backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Halitosis (ခံတွင်းနံ့ဆိုးခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Halitosis (ခံတွင်းနံ့ဆိုးခြင်း) ကဘာလဲ။

ခံတွင်းနံ့ဆိုးခြင်းဟာ သွားနဲ့ခံတွင်းမသန့်ရှင်းခြင်း၊ အကျင့်ဆိုးတချို့၊ ကျန်းမာရေးပြဿနာတချို့နဲ့ အစားအစာတချို့ကြောင့်ဖြစ်ရတတ်ပါတယ်။

Halitosis (ခံတွင်းနံ့ဆိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အလွန်ကိုအဖြစ်များပြီးအရွယ်မရွေးဖြစ်နိုင်တယ်။ ခံတွင်းနံ့ဆိုးစေတဲ့အချက်တွေကိုရှောင်ခြင်းဖြင့် ထိန်းသိမ်းနိုင်ပါတယ်။ အသေးစိတ်အချက်တွေအတွက် ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။

လက္ခဏာများ

Halitosis (ခံတွင်းနံ့ဆိုးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဖြစ်များတဲ့လက္ခဏာတွေကတော့ အကြောင်းအရင်းအလိုက် ခံတွင်းအနံ့နံခြင်းဖြစ်တယ်။

ဖော်ပြထားတာတွေအပြင် တခြားလက္ခဏာတွေလည်းရှိနိုင်သေးတာကြောင့် သိလိုသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

တကယ်လို့အထက်ပါဖော်ပြထားတဲ့ လက္ခဏာတွေကြုံရတယ်၊ ဒါမှမဟုတ် သိလိုသည်များရှိတယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်နိုင်တယ်။ လူတိုင်းခန္ဓါကိုယ်ကတစ်ယောက်နဲ့တစ်ယောက်မတူတာကြောင့် သင့်အတွက်အကောင်းဆုံးဖြစ်ဖို့အတွက် ဆရာဝန်နဲ့တိုင်ပင်တာ သင့်လျော်ပါလိမ့်မယ်။

အကြောင်းရင်းများ

Halitosis (ခံတွင်းနံ့ဆိုးခြင်း) ကိုဘာတွေကဖြစ်စေသလဲ

  • အစားအစာ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီး စသည့်တချို့သောစားစရာတွေကြောင့် ခံတွင်းနံ့ဆိုးရတယ်
  • ဆေးလိပ်သောက်ခြင်းကြောင့်လည်း ခံတွင်းအနံ့ထွက်နိုင်တယ်။
  • သွားနဲ့ခံတွင်းသန့်ရှင်းမှုမရှိခြင်း၊ သွားပုံမှန်မတိုက်ပါက ပါးစပ်ထဲမှာအစာအကြွင်းအကျန်တွေကျန်နေတတ်ပြီး ခံတွင်းနံ့ဆိုးတတ်တယ်။
  • ခံတွင်းခြောက်ခြင်း ၊ တံထွေးဟာ အနံ့ဆိုးထွက်စေတဲ့ စားစရာအကြွင်းအကျန်တွေကိုရှင်းပေးတယ်။
  • ခံတွင်းရောဂါပိုးဝင်ခြင်း ၊ သွားနှုတ်ခြင်းကြောင့်ရသော ခံတွင်းအနာ၊ သွားပိုးစားခြင်း၊ သွားဖုံးရောဂါ၊ သွားဖုံးအနာများကြောင့်လည်း အနံ့ဆိုးများထွက်နိုင်ပါတယ်။
  • တခြားသောနှာခေါင်း၊ ပါးစပ်၊ ခံတွင်းပြဿနာများ။ ထိပ်ကပ်နာ၊ လည်ချောင်းရောဂါ၊ နှာခေါင်းရောဂါများကြောင့်လည်း ခံတွင်းအနံ့ဆိုးနိုင်တယ်။
  • တခြားအကြောင်းအရာများ ၊ အဆုတ်ရောင်ခြင်း၊ နာတာရှည် ထိပ်ကပ်နာရောဂါများ၊ ဆီးချိုသွေးချို၊ နာတာရှည် အက်စစ်ပြန်ဆန်တက်ခြင်းရောဂါများကြောင့်လည်း ခံတွင်းအနံ့ဆိုးနိုင်တယ်။

ဖြစ်နိုင်ခြေများ

Halitosis (ခံတွင်းနံ့ဆိုးခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

  • ဆေးလိမ်သောက်ခြင်း
  • ရောဂါတချို့ရှိခြင်း
  • သွားခံတွင်းသန့်ရှင်းမှုမရှိခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Halitosis (ခံတွင်းနံ့ဆိုးခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဒီအချက်တွေဟာ ကျန်းမာရေးအကြံဉာဏ်တွေအတွက် အစားထိုးမဟုတ်တာကြောင့် အမြဲတမ်း ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ဖို့မမေ့ပါနဲ့။

ရောဂါရှာဖွေခြင်း

သွားဆရာဝန်က နှာခေါင်းနဲ့ ခံတွင်းမှ ထုတ်လေရဲ့ အနံ့ကိုတိုင်းတာပါလိမ့်မယ်။ လျှာအနောက်ဘက်ဟာ အနံ့ထွက်တဲ့အဓိကနေရာဖြစ်တာကြောင့် လျှာကိုခြစ်ပြီး အနံ့ယူကောင်းယူနိုင်ပါတယ်။

အမြဲမလုပ်နိုင်ပေမယ့် အနံ့ဆိုးထွက်စေတဲ့ ကယ်မီကယ်တွေကိုတိုင်းတဲ့ ပစ္စည်းတွေလည်းရှိပါတယ်။

Halitosis (ခံတွင်းနံ့ဆိုးခြင်း) ကို ဘယ်လိုကုသပါသလဲ

ကုသမှုကအကြောင်းအရင်းပေါ်မူတည်ပြီးအမျိုးမျိုးကွဲနိုင်တယ်။ ရောဂါတစ်ခုခုကြောင့်ဖြစ်တယ်ထင်ပါက သွားဆရာဝန်က သက်ဆိုင်ရာဆရာဝန်ထံလွှဲပေးပါလိမ့်မယ်။

သွားခံတွင်းဆိုင်ရာရောဂါများနှင့်ဆိုင်ပါက အခြေအနေသက်သာလာအောင် သွားဆရာဝန်ကကူညီပါလိမ့်မယ်။

  • ဘတ်တီးရီးယားများကိုသတ်ဖို့ ပိုးသတ်ဆေးနှင့် ခံတွင်းဆေးခြင်း၊ သွားတိုက်ဆေးသုံးခြင်း
  • သွားရောဂါခံတွင်းရောဂါကိုကုခြင်း။ သွားဖုံးရောဂါရှိပါက သွားဖုံးဆရာဝန်ထံလွှဲပေးပါလိမ့်မုယ်။ တခါတလေ အထူးသန့်ရှင်းခြင်းကသာ ဘတ်တီးရီးယားတွေကိုဖယ်နိုင်တာ ရှိပါတယ် ။ ဘတ်တီးရီးယားတွေပေါက်နိုင်တဲ့ သွားကိုပြန်စိုက်ပစ်ဖို့ အကြံပေးကောင်းပေးနိုင်ပါတယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းကုထုံးများ

  • အစားစားပြီးတိုင်းသွားတိုက်ပါ။ တစ်ရက်အနည်းဆုံးနှစ်ကြိမ် ဖလိုရိုက်ပါသော သွားတိုက်ဆေးသုံးပါ။ ဘတ်တီးရီးယားသတ်နိုင်သော သွားတိုက်ဆေးတွေဟာ ခံတွင်းနံ့ဆိုးခြင်းကို သက်သာစေနိုင်ပါတယ်။
  • သွားပွတ်ကြိုးဖြင့်အနည်းဆုံး တစ်နေ့တစ်ကြိမ်သွားသန့်ပါ။ သေချာသွားကြားထိုးခြင်းက အစာအကျွင်းအကျန်တွေကိုဖယ်ပေးပြီး ခံတွင်းနံ့ဆိုးခြင်းကိုကာကွယ်ပေးပါတယ်။
  • လျှာခြစ်ပါ။ လျှာမှာ ဘတ်တီးရီးယားတွေပေါက်နေနိုင်တာကြောင့် လျှာခြစ်ပြီးသန့်ပေးပါ။
  • အံကပ်ပစ္စည်းများကိုသန့်စင်ပေးပါ။ သွားဆိုင်းကြိုးတပ်ထားရင် သို့ အံကပ်တပ်ထားရင် တစ်ရက်အနည်းဆုံးတစ်ကြိမ် သို့ ဆရာဝန်ညွှန်တဲ့အတိုင်း သေချာသန့်စင်ပေးပါ။
  • ခံတွင်းမခြောက်ပါစေနဲ့။ ခံတွင်းကိုစိုနေစေဖို့၊ ဆေးလိပ်သောက်ခြင်းရှောင်ပါ၊ ရေအလုံအလောက်သောက်ပါ။ ကော်ဖီ၊ အအေး၊ အရက်ရှောင်ပါ။
  • အစားအစာပုံစံသတိထားပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ တွေဟာခံတွင်းအနံ့နံ့စေပါတယ်။ အချိုအလွန်စားခြင်းကလည်း ခံတွင်းနံ့နံ့စေပါတယ်။
  • ပုံမှန်သွားတိုက်တံလဲပေးပါ။ သုံးလေးလတစ်ခါသွားတိုက်တံလဲပေးပါ။ နူးညံ့သောသွားပွတ်တံသုံးပါ။
  • ပုံမှန်သွားခံတွင်းစစ်ဆေးပါ။ သွားဆရာဝန်ပုံမှန်ပြပါ။ တစ်နှစ်နှစ်ကြိမ်လောက်ပြပြီ သွား၊ အံကပ် စသည်ကို စစ်ဆေးသန့်ရှင်းပါ။

သိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေရအောင် ဆရာဝန်နဲ့တိုင်ပင်ပါ။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement