backup og meta

ဘယ်လိုအခြေအနေမျိုးမှာ သွားနဲ့မေးရိုးခွဲစိတ်မှု လုပ်ဖို့ လိုမလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 21/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘယ်လိုအခြေအနေမျိုးမှာ သွားနဲ့မေးရိုးခွဲစိတ်မှု လုပ်ဖို့ လိုမလဲ။

    သွားနဲ့မေးရိုးခွဲစိတ်မှု တွေက သာမန်သွားဆေးခန်းပြတာနဲ့ အနည်းငယ်ကွာခြားပါတယ်။ သွားနဲ့ မေးရိုးက ခံတွင်းကျန်းမာရေးအတွက် အရေးကြီးသလို လူတစ်ယောက်နဲ့ မျက်နှာသွင်ပြင်ကိုလည်း ပြောင်းလဲစေနိုင်တဲ့အတွက် တချို့သော သွားရောဂါတွေမှာ ခွဲစိတ်ပြုပြင်မှုတွေ လုပ်ဖို့ လိုပါတယ်။

    သွားနဲ့မေးရိုးခွဲစိတ်မှု ပြုလုပ်ပြီး ပြုပြင်နိုင်တဲ့ သွားပြဿနာများ

    သွားက မေးရိုးနဲ့ မဆန့်တဲ့အခါ သွားတွေက စုပြီး ထပ်လာပါတယ်။ အထူးသဖြင့်တော့ အပေါ်ရှေ့သွားတွေမှာ အဖြစ်များပါတယ်။ သွားထပ်တာက တချို့တွေမှာ ကြည့်လို့လှပေမယ့် တချို့တွေမှာတော့ ရုပ်ရည်ကို သက်ရောက်မှု ရှိပါတယ်။ သွားထပ်တာကြောင့် စားရသောက်ရခက်တာ၊ သွားသန့်ရှင်းရေး လုပ်ရတာ ခက်တာမျိုး ဖြစ်နိုင်ပါတယ်။

    • သွားစေ့မရတာ

    ပုံမှန်ဆို ပါးစပ်ပိတ်လိုက်ရင် အပေါ်သွားနဲ့ အောက်သွားနဲ့က ထပ်ပြီး ထိနေပါတယ်။ ဒီလိုဖြစ်မှလည်း စားရဝါးရ အဆင်ပြေမှာပါ။ သွားတွေက ပုံစံမမှန်တဲ့အခါ သွားစေ့မရတာမျိုး ဖြစ်တတ်ပါတယ်။

    • အပေါ်သွားက အောက်သွားကို ဖုံးနေတာ

    သွားစိလိုက်တဲ့အခါ အောက်သွားက အနည်းငယ်တော့ ပေါ်နေရပါမယ်။ ဒီလိုမဟုတ်ဘဲ အပေါ်သွားက အောက်သွားကို လုံးဝအုပ်နေရင် နောက်ပိုင်းမှာ သွားရောဂါတွေ ဖြစ်လာတတ်ပါတယ်။ သွားဖုံးနဲ့ အာခေါင်ပျက်စီးတာ၊ သွားဖုံးရောဂါတွေ ဖြစ်တာ၊ သွားကျွတ်တာ စတာတွေ ဖြစ်တတ်ပါတယ်။

    • သွားတွေ မညီတာ

    သွားစိလိုက်ရင် သွားရဲ့ အစွန်းတွေက အပေါ်အောက် မညီဘဲ ရှေ့ထွက်တာ၊ နောက်ရောက်တာ ရှိနေတာမျိုးပါ။ ဒီလိုမျိုး ဖြစ်နေတာက ရုပ်ရည်ထိခိုက်တာ၊ စားရဝါးရအဆင်မပြေတာ၊ သွားပွန်းတာတွေ ဖြစ်တတ်ပါတယ်။

    ငယ်ငယ်က လက်မ၊ လက်ချောင်းစုပ်တာများတဲ့အခါ အပေါ်ရှေ့သွားက ရှေ့ကို ခေါထွက်တတ်ပါတယ်။ လက်မမစုပ်ပေမယ့်လည်း မေးရိုးတွေ မညီဘူးဆိုရင် သွားခေါတတ်ပါသေးတယ်။

    • အောက်မေးရိုး ခေါထွက်တာ

    ဒါကတော့ အပေါ်ကနဲ့ ပြောင်းပြန်ပါ။ အောက်မေးရိုးက ရှေ့ကို ငေါထွက်နေတာပါ။ ရုပ်ရည်ထိခိုက်တဲ့အပြင်  သွားလည်း ပွန်းလွယ်ပါတယ်။

    သွားတွေက ညီညီမျှမျှ မဖွံ့ဖြိုးဘဲ တချို့က သေးနေမယ်။ သွားတွေ အပြည့်အစုံမပေါက်ဘူးဆိုရင်  ဖြစ်တတ်ပါတယ်။

    သွားနဲ့မေးရိုးခွဲစိတ်မှုတွေရဲ့ ကောင်းကျိုး

    • ရုပ်ရည်ပြောင်းလဲမှုကို ဖြစ်စေပြီး ပိုမိုကြည့်ကောင်းစေပါတယ်။
    • မိမိကိုယ် မိမိ ယုံကြည်မှု ရှိစေပါတယ်။
    • သွားကျန်းမာရေးကို ကောင်းစေပြီး ဝါးရပြုရ လွယ်စေပါတယ်။ စကားပြောတာ၊ အသံထွက်တာ ပိုအဆင်ပြေစေပါတယ်။
    • သွားရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
    • သွားကြားထဲမှာ အစာအကြွင်းအကျန်တွေ မကျန်စေတဲ့အတွက်  သွားပိုးစားတာကို သက်သာစေပါတယ်။
    • သွားမညီတာ၊ ခေါတာတွေကြောင့် သွားနဲ့ သွားဖုံး ထိခိုက်တာ၊ ဒဏ်ရာရတာကို နည်းစေပါတယ်။

    သွားနဲ့မေးရိုးခွဲစိတ်မှု က ဘာတွေကို လုပ်ပေးနိုင်သလဲ။

  • သွားကျဲတာတွေကို စိပေးနိုင်ပါတယ်။
  • သွားမညီတာတွေကို ညှိပေးနိုင်ပါတယ်။
  • သွားတွေကို တည့်မတ်စေပါတယ်။
  • ဘယ်လိုအခြေအနေမျိုးမှာ သွားနဲ့မေးရိုးခွဲစိတ်မှု လုပ်ဖို့ လိုမလဲ။

    သွားနဲ့မေးရိုးခွဲစိတ်မှုမှာ ဘာတွေကို အသုံးပြုပါသလဲ။

    အဓိက braces လို့ခေါ်တဲ့ သွားထိန်းနဲ့ အလားတူပစ္စည်းတွေကို အသုံးပြုကြပါတယ်။ ဒီထဲမှာမှ အမြဲတမ်း တပ်ထားရတဲ့ fixed appliances နဲ့ ယာယီပဲ ထပ်ရတဲ့ removable appliancesဆိုပြီး ရှိပါတယ်။

    • Fixed appliances

    Fixed appliances တွေကို အသုံးပြုတဲ့အခါ တိကျမှုက အရေးကြီးပါတယ်။  တပ်ထားချိန်မှာ ပုံမှန်အတိုင်း စားနိုင်သောက်နိုင်ပေမယ့် တချို့သောအစားအစာတွေ (ဥပမာ ကာဗွန်ပါတဲ့ အချိုရည်တွေ၊ မာတဲ့ အစားအစာတွေ၊ ပီကေနဲ့ ကပ်စေးတဲ့ အစားအစာတွေ) ကို ရှောင်ကြဉ်ရပါမယ်။

    တွန်းတွန်းတိုက်တိုက် အားကစားတွေ လုပ်နေတယ်။ သွားဖုံးကို ထိခိုက်နိုင်ခြေရှိတယ်ဆိုရင်တော့ သွားဖုံးအကာတွေ သုံးရပါမယ်။

    အသုံးများတဲ့ Fixed appliances တွေကတော့ သွားထိန်းတွေ၊ Fixed-space maintainers လို့ခေါ်တဲ့ ကလေးတွေ သွားကျိုးပြီးရင် တည့်တည့်လေး ပေါက်လာအောင် ထိန်းပေးတဲ့ အကူပစ္စည်းတွေ ပါပါတယ်။

    • Removable orthodontic appliances

    ဒီ appliances တွေကတော့ သာမန်ပြဿနာတွေဖြစ်တဲ့ လက်မစုပ်ရင် မစုပ်အောင် တပ်ထားရတာ၊ သွားစောင်းနေတာတွေကို ပြုပြင်တာ စတာတွေပဲ ဖြစ်ပါတယ်။

    ဒါတွေကို သွားတိုက်တာ၊ စားသောက်တာ၊ သွားပွတ်ကြိုးသုံးတာ စတဲ့အချိန်တွေမှာ ဖြုတ်ထားလို့ရပါတယ်။ တစ်ခါတလေ သွားဆရာဝန်တွေက စက်ဘီးစီးတဲ့အခါ၊ တူရိယာတွေ မှုတ်တဲ့အခါ ဖြုတ်ထားဖို့ အကြံပေးလေ့ရှိပါတယ်။

    Removable orthodontic appliances တွေထဲမှာ Alignersလိုမျိုး သွားထိန်းနဲ့ အလားတူပစ္စည်းတွေ၊ သွားကို နှုတ်ခမ်းနဲ့ ပါးတွေ မဖိမိအောင် ကာထားတဲ့ Lip and cheek bumpers လိုမျိုးတွေ ပါဝင်ပါတယ်။

    • Splints, or jaw repositioning appliances

    ဒါကတော့ မေးရိုးတွေမှာ တပ်ရတာပါ။ မေးရိုးကို ပုံမှန်အတိုင်း လှုပ်ရှားလို့ရအောင် ထိန်းပေးပါတယ်။ မေးရိုးလှုပ်ရှားတဲ့အခါ နာကျင်တာ၊ ကြွက်သားတွေ ပုံမှန်မလှုပ်ရှားနိုင်တဲ့အခါမျိုးမှာ သုံးကြပါတယ်။

    သွားနဲ့မေးရိုးခွဲစိတ်မှု လုပ်တဲ့အခါ သတိထားရမယ့် အချက်တွေ

    သွားနဲ့မေးရိုးခွဲစိတ်မှုတွေက အခါခပ်သိမ်း အောင်မြင်တာတော့ မဟုတ်ပါဘူး။ တစ်ခါတလေမှာ လိုချင်တဲ့ရလဒ်မျိုး မရတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အများစုက အောင်မြင်ပြီး အန္တရာယ်လည်း နည်းပါတယ်။ ဖြစ်နိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့

    • သွားပိုးစားတာ

    သွားထိန်းတပ်တဲ့အခါ တပ်ထားတဲ့နေရာကို သေချာ မသန့်ရှင်းတတ်ရင် သွားပိုးစားလာနိုင်ပါတယ်။ အထူးသဖြင့် အချိုစားတာများရင် ပိုဖြစ်တတ်ပါတယ်။

    • သွားအမြစ်တွေ ပျက်စီးတာ

    သွားကို သွားထိန်းတပ်တဲ့အခါ အောက်က အမြစ်တွေပါ အနည်းနဲ့အများ ထိခိုက်တတ်ပါတယ်။

    • သွားဖုံးထိခိုက်တာ

    ဒါကလည်း သွားထိန်းတွေကြောင့်ပဲ ဖြစ်တာပါ။ သွားထိန်းတပ်တဲ့သူ တချို့မှာ သွားဖုံးရောင်တာ၊ သွားဖုံးရောဂါတွေ ဖြစ်တာကို တွေ့ရပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 21/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement