူး။ ပုံမှန်လုပ်နေကျအမူအကျင့်တွေကို နည်းနည်းသတိထားပေးလိုက်ရင်ကိုရပါပြီ။

(၁) သွားနဲ့ခံတွင်းကိုကျန်းမာစေနိုင်တဲ့ အစားအစာတွေစားသုံးပေးပါ -နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ အချိုများတဲ့အစားအစာတွေနဲ့သွားမှာကပ်နိုင်တဲ့ အစားအစာတွေကို တတ်နိုင်သမျှရှောင်ပေးပါ။ ပထမဆုံးလုပ်ရမှာက အချိုများတဲ့ စားစရာသောက်စရာတွေကို နည်းနည်းချင်းလျှော့စားသွားပါ။ အရင်ကတည်းက အချိုများတဲ့ အစားအစာတွေကို မကြိုက်တာဆိုရင်တော့ အိုကေပေါ့။ သွားနဲ့ခံတွင်းအတွက် အထောက်အပံ့ပေးနိုင်မယ့် ကယ်လ်ဆီယမ်၊ ပရိုတင်း၊ ဗီတာမင် A၊ ဗီတာမင် C၊ ဗီတာမင် D တို့ကြွယ်ဝတဲ့ အစားအစာတွေစားသုံးပေးပါ။

(၂) တစ်နေ့နှစ်ကြိမ်သွားတိုက်ပါ – ဒါကပြောတော့သာလွယ်တာ၊ တကယ်လုပ်ဖို့ကျခက်တယ်နော်။နေ့စဉ် အလေ့အကျင့်မွေးမြူပေးမှရမှာပါ။ မနက်တစ်ကြိမ်ကတော့ လူတိုင်း သွားတိုက်ဖြစ်ပေမယ့် ညအိပ်ရာဝင်ခါနီးကိုတော့ သွားမတိုက်ဖြစ်ကြပါဘူး။ ဒါကြောင့် မနက်နိုးရင်တစ်ကြိမ် ညအိပ်ရာမဝင်ခင် တစ်ကြိမ် သွားတိုက်တတ်တဲ့အလေ့အကျင့်ကိုမွေးမြူပေးပါ။

(၃) အစားစားပြီးတိုင်း ပလုတ်ကျင်းပါ – အစားစားပြီးတိုင်း ပလုတ်ကျင်းတာက အလေ့အကျင့်ကောင်းတစ်ခုပါ။ ဒီလိုလုပ်ပေးတာက ခံတွင်းထဲမှာ အစားအစအနတွေကျန်မနေအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါကြောင့် သွားနဲ့ခံတွင်းကျန်းမာစေဖို့ဆိုရင် အစားစားပြီးတိုင်း ပလုတ်ကျင်းပေးပါ။

(၄) သွားတိုက်နည်း မှန်ကန်အောင်လုပ်ဆောင်ပါ – သွားတိုက်တဲ့အခါ သွားတိုက်တဲ့ပုံစံမှန်ကန်ဖို့ကလည်း အရေးကြီးပါတယ်။ ဒါကြောင့် သွားတိုက်တဲ့အခါဖြည်းဖြည်းညင်ညင်သာသာနဲ့သေချာသန့်ရှင်းပေးပါ။ သွားတိုက်တဲ့အခါ သွားမှာကပ်ညှိနေတဲ့ သွားချေးနဲ့အခြားသောအရာတွေကို ဖယ်ရှားနိုင်ဖို့အတွက် စက်ဝိုင်းပုံစံတိုက်ပေးပါ။ သွားတိုက်နည်း ပုံစံမှန်မှလည်း သွားနဲ့သွားဖုံးရောဂါတွေကို ကာကွယ်နိုင်မှာပါ။

(၅) ခံတွင်းသန့်ရှင်းတဲ့အခါ လျှာကိုပါ သန့်ရှင်းပေးပါ – လျှာမှာလည်းကပ်ညှိနေတာတွေရှိနိုင်ပါတယ်။ ဒီအရာတွေက ခံတွင်းနံ့ကိုဆိုးစေရုံတင်မဟုတ်ဘဲ အခြားသော သွားနဲ့ခံတွင်းပြဿနာတွေကိုပါဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သွားတိုက်တဲ့အခါတိုင်း သွားတွေကိုတိုက်ပြီးပြီဆိုရင် လျှာကိုလည်း သွားပွတ်တံနဲ့ သန့်စင်ပေးပါ။

(၆) ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးကိုရွေးချယ်ပါ –သွားတိုက်ဆေးရွေးတဲ့အခါ အနံ့အရသာနဲ့ သွားဖြူစေတဲ့အရာတွေပါရဲ့ဆိုတာထက် ပိုပြီးသတိထားသင့်တဲ့အချက်တစ်ခုရှိနေပါတယ်။ ဒါကတော့ ကိုယ်ရွေးချယ်မယ့် သွားတိုက်ဆေးက White Pasteဖြစ်ဖြစ် Gel Typeဖြစ်ဖြစ် ဖလိုရိုက်ပါဝင်ရဲ့လားဆိုတာကိုသေချာစေဖို့ပါ။ ဖလိုရိုက်က သွားတွေပျက်စီးတာမျိုးမဖြစ်အောင်ကာကွယ်ပေးပြီး သွားတွေကိုရောဂါပိုးမွှားတွေအန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။

(၇)ရေများများသောက်ပါ –ရေကကျန်းမာရေးအလုံးစုံအတွက် အကောင်းဆုံးသောသောက်သုံးစရာအဖြစ် ရပ်တည်နေဆဲပါပဲ။ အသားအရေ၊ ဆံသား၊ ကိုယ်ခံအားတွေအတွက်တင်မဟုတ်ပါဘူး။ သွား၊ သွားဖုံး နဲ့ ခံတွင်းကျန်းမာစေဖို့အတွက်လည်းရေကအဓိဇာတ်လိုက်ပါ။ ဒီတော့နေ့စဉ်ရေဓါတ်ပြည့်ဝအောင်သောက်သုံးပေးပါ။ ခံတွင်းနဲ့သွားအတွက်ဆိုရင်တော့ အစားစားပြီးတိုင်းရေသောက်ပေးဖို့ပြောပါရစေ။

(၈) တစ်နှစ်ကို အနည်းဆုံး နှစ်ကြိမ် သွားဆေးခန်းပြပါ –ဒီအချက်ကလည်း ချန်ထားခဲ့လို့လုံးဝမဖြစ်တဲ့ အရေးပါတဲ့အချက်တစ်ခုပါ။ သွားတွေကိုက်မှ ကျိုးမှဆိုတာထက် သွားနဲ့ခံတွင်းပြဿနာမရှိလည်း အနည်းဆုံး တစ်နှစ်ကို နှစ်ကြိမ်သွားဆေးခန်းသွားပြပြီး လိုအပ်တဲ့ ကုသမှုတွေခံယူပေးပါ။

အခုပြောခဲ့တဲ့အမူအကျင့်လေးတွေကို ကိုယ်ပိုင် အလေ့အထလေးတွေဖြစ်လာအောင်မွေးမြူပျိုးထောင်ပြီး သွားနဲ့ခံတွင်း ကျန်းမာရေးကိုစောင့်ရှောက်လိုက်ပါ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

11 Ways to Keep Your Teeth Healthyhttps://www.healthline.com/health/dental-and-oral-health/best-practices-for-healthy-teeth#1 Accessed Date 15 August 2018

8 Ways to Keep Your Mouth Healthyhttps://www.webmd.com/oral-health/features/eight-ways-to-keep-your-mouth-healthy Accessed Date 15 August 2018

8 Habits to Keep Your Teeth Strong & Healthy!https://www.practo.com/healthfeed/8-habits-to-keep-your-teeth-strong-healthy-16996/post Accessed Date 15 August 2018

ယခုပုံစံ

26/09/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သွားနှင့် ခံတွင်းကျန်းမာရေးအတွက် အရေးအကြီးဆုံး သွားပွတ်တံ

သင့် သွားဖုံးများအား သေချာ ဂရုစိုက်ပါ



Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement