backup og meta

သင့်သွားတိုက်နည်း မှန်ကန်ရဲ့လား

သင့်သွားတိုက်နည်း မှန်ကန်ရဲ့လား

သွားတိုက်ကြတယ်ဆိုတာ သွားတွေဖြူဖွေးစေဖို့နဲ့ ခံတွင်းနံ့ကောင်းဖို့အတွက်ပဲ မဟုတ်ပါဘူး။ သွားနဲ့ခံတွင်းထဲက အညစ်အကြေးတွေကိုဖယ်ရှားနိုင်မှ သွားပိုးပေါက်ဖြစ်တာ၊ သွားဖုံးရောဂါနဲ့တခြားဆိုးရွားတဲ့ရောဂါတွေကို ကာကွယ်နိုင်မှာပါ။ ဒီလိုအရေးကြီးမှန်းသိလို့ သွားမှန်မှန်တော့တိုက်ပါရဲ့။ သွားတိုက်နည်းကမှားနေပြီး တိုက်ချင်သလိုတိုက်နေရင် ကောင်းလာဖို့ထက် ပျက်စီးတဲ့ဘက်ကိုတောင် ရောက်သွားနိုင်တာလေး သတိထားဖို့လိုပါတယ်။

ဒါ့ကြောင့်မို့ သွားတိုက်တဲ့အခါ ကိုယ်ရဲ့လုပ်ပုံမှန်ကန်ရဲ့လားသိနိုင်ဖို့ အချက်တချို့ကို အကြံပြုပါရစေ။

သွားပွတ်တံကို ကောင်းတာပဲသုံးပါ

ဘရက်ရှ်မွေးနုပြီး အရည်အသွေးကောင်းတဲ့ သွားပွတ်တံကိုပဲရွေးချယ်ပါ။ တွေ့ရာ၊ ကြုံရာ သွားပွတ်တံကို အလွယ်မသုံးပါနဲ့။ သွားကြားတွေအထိ အညစ်အကြေး၊အကြွင်းအကျန်တွေနဲ့ သွားချေးတွေကို ထိရောက်စွာဖယ်ရှားနိုင်ရမယ်၊ သွားဖုံးတွေကိုမထိခိုက်စေရဘူး၊ သွားကြွေလွှာေတွပျက်စီးစေနိုင်တဲ့ဘရက်ရှ်မွေးတွေမဖြစ်ရဘူး၊ ကိုင်ရတာအဆင်ပြေတဲ့ သွားပွတ်တံလက်ကိုင်ဖြစ်ရမယ်၊ သွားပွတ်တံထိပ်က သွားတွေအားလုံးအထိ လွယ်လွယ်ကူကူသန့်စင်နိုင်လောက်တဲ့ ပုံသဏ္ဍာန်အရွယ်အစားဖြစ်ရမယ်။

သွားတိုက်ဆေးနည်းနည်းပဲသုံးပါ

သွားတစ်ခါတိုက်ရင် သွားတိုက်ဆေးကို မန်ကျည်းစေ့လောက်ပဲထည့်ပါ။ သွားတိုက်ဆေးများလွန်းရင် ဖလူအိုရိုက်ပါတဲ့သွားတိုက်ဆေးတွေ ဗိုက်ထဲပိုရောက်သွားနိုင်တော့ ကျန်းမာရေးအတွက်မကောင်းပါဘူး။

သွားပွတ်တံဘရက်ရှ်တွေကို သွားမှာ ၄၅ ဒီဂရီစောင်းပြီးတိုက်ပါ

သွားပွတ်တံကို ခပ်စောင်းစောင်းလေးထားပြီး ညင်ညင်သာသာ စက်ဝိုင်းပုံဝိုက်ပြီးတိုက်ပါ။ သွားကြားထဲက အညစ်အကြေးတွေပိုသန့်စင်ပါလိမ့်မယ်။ သွားတွေကို ကန့်လန့်ဖြတ် ဘေးတိုက် မတိုက်ပါနဲ့။

သွားတိုက်တာ နှစ်မိနစ်/သုံးမိနစ်လောက် အချိန်ပေးပါ။

သွားတိုက်တဲ့အခါ အပေါ်နဲ့အောက် တိုက်ပြီး စက်ဝိုင်းသဏ္ဍာန်တိုက်တဲ့အခါ ဘယ်ကနေ ညာ၊ ညာကနေ ဘယ်ကို တစ်ပိုင်းချင်း အချိန်ပေးပြီးတိုက်ပါ။ နှစ်မိနစ်/ သုံးမိနစ်ထက်တော့ ပိုမကြာပါစေနဲ့။

အံသွားတွေကိုလည်း တိုက်ပေးပါ

သွားတိုက်တဲ့အခါ အံသွားတွေကိုလည်းချန်မထားသင့်ပါဘူး။ အတွင်းထဲထိ သေချာတိုက်ပေးမှ အစားအစာအကြွင်းအကျန်တွေနဲ့ ဘက်တီးရီးယားတွေကိုဖယ်ရှားနိုင်မှာဖြစ်ပါတယ်။

သွားရဲ့အတွင်းဘက်ကိုလည်းတိုက်ပါ

သွားရဲ့အရှေ့ခြမ်းကိုတင်မကပဲ အတွင်းဘက်ခြမ်းကိုလည်း သေချာတိုက်ပေးသင့်ပါတယ်။ သွားတိုက်တဲ့အခါ အတော်များများ မေ့ကျန်တတ်တဲ့နေရာက ရှေ့သွားရဲ့အတွင်းပိုင်းဖြစ်တယ်လို့ ဆိုကြပါတယ်။

လျှာကိုလည်း ခပ်ဖွဖွတိုက်ပေးပါ

သွားတိုက်ပြီးတဲ့အခါ လျှုာကိုလည်း ညင်သာစွာတိုက်ပေးပါ။ ဒါ့ကြောင့်ပဲ နူးညံ့တဲ့သွားပွတ်တံကို သုံးသင့်တာဖြစ်ပါတယ်။ လျှာကိုသန့်စင်ပေးခြင်းအားဖြင့် ခံတွင်းနံ့ဆိုးကိုကာကွယ်ပေးပြီး ဘက်တီးရီးယားတွေကင်းစင်စေပါတယ်။

သွားပွတ်တံကိုလည်းဆေးပါ

သွားမတိုက်ခင်နဲ့ သွားတိုက်ပြီးချိန်မှာ သွားပွတ်တံကို ရေနဲ့လောင်းချပြီး ဆေးကြောသင့်ပါတယ်။ မဆေးဘဲကြာရင် နောက်တစ်ကြိမ်သုံးတဲ့အခါ ဘက်တီးရီးယားတွေကစောင့်ကြိုနေပါလိမ့်မယ်။ ဆေးကြောလိုက်တဲ့အခါ သွားပွတ်တံမှာကျန်နေတဲ့သွားတိုက်ဆေးလက်ကျန်တွေကိုဖယ်ရှားနိုင်ပါတယ်။ သွားတိုက်ဆေးတွေကပ်ကျန်တဲ့အခါ ခြောက်သွေ့သွားပြီး ဘက်တီးရီးယားတွေ ကပ်ငြိပေါက်ဖွားစေနိုင်ပါတယ်။

တစ်နေ့နှစ်ကြိမ်သွားတိုက်ဖို့ မမေ့ပါနဲ့

အနည်းဆုံးတစ်နေ့နှစ်ကြိမ်သွားတိုက်ဖို့ သွားဆရာဝန်တွေက အကြံပြုကြပါတယ်။ ဒါပေမယ့် ထမင်းစားချိန်တွေကြားမှာ သရေစာ တစွပ်စွပ်စားလွန်းတဲ့အခါ ခံတွင်းမှာအစားအစာအကြွင်းအကျန်နဲ့ဘက်တီးရီးယားပိုများစေလို့ သွားပျက်စီးနိုင်ပါတယ်။ သွားခဏခဏတိုက်ရင် မကောင်းတာကြောင့် ဒီလိုအစားတွေစားပြီးတဲ့အခါ ပလုပ်တော့ကျင်းပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.webmd.com/oral-health/guide/teeth-gum-care#1

Accessed Aug 17, 2018.

https://www.everydayhealth.com/dental-health/the-proper-way-to-brush-your-teeth.aspx

Accessed Aug 17, 2018.

https://www.wikihow.com/Brush-Your-Teeth#

Accessed Aug 17, 2018.

https://www.mouthhealthy.org/en/az-topics/b/brushing-your-teeth

Accessed Aug 17, 2018.

ယခုပုံစံ

26/09/2022

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဘယ်လိုအခြေအနေမျိုးမှာ သွားနဲ့မေးရိုးခွဲစိတ်မှု လုပ်ဖို့ လိုမလဲ။

သားသားမီးမီးတို့ရဲ့ သွားကျန်းမာရေး


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement